Benefits

မည်သူမဆို စာအုပ်စာပေဖတ်ရင်း အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ်

                                                                                                                                  Benefits

Unicode Version :
ဒီနေ့မှာ မည်သူမဆို စာအုပ်စာပေဖတ်ရင်း အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ် ဆိုတဲ့ အကြောင်းလေးမျှဝေပေးချင်ပါတယ်။
တချို့သော သူတွေကတော့ စာဖတ်တဲ့ အကျိုးကျေးဇူးမသိကြ။ နားမလည်ကြပါဘူး။ စာဖတ်ရတာ အချိန်ကုန်တယ်။ ပျင်းခြောက်ခြောက်ကြီး ငါတို့အတွေးအခေါ်တွေမှာ အသုံးမတဲ့ပါဘူး။ အချိန်ကုန်ပြီး အင်အားကုန်တာပဲ အဖတ်တင်တယ်လို့ ယူဆကြတယ်။
စာဖတ်တာကို ဝါသနာပါတဲ့သူတွေက စာအမြဲဖတ်တဲ့အတွက် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ Alzimer အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်တယ်။ အယ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်တွေ တွေးတောတဲ့ အမူအကျင့်တွေ မေ့လျော့ကုန်တဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီး လာရင် စာဖတ်တဲ့သူတွေအတွက် ဒီရောဂါက မဖြစ်နိုင်ဖူးပေါ့နော်။
စာအုပ်စာပေ ဖတ်တဲ့သူဟာ သူ့ရဲ့ဦးနှောက်ကို အလုပ်လုပ်စေတဲ့အတွက် TV ကြည့်တာ ရေဒီယိုနားထောင်တာတို့ထက်စာရင် စာဖတ်သူကို အထောက်အကူအများကြီး ရစေပါတယ်။
စာဖတ်တဲ့ အကျိုးကျေးဇူးက ကိုယ့်ရဲ့ဘဝ အစစ်အမှန်ကို ပြန်ရှာလို့ရတယ်။ နောက်ပြီး ကိုယ့်ဘဝရဲ့ အမျိုးမျိုးသော မြင်ကွင်းတွေကို မြင်တတ်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိဘတွေ မိမိရဲ့သားသမီးလေးတွေကို စာဖတ်ဖို့ အလေ့အကျင့်လုပ်ပေးရင် အံ့မခန်းနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ စာဖတ်တဲ့ ကလေးတယောက်ဟာ အပြင် လောကကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်လာတယ်။ စာအုပ်စာပေကနေ ဗဟုသုတတွေရတဲ့အတွက် သူတို့က စဉ်းစားတတ်လာတယ်။ သူတို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်သလို ဖြစ်သွားစေ ပါတယ်။ သူတို့လေးတွေ ဖတ်တဲ့စာအုပ်တွေထဲမှာ အကြောင်းအရာ အမျိုးမျိုးတွေက သူတို့ရဲ့ အနားမှာ ကမ္ဘာကြီးကပတ်ချာလည် ရှိနေသလို ခံစားရစေပါတယ်။ စာဖတ်တော့ ကလေးက စကား အသုံးအနှုန်းကြွယ်လာတယ်။ စကားပြောပါ တိုးတက်လာတယ်။ စာဖတ်တာများတဲ့ ကလေးတယောက်ဟာ မျှဝေခံစားတတ်တဲ့ သူတပါးကို စာနာတတ်တဲ့ စိတ်နေစိတ်ထားတွေ တဖြည်းဖြည်း ကြီးထွားတိုးတက်လာပါတော့တယ်။ ကလေးတယောက်ရဲ့ အတွေးထဲမှာလည်း ပြင်ပလောကကြီးကို ခန့်မှန်းတတ်လာတယ်။ နှိုင်းယှဉ်တတ်လာတယ်။ ဟာသစာပေကို ဖတ်ရင်လည်း ကလေးက ပျော်ရွှင်လာတယ်။ ဒါကြောင့်မို့ ကလေးငယ်လေးတွေအတွက် စာအုပ် စာပေဖတ်တာ အင်မတန် အရေးကြီးသလို အကျိုးကျေးဇူးတွေလည်း အများကြီးရပါတယ် ဆိုတာကို ပြောချင်ပါတယ်။
ကလေးငယ်လေးတွေမှ မဟုတ်ပါဘူး။ ကျောင်းသားလူငယ်တွေမှာဆိုရင်လည်း စာဖတ်တဲ့ ကျောင်းသားနဲ့ စာမဖတ်တဲ့ ကျောင်းသား၊ နှိုင်းယှဉ်လိုက်ရင် စာဖတ်တဲ့ ကျောင်းသားဟာ တဖတ်သား အရိပ်အကဲ နားလည်လွယ်တယ်။ စကားပြောလည်း တိုးတက်စေတယ်။ စာဖတ်လေ ကမ္ဘာကြီးရဲ့ အတွေးအခေါ်တွေ ဗဟုသုတတွေ တိုးတက်စေတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ် တွေပိုပြီး အသိကြွယ်လာတယ်။ အဲဒီတော့ အတန်းထဲမှာ တခြားကျောင်းသားတွေထက် အရေး အသား အသိပါတဲ့ ကျောင်းသား ဖြစ်လာပါလိမ့်မယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အိမ်ထောင်ဦးစီးတို့ အိမ်ထောင်ရှင်မတို့အရွယ်မှာ စာအုပ် စာပေဖတ်တဲ့ အိမ်ထောင်ရှင်တို့မှာ မိမိအိမ်ထောင်ကို နည်းလမ်းအသစ်တွေ နားလည်မှုအသစ်တွေ အချက်အလက်အသစ်တွေနဲ့ ဖြစ်လာတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာတယ်။
စာဖတ်တဲ့အတွက် မိမိကိုယ်မိမိ ကွဲပြားခြားနားစွာ နားလည်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာဖတ်တဲ့အတွက် အတွေအခေါ်ကို ပွင့်စေပြီး ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းတွေကို လက်ခံ နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝရဲ့ အပြုသဘောဆောင်တဲ့ ကဏ္ဍတွေကို သဘောပေါက်နားလည်အောင် ပြုပြင်ပေးတယ်။ ကမ္ဘာကြီးကိုလည်းပိုပြီးတော့ နားလည်လာတယ်။ စာဖတ်တဲ့သူဟာ အခြားသူထက် ပိုပြီး စမတ် smart ဖြစ်တယ်လို့ ဆိုရပါမယ်။
အိမ်ထောင်ရှင်တွေ စာအုပ်စာပေဖတ်တဲ့အတွက် မိမိအိမ်ထောင်ကို ထိန်းသိမ်းနိုင်မဲ့ နည်းလမ်းအသစ်တွေ၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အတွေးအမြင်မှာ ပေါ်လာစေပါတယ်။ မိမိအိမ်ထောင်ရဲ့အလှည့်အပြောင်းတွေကို လက်ခံ နိုင်အောင် စာဖတ်တာက ကူညီပေးပါတယ်။ မိမိဘဝအတွက် ကွဲပြားခြားနားတဲ့ အပြုသဘော ဆောင်တဲ့ ကဏ္ဍတွေကို နားလည်တတ်အောင် ပြုပြင်သင်ပေးသလို ဖြစ်စေပါတယ်။ လောကကြီးကို ပိုပြီး နားလည်စေပါတယ်။
စာဖတ်တာက စိတ်ဖိစည်းမှုကို လျော့ကျစေတယ်။ ဦးနှောက်ကို relax ဖြစ်စေတဲ့ အကောင်းဆုံးနည်းလို့ဆိုရင် မမှားပါဘူး။ အပြုသဘောဆောင်တဲ့ အတွေးတွေကိုလည်း အားပေး ပါတယ်။
မိမိရဲ့ ဦးနှောက်ကို ကျန်းမာစေတယ်။ သန်မာစေတယ်။ သင့်လျော်စေတယ်။
ဒါကြောင့်မို့ ကလေး၊ လူငယ်၊ လူကြီးတို့ ဘဝတစ်သက်တာအတွက် အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ စာဖတ်ခြင်းပါ။ ဒီလိုအကြောင်းတွေကြောင့် နေ့စဉ်အလေ့အကျင့်တခုကို မပြုသင့်ဘူးလား။ ခန္ဓာကိုယ်ကျန်းမာဖို့လိုသလို ဦးနှောက်အတွက်လည်း ကျန်းမာဖို့ မလိုဘူးလား။
ဘဝရဲ့ ကဏ္ဍတိုင်းမှာ အရေးကြီးလှတဲ့အတွက် ခန္ဓာကိုယ်အတွက် ကျန်းမာအောင် ဂရုစိုက်ကြသလို ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

                                                                                                                                   Benefits

Zawgyi Version:

ဒီေန႔မွာ မည္သူမဆုိ စာအုပ္စာေပဖတ္ရင္း အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရႏုိင္ပါတယ္ ဆုိတဲ့ အေၾကာင္းေလးမွ်ေဝေပးခ်င္ပါတယ္။

တခ်ိဳ႕ေသာ သူေတြကေတာ့ စာဖတ္တဲ့ အက်ိဳးေက်းဇူးမသိၾက။ နားမလည္ၾကပါဘူး။ စာဖတ္ရတာ အခ်ိန္ကုန္တယ္။ ပ်င္းေျခာက္ေျခာက္ႀကီး ငါတုိ႔အေတြးအေခၚေတြမွာ အသံုးမတဲ့ပါဘူး။ အခ်ိန္ကုန္ၿပီး အင္အားကုန္တာပဲ အဖတ္တင္တယ္လို႔ ယူဆၾကတယ္။

စာဖတ္တာကို ဝါသနာပါတဲ့သူေတြက စာအၿမဲဖတ္တဲ့အတြက္ အသက္ႀကီးလာရင္ ျဖစ္တတ္တဲ့ Alzimer အယ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးႏိုင္တယ္။ အယ္ဇိုင္းမားေရာဂါဆုိတာက မွတ္ဥာဏ္ေတြ ေတြးေတာတဲ့ အမူအက်င့္ေတြ ေမ့ေလ်ာ့ကုန္တဲ့ ေရာဂါျဖစ္ပါတယ္။ အသက္ႀကီး လာရင္ စာဖတ္တဲ့သူေတြအတြက္ ဒီေရာဂါက မျဖစ္ႏိုင္ဖူးေပါ့ေနာ္။

စာအုပ္စာေပ ဖတ္တဲ့သူဟာ သူ႔ရဲ႕ဦးေႏွာက္ကို အလုပ္လုပ္ေစတဲ့အတြက္ TV ၾကည့္တာ ေရဒီယိုနားေထာင္တာတုိ႔ထက္စာရင္ စာဖတ္သူကို အေထာက္အကူအမ်ားႀကီး ရေစပါတယ္။

စာဖတ္တဲ့ အက်ိဳးေက်းဇူးက ကိုယ့္ရဲ႕ဘဝ အစစ္အမွန္ကို ျပန္ရွာလို႔ရတယ္။ ေနာက္ၿပီး ကိုယ့္ဘဝရဲ႕ အမ်ိဳးမ်ိဳးေသာ ျမင္ကြင္းေတြကို ျမင္တတ္လာတယ္လို႔ ဆုိပါတယ္။

ဒါေၾကာင့္ မိဘေတြ မိမိရဲ႕သားသမီးေလးေတြကို စာဖတ္ဖို႔ အေလ့အက်င့္လုပ္ေပးရင္ အံ့မခန္းႏုိင္တဲ့ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရပါတယ္။ စာဖတ္တဲ့ ကေလးတေယာက္ဟာ အျပင္ ေလာကႀကီးကို က်ယ္က်ယ္ျပန္႔ျပန္႔ ျမင္လာတယ္။ စာအုပ္စာေပကေန ဗဟုသုတေတြရတဲ့အတြက္ သူတုိ႔က စဥ္းစားတတ္လာတယ္။ သူတုိ႔ရဲ႕ ဦးေႏွာက္ကို ေလ့က်င့္ခန္းလုပ္သလို ျဖစ္သြားေစ ပါတယ္။ သူတုိ႔ေလးေတြ ဖတ္တဲ့စာအုပ္ေတြထဲမွာ အေၾကာင္းအရာ အမ်ိဳးမ်ိဳးေတြက သူတုိ႔ရဲ႕ အနားမွာ ကမၻာႀကီးကပတ္ခ်ာလည္ ရွိေနသလို ခံစားရေစပါတယ္။ စာဖတ္ေတာ့ ကေလးက စကား အသံုးအႏႈန္းၾကြယ္လာတယ္။ စကားေျပာပါ တိုးတက္လာတယ္။ စာဖတ္တာမ်ားတဲ့ ကေလးတေယာက္ဟာ မွ်ေဝခံစားတတ္တဲ့ သူတပါးကို စာနာတတ္တဲ့ စိတ္ေနစိတ္ထားေတြ တျဖည္းျဖည္း ႀကီးထြားတိုးတက္လာပါေတာ့တယ္။ ကေလးတေယာက္ရဲ႕ အေတြးထဲမွာလည္း ျပင္ပေလာကႀကီးကို ခန္႔မွန္းတတ္လာတယ္။ ႏိႈင္းယွဥ္တတ္လာတယ္။ ဟာသစာေပကို ဖတ္ရင္လည္း ကေလးက ေပ်ာ္ရႊင္လာတယ္။ ဒါေၾကာင့္မို႔ ကေလးငယ္ေလးေတြအတြက္ စာအုပ္ စာေပဖတ္တာ အင္မတန္ အေရးႀကီးသလို အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရပါတယ္ ဆုိတာကို ေျပာခ်င္ပါတယ္။

ကေလးငယ္ေလးေတြမွ မဟုတ္ပါဘူး။ ေက်ာင္းသားလူငယ္ေတြမွာဆုိရင္လည္း စာဖတ္တဲ့ ေက်ာင္းသားနဲ႔ စာမဖတ္တဲ့ ေက်ာင္းသား၊ ႏိႈင္းယွဥ္လိုက္ရင္ စာဖတ္တဲ့ ေက်ာင္းသားဟာ တဖတ္သား အရိပ္အကဲ နားလည္လြယ္တယ္။ စကားေျပာလည္း တုိးတက္ေစတယ္။ စာဖတ္ေလ ကမၻာႀကီးရဲ႕ အေတြးအေခၚေတြ ဗဟုသုတေတြ တိုးတက္ေစတယ္။ စကားလံုးေတြရဲ႕ အဓိပၸာယ္ ေတြပိုၿပီး အသိၾကြယ္လာတယ္။ အဲဒီေတာ့ အတန္းထဲမွာ တျခားေက်ာင္းသားေတြထက္ အေရး အသား အသိပါတဲ့ ေက်ာင္းသား ျဖစ္လာပါလိမ့္မယ္။

ဒီလိုနဲ႔ အရြယ္ေရာက္လာတဲ့ အိမ္ေထာင္ဦးစီးတုိ႔ အိမ္ေထာင္ရွင္မတုိ႔အရြယ္မွာ စာအုပ္ စာေပဖတ္တဲ့ အိမ္ေထာင္ရွင္တုိ႔မွာ မိမိအိမ္ေထာင္ကို နည္းလမ္းအသစ္ေတြ နားလည္မႈအသစ္ေတြ အခ်က္အလက္အသစ္ေတြနဲ႔ ျဖစ္လာတဲ့အေျခအေနေတြကို ကိုင္တြယ္ေျဖရွင္းႏုိင္လာတယ္။

စာဖတ္တဲ့အတြက္ မိမိကိုယ္မိမိ ကြဲျပားျခားနားစြာ နားလည္လာတယ္။ ဘာျဖစ္လို႔လဲ ဆုိေတာ့ စာဖတ္တဲ့အတြက္ အေတြအေခၚကို ပြင့္ေစၿပီး ကိုယ့္ဘဝရဲ႕ အလွည့္အေျပာင္းေတြကို လက္ခံ ႏိုင္ေအာင္ ကူညီေပးပါတယ္။ ဒါ့အျပင္ ကိုယ့္ဘဝရဲ႕ အျပဳသေဘာေဆာင္တဲ့ က႑ေတြကို သေဘာေပါက္နားလည္ေအာင္ ျပဳျပင္ေပးတယ္။ ကမၻာႀကီးကိုလည္းပိုၿပီးေတာ့ နားလည္လာတယ္။ စာဖတ္တဲ့သူဟာ အျခားသူထက္ ပိုၿပီး စမတ္ smart ျဖစ္တယ္လို႔ ဆုိရပါမယ္။

အိမ္ေထာင္ရွင္ေတြ စာအုပ္စာေပဖတ္တဲ့အတြက္ မိမိအိမ္ေထာင္ကို ထိန္းသိမ္းႏိုင္မဲ့ နည္းလမ္းအသစ္ေတြ၊ ျဖစ္ေပၚလာတဲ့ အေျခအေနေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းရမယ္ဆုိတာ အေတြးအျမင္မွာ ေပၚလာေစပါတယ္။ မိမိအိမ္ေထာင္ရဲ႕အလွည့္အေျပာင္းေတြကို လက္ခံ ႏိုင္ေအာင္ စာဖတ္တာက ကူညီေပးပါတယ္။ မိမိဘဝအတြက္ ကြဲျပားျခားနားတဲ့ အျပဳသေဘာ ေဆာင္တဲ့ က႑ေတြကို နားလည္တတ္ေအာင္ ျပဳျပင္သင္ေပးသလို ျဖစ္ေစပါတယ္။ ေလာကႀကီးကို ပိုၿပီး နားလည္ေစပါတယ္။

စာဖတ္တာက စိတ္ဖိစည္းမႈကို ေလ်ာ့က်ေစတယ္။ ဦးေႏွာက္ကို relax ျဖစ္ေစတဲ့ အေကာင္းဆံုးနည္းလို႔ဆုိရင္ မမွားပါဘူး။ အျပဳသေဘာေဆာင္တဲ့ အေတြးေတြကိုလည္း အားေပး ပါတယ္။

မိမိရဲ႕ ဦးေႏွာက္ကို က်န္းမာေစတယ္။ သန္မာေစတယ္။ သင့္ေလ်ာ္ေစတယ္။

ဒါေၾကာင့္မုိ႔ ကေလး၊ လူငယ္၊ လူႀကီးတို႔ ဘဝတစ္သက္တာအတြက္ အင္မတန္ အေရးႀကီးတဲ့ တန္ဖိုးရွိတဲ့ စာဖတ္ျခင္းပါ။ ဒီလိုအေၾကာင္းေတြေၾကာင့္ ေန႔စဥ္အေလ့အက်င့္တခုကို မျပဳသင့္ဘူးလား။ ခႏၶာကိုယ္က်န္းမာဖို႔လိုသလုိ ဦးေႏွာက္အတြက္လည္း က်န္းမာဖို႔ မလိုဘူးလား။

ဘဝရဲ႕ က႑တိုင္းမွာ အေရးႀကီးလွတဲ့အတြက္ ခႏၶာကိုယ္အတြက္ က်န္းမာေအာင္ ဂ႐ုစိုက္ၾကသလို ဦးေႏွာက္က်န္းမာေရးအတြက္ အေရးႀကီးလွပါတယ္ဆုိတာ တင္ျပရင္း နိဂံုးခ်ဳပ္ပါတယ္။

Add new comment

11 + 7 =

Please wait while the page is loading

Benefits | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.