“လူငယ်နှင့်အလုပ်”

အားလုံးမင်္ဂလာပါရှင့်

အာဗီအေ-မြန်မာဘာသာအစီစဉ်ကနေတဖန်ကြိုဆိုပါတယ်။ ။ဒီနေ့တင်ဆက်ပေးမဲ့ခေါင်းစဉ်လေးကတော့ “လူငယ်နှင့်အလုပ်”ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မစစတာရ်မေရီမှတင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။

လူငယ်များရှင်           လူငယ်တွေအနေနဲ့အလုပ်ပေါ်မှာထားရှိသင့်တဲ့စိတ်ဓာတ်နှင့်ခံယူချက်အကြောင်းအရာလေးကို အနည်းငယ်ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။လူငယ်များအနေနဲ့လုပ်ဆောင်နေတဲ့အလုပ်-ထမ်းဆောင်နေရတဲ့တာဝန်စသည့်တို့ကိုနိမ့်တယ်၊မြင့်တယ်ဆိုတာမရှိပါဘူး။မိမိလုပ်နေတဲ့အလုပ်ကမွန်မြတ်သောအလုပ်ဖြစ်ဖို့နှင့်အလုပ်ကိုတန်ဖိုးထားလုပ်တက်သူဖြစ်ဖို့ကအရေးကြီးတာပါ။တချို့လူငယ်တွေအလုပ်ကောင်းကောင်းရကြတယ်၊ဝင်ငွေကောင်းတဲ့မလုပ်တွေရကြတယ်၊ရာထုူးကြီးတွေရကြတယ်၊နေရာကောင်းတွေရကြတယ်။ဒါပင့်မဲ့မိမိလုပ်နေတဲ့အလုပ်ကိုဘယ်လိုစိတ်ထာနဲ့ဘယ်လိုခံယူချက်နဲ့လုပ်ရမယ်ဆိုတာတချို့လူငယ်တွေမသိကြဘူး။အဲလိုမသိလိုဘဲငွေကြောင့်အလုပ်တွေခဏခဏပြောင်းနေရတဲ့လူငယ်တွေရှိပါတယ်။အလုပ်ကောင်းပေမဲ့အကောင်းလုပ်ဖို့လိုပါတယ်။ဒီအလုပ်ဟာအလုပ်ဖြစ်ပင်မဲ့အပြစ်မဖြစ်ဖို့လည်းလိုတယ်။မိမိလုပ်တဲ့အလုပ်ရဲ့ရလဒ်ဟာဘာဖြစ်သွားမလဲ၊ဘာဖြစ်လားမလဲဆိုတာသိဖို့လဲလိုပါတယ်နော်။တစ်ဘဝအတွက်အလုပ်လုပ်တာလား၊ထာဝရအတွက်အလုပ်လုပ်တာလား။                    မိတ်ဆွေလူငယ်များရှင့်   ဒီပုံပြင်လေးကိုကြားဖူးကြမယ်လိုထင်ပါတယ်။လူတစ်ယောက်ကအုတ်စီပန်းရံသမားကို မေးလိုက်တဲ့မေးခွန်းလေပါ။မင်းတို့ဘာလုပ်နေကြတာလဲ။     ပထမပန်းရံသမားက အုတ်စီပန်းရံလုပ်နေတာပါလိုဖြေလိုက်ပါတယ်။ဒုတိယပန်းရံသမားက တစ်နာရီကို ကိုးဒေါ်လာ

ခွဲနဲ့အလုပ်လုပ်နေတာပါလိုပြန်ဖြေလိုက်ပါတယ်။တတိယ     ပန်းရံသမားက   ကျွန်တော်အခုကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးအခန်းနားဆုံးပြတိုက်ကြီးကိုဆောက်နေပါတယ်လိုပြန်ပြောလိုက်ပါတယ်။ပန်းရံသမားသုံးယောက်ထဲက                ဘယ်တစ်ယောက်ကအလုပ်ကိုခံယူ

ချက်၊သဘောထား၊မျှော်လင့်ချက်တွေနဲ့လုပ်တဲ့သူဖြစ်မလဲ။ပထမပန်းရံသမားနဲ့ဒုတိယပန်းရံသမားဟာသူတို့ရဲ့ဘဝကိုအုတ်စီပန်းရံကိုင်ဘဝနဲ့နေသွားကြမယ်လိုထင်ပါတယ်။ဘာဖြစ်လိုလဲဆိုရင်

သူတို့လုပ်တဲ့အလုပ်ပေါ်မှာအမြော်အမြင်မရှိကြဘူး၊အလုပ်ကိုတန်ဖိုးထားလေးစားမှုမရှိကြဘူး။ပိုက်ဆံရဖို့သက်သက်ပဲအလုပ်လုပ်နေလိုပါဘဲ။ဒါကြောင့်သူတို့ဘဝဟာဒီထက်တိုးတက်ဖို့လမ်းမမြင်ပါဘူးလိုသုံးသပ်မိပါတယ်။

ချစ်သောလူငယ်များရှင့်

ပုုံပြင်ထဲကပန်းရံသမား(၂)ယောက်လို ဘဲအလုပ်မှာ မိမိတို့ရဲ့ဘဝကို အုတ်စီပန်းရံဘဝနဲပဲဆက်

သွားမှာလား၊ပန်းရံသမား (၂) ဦးက အလုပ်ကိုသာလုပ်နေတာ ငွေရဖို့တခုအတွက်ဘဲ လုပ်နေတာ။

ကိုယ်မှာရှိတဲ့အရည်အချင်းတွေလုပ်နိုင်စွမ်းအားတွေမိမိတို့ရဲ့ဘဝတိုးတက်အောင် –ပန်းရံသမားဘဝကနေကန်ထရိုက်ဖြစ်အောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့ ခံယူချက်မရှိကြလို။

တတိယပန်းရံသမားကျတော့ပန်းရံသမားဘဝနဲ့တစ်သက်လုံးနေသွားရမှာမဟုတ်ဘူးလိုယုံကြည်တယ်။ဘာ

ကြောင့်လဲသူအလုပ်ပေါ်မှာထားတဲ့ခံယူချက်စိတ်ထားဟာမြင့်မားနေတယ်။တစ်နေ့သူဟာကန်ထရိုက်တာ၊ဒါမှာမဟုတ်ဗိသုကာတစ်ယောက်ဖြစ်လာနိုင်ပါတယ်လိုရဲရဲကြီးမျှော်လင့်မိပါတယ်။ဒီလိုဘဲလူငယ်တွေတဦးစီမှာလည်းအလုပ်ပေါ်ထားရှိတဲ့ခံယူချက်ခြင်းမတူညီပါဘူး။မိမိအလုပ်ပေါ်ခံယူချက်ခြင်းတူလဲရန်သူတွေဖြစ်သွားနိုင်တယ်။အလုပ်ရဲ့တာဝန်ကြီးကြီးကိုယူချင်းတဲ့သူနဲ့မယူချင်သူလဲကွာခြားပါသေးတယ်။

  လူငယ်မောင်မယ်များရှင့်

       လူငယ်များအနေနဲ့  မိမိချစ်တဲ့အလုပ်ကိုလုပ်ခြင်းနှင့်မိမိလုပ်သောအလုပ်ကိုချစ်ခြင်းဖြင့် လုပ်မယ်ဆိုရင်လုပ်ငန်းစွမ်းဆောင်ရည်နှင့်အတူတိုးတက်မြင့်မားမှုကိုလည်းပိုင်ဆိုင်ရရှိလာမှာပါ။

ငွေပေးတဲ့အလုပ်နဲ့ပညာပေးတဲ့အလုပ်ဘယ်အလုပ်ကမိမိဘဝအတွက်ရေရှည်အကျိုးကိုပေးသလဲဆိုတာရွေး

ချယ်တက်ဖို့လိုပါတယ်။ဒါပြင်အလုပ်ကိုခံယူချက်မှန်ကန်စွာနဲ့လုပ်ဖို့လိုပါတယ်။

တစ်ကိုယ်ကောင်းစိတ်၊မာနလိုစိတ်တွေနဲ့မလုပ်ကြပါနဲ့။မိမိလုပ်တဲ့လုပ်ဆောင်ချက်တိုင်းမှာစေ

တနာတွေ၊ဂရုစိုက်မှုတွေ၊ချစ်ခြင်းတွေ၊မှန်ကန်ခြင်းတွေပါရမယ်။အထက်အကြီးအကဲနဲ့ဘဲဖြစ်ဖြစ်၊လုပ်ဖော်ကိုင်ဘက်အချင်းချင်းနဲ့ဘဲဖြစ်ဖြစ်ဖော်ရွေပျူဌါစွာဆက်ဆံဖို့လိုပါတယ်။ဒါပြင်ရိုသား

ဖြောင့်မတ်ခြင်းတွေနောက်ဆုံးပြန်လည်စစ်ဆေးခြင်းတွေနဲ့တနေ့တာအလုပ်ပေါ်မှာတန်ဖိုးထား

စိတ်ဝင်းစာမှုဖြင့်အဆုံးသတ်စေခြင်းပါတယ်။ဒါမှမိမိဟာအလုပ်အပေါ်မှာတန်ဖိုးထားလေးစားတက်သူဖြစ်လာမှာပါ။အလုပ်တစ်ခုကျွမ်းကျင်လာတဲ့အခါဘယ်လိုပိုကောင်းအောင်လုပ်ရမယ့်ဆိုတဲ့ခံယူချက်နဲ့ဆက်လက်လုပ်

ဆောင်ပါ။အလုပ်ပေါ်မှာတခါတခါခက်ခဲတယ်လိုထင်နေတက်ပါတယ်။ဘာကြောင့်လဲဆိုရင် မိမိလုပ်ဆောင်မဲ့အလုပ်ပေါ်မှာလုံလောက်တဲ့အားစိုက်မှုနဲ့သင်ယူ

လေ့လာမှုမရှိသေးလိုဖြစ်တက်ပါတယ်။ယုံကြည်ချက်ထားပါ။ခံယူချက်ထားပါ။အလုပ်ဟာလုပ်

ရင်နဲ့ကိုယ်ကိုပြန်သင်ပေးပါတယ်ဆိုတာယုံကြည်ပါ။အလုပ်ဟာလူရဲ့စွမ်းအားတွေဖြစ်လာသလို

လူကိုလည်းအဓိပ္ပါယ်ရှိစေပါတယ်။စိတ်ကိုလည်းရင့်ကျက်စေပါတယ်။ဝင်ငွေလည်းရတဲ့အပြင်

တိုးတက်မှုကိုလည်းဖြစ်စေပါတယ်။မိမိရဲ့ဘဝကိုလည်းရှင်သန်စေပါတယ်။အလုပ်မှာရရှိတဲ့အ

ကျိုးကျေးဇူးပညာ-ဗဟုသုတ ကြွယ်ဝခြင်းတွေဟာမိမိရှင်သန်နေသ၍ထပ်ခါထပ်ခါအသုံးပြု

နိုင်ပါတယ်ဆိုတဲ့အကြောင်းလူငယ်များသိစေခြင်းပါတယ်။   လူတစ်ယောက်ဟာ အလုပ်ကို

လက်နဲ့ဘဲလုပ်သူဟာ-အလုပ်သမား၊ လူတစ်ယောက်ဟာလက်နဲ့ဦးနှောက်နဲ့နှစ်ခုလုံးကိုအသုံး

ချပြီးလုပ်တဲ့သူဟာပညာရှင်ဖြစ်ပါတယ်။အလုပ်တစ်ခုကိုလက်နဲ့ဦးနှောက်နဲ့နှလုံးသားနဲ့တွဲပြီးလုပ်

တက်တဲ့ပုဂ္ဂိုလ်ဟာ-အနုပညာရှင်ကြီးဖြစ်လာခဲ့ပါတယ်။

       လူငယ်များအားလုံး-မိမိလုပ်နေတဲ့ဘယ်အလုပ်ဘဲဖြစ်နေနေခံယူချက်စိတ်ထားများဖြင့်အကောင်းဆုံးရှင်သန်လုပ်

ဆောင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ကြည့်ရှုနားဆင်သူအ

အပေါင်းစိတ်၏ရွှင်လန်းခြင်းကာယ၏ကျန်းမာခြင်းနှင့်ပြည့်ဝကြပါစေ။အားလုံးကိုကျေးဇူးတင်ပါ

တယ်ရှင်။

 

 

 

 

Add new comment

2 + 10 =