“အချိန်၏တန်ဖိုး”

အားလုံးဘဲမင်္ဂလာပါ

 အာဗီအေ-မြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့

အကြောင်းအရာလေးရဲ့ခေါင်းစဥ်က“အချိန်၏တန်ဖိုး”ဆိုတဲ့ခေါင်းစဥ်နဲ့‌‌တင်ဆက်

‌ပေသွားမှာဖြစ်ပါတယ်ရှင်။t

မိတ်ဆွေများရှင်-   ငွေရှိရင်အရာအားလုံးပြည့်စုံတယ်လိုထင်တက်ကြတယ်။အရာအားလုံးဝယ်ယူနိုင်တယ်၊

ဖြည့်ဆည်းပေးနိုင်တယ်လိုယူဆကြပါတယ်။ဒါကတော့ကျွန်မတို့လူသားတွေရဲခံယူချက်ဖြစ်သလို၊အများလက်ခံနိုင်တဲ့အချက်ဖြစ်‌မဲ့အမှန်တရားတစ်ခုတော့မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာဝယ်လိုမရတဲ့အရာတွေထဲမှာအချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးကျန်းမာခြင်းဆိုတာဝယ်ယူလို့မရသလို၊သေခြင်းတရားကိုလည်းဝယ်ယူလိုမရပါဘူး။ဥပမာပြောရမယ်ဆိုရင်

လူတစ်ယောက်ဟာငွေကြေးအလွန်ချမ်းသာတဲ့သူဖြစ်ပင့်မဲ့လည်းမကျန်းမမာဖြစ်လာရင်တော့ငွေကုန်ကြေးကျခံပြီးဆေးကုလိုတော့ရပါတယ်။ဒါပေမဲ့ ကျန်းမာခြင်းဆိုတဲ့အရာကိုတော့ဝယ်ယူလိုတော့မရပါဘူး။ထို့နည်းတူ-သေခြင်းတရားကိုလည်းငွေနဲ့ဝယ်ပြီးနောက်ကျမှာသေပါရစေဆိုပြီးဝယ်ယူထားလိုမရပါဘူး။ကျွန်မတို့ရဲ့အတိတ်ကာလကုန်ဆုံးသွားတဲ့အချိန်တွေကိုလည်းငွေနဲ့ဝယ်ယူလိုမရ

တော့ပါဘူး။အချိန်ဆိုတာကုန်သွားရင်ပြန်မရတော့တဲ့အရာ၊၊တောင်းလိုလည်းမရ၊ဝယ်လိုလည်းမရတဲ့၊ဘယ်လိုမှာပြန်မရတော့တဲ့အရာဖြစ်လို့မိတ်ဆွေတို့လည်း အချိန်ကိုအကျိုးရှိစွာအသုံးပြုပါ။ပေါ့ပေါ့ဆဆမနေဘဲအကျိုးရှိရှိအသုံးပြုလိုက်မယ်ဆို

ရင်အချိန်ဖြုန်းရမရောက်တော့ဘူးပေါ့။ကျွန်မတို့တတွေတခါတခါသိရက်နဲ့မိုက်ရူးရဲဆန်ကြတယ်။တချို့တွေအချိန်ကိုဖြုန်းတီးနေတာတောင်ဖြုန်းတီးနေမှန်မသိသူတွေလည်းရှိကြပါတယ်။ဘာကြောင်းလဲဆိုရင်သူတို့ဟာအချိန်၏တန်ဖိုးကိုမသိသေးလိုဖြစ်ပါတယ်။

ဥပမာအားဖြင့်-လူတစ်ဦးဟာသူပိုင်ဆိုင်တဲ့ကားကိုရောင်းပြီးအချိန်တွေကိုဝယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကိုငွေနဲ့ဝယ်လိုမရခဲ့ပါဘူး။နောက်ဆုံးမှာအချိန်ရဲ့တန်ဖိုးကိုသူသိပြီးနောင်တရခဲ့ရတယ်။အချိန်ရဲ့တန်ဖိုးကိုသိတာနောက်ကျခဲ့ပါတယ်လိုပြောသွားခဲ့ပါတယ်။

မိတ်ဆွေများရှင်- မိတ်ဆွေတို့ရဲ့ဘဝမှာလဲအချိန်တွေကိုတန်ဖိုးထားနိုင်အောင်ကြိုးစားကြပါ။လောကမှာ

အချိန်ဆိုတာအလကားရတာပါကွာလိုသဘောမထားကြဘဲ၊အကျိုးရှိရှိအသုံးချနိုင်ကြပါစေ။တကယ်တော့အချိန်တွေပိုနေတယ်ဆိုတာ၊အသုံးမချတက်လိုပါ။ဒီလိုအသုံးမချလေ၊ပို၍ပျင်းလာလေလေပါ။နောက်ဆုံးမှာလူပိုတစ်ယောက်ဖြစ်လာမှာဘဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းအကျိုးရှိသောနေ့ရက်တွေမှာအချိန်ကိုအကောင်းဆုံးအသုံးချနိုင်ကြပါစေလို့၊အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်သောလူငယ်များကိုတိုက်တွန်းအားပေးရင်ဆုမွန်တောင်းပေးလိုက်ပါတယ်။ဒီတစ်ပတ်အစီအစဉ်လေးကိုဒီလောက်နဲ့ရပ်နားပါရစေ။နားဆင်

ကြည့်ရှုသူအားလုံးကျန်းမာရွှင်လန်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒိမ်ပါရှင်။

     

 

 

Add new comment

8 + 1 =