အိမ်ထောင်တစ်ခုကို ထူထောင်ပြီးသွားတဲ့ အမျိုးသား/ခင်ပွန်းတစ်ယောက်က သူ့ရဲ့ ဘဝမှာ ဘယ်သူ့ကို ပထမဦးစားပေးရမလဲ၊ မိခင်လား၊ ဇနီးလား

First

          ဒီနေ့မှာ အိမ်ထောင်တစ်ခုကို ထူထောင်ပြီးသွားတဲ့ အမျိုးသား/ခင်ပွန်းတစ်ယောက်က သူ့ရဲ့ ဘဝမှာ ဘယ်သူ့ကို ပထမဦးစားပေးရမလဲ၊ မိခင်လား၊ ဇနီးလား ဒီအကြောင်းအရာကို message ပေးချင်ပါတယ်။

          အခုနားဆင်နေတဲ့ ပုရိသ အမျိုးသားတို့ကော၊ ဘယ်သူ့ကို ဦးစားပေးမလဲ? မိခင်လား? ဇနီးလား?

          ဟုတ်ပါတယ်။ ဒီအမျိုးသားက ကိုယ့်ဇနီးကိုယ့်မယားကိုလည်းချစ်ရမှာပဲ၊ အမေ့ကိုလည်း ချစ်ရမှာပဲ။ ကိုယ့်ညီအစ်ကိုမောင်နှစ်မကိုလည်း ချစ်ရမှာပဲ အဖေ့ကိုလည်း ချစ်ရမှာပဲ။      

          ပထမနေရာ ဦးစားပေးကတော့ မိမိကိုးကွယ်ယုံကြည်ရာ ဘုရားကို ဦးစားပေးရမှာ အမှန်ပါပဲ ပြီးတော့မှ သား ဇနီး၊ မယား  သားသမီး စသဖြင့် ချစ်သွားရမှာ လောကနိယာမ တရားအတိုင်းပါပဲ။

          ခရစ်ယာန်သမ္မာကျန်းစာမှာ ဘုရားရှင်က အိမ်ထောင်ရှင်ခင်ပွန်းတွေကို အခုလိုမှာခဲ့ပါတယ်။ ယောက်ျားလေးတွေက အိမ်ထောင်ကျသွားလို့ မိဘဆီကနေ ခွဲထွက်ခွာသွားတဲ့အခါမှာ ရုန်းကန်ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေက သူ့သားကို မွေးစကနေ  ယနေ့လက်ထပ်လိုက်တဲ့ အချိန်အထိ သူ့သားရဲ့ လိုအပ်တာတွေကို လိုလေသေးမရှိ နှစ်ပေါင်းများစွာ လုပ်ပေးခဲ့တယ်။ အမေက အဲ့ဒီလို လုပ်ပေးတော့ သားကလည်း ကျေနပ်တယ်။ အမေကလည်း လုပ်ပေးရလို ပီတိဖြစ်ကြတယ်။ အခု ခင်ပွန်းဖြစ်မယ့်သူက အိမ်ထောင်မကျခင်ထိ မိခင်ဆီကနေ သူလိုအပ်တာတွေ အကုန်ရခဲ့တယ်။

          အခုသူက အိမ်ထောင်တစ်ခုထူထောင်လိုက်ပြီး သူချစ်တဲ့သူနဲ့ သူ့ဇနီးက သူ့အမေလောက် သူလိုအပ်တာတွေကို အစုံအလင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ သူ့မခင်ပွန်းရဲ့ လိုအပ်ချက်တွေကို သူ့မိခင်လောက် သိအုံးမှာ မဟုတ်သေးဘူး။ မိခင်နဲ့ ဇနီးမယားကြား နှိုင်းယှဉ်ရင်း ဇနီးရဲ့ လိုအပ်ချက် တွေကို မြင်နေမှာ အမှန်ပဲ။

          သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း ၂ : ၂၄ မှာ  ထိုသူတို့သည် တသားတည်း တကိုယ်တည်း ဖြစ်ရလိမ့်မည် ဟု ပါရှိပါတယ်။ ယေရှုက အခုလို တိတိကျကျ ရှင်မာတေဦ .. ၁၉: ၄-၆မှာ မိန့်မှာထားပါ သေးတယ်။ ကိုယ်တော်ကလည်း အစဦး၌ လူကို ဖန်ဆင်းသော အရှင်သည် ယောက်ျားနှင့် မိန်းမအဖြစ်  ဖန်ဆင်းတော်မူ၏ ဟုဆိုထားသည်ကို သင်တို့ မဖတ်ဖူးကြသလော၊ ဤအကြောင်းကြောင့် ယောက်ျား သည် မိမိ၏  မိခင်ကို စွန့်ခွာ၍ မိမိ၏ ဇနီးနှင့် ပေါင်းသင်းနေထိုင်ရလိမ့်မည်။ ထိုအခါ ထိုသူနှစ်ဦးတို့ သည် တသားတည်း တစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည် ဟု မိန့်ဆိုထားပါတယ်။

          ဒါကြောင့် လက်ထပ်ပြီးသွားတဲ့ ဒီသားယောက်ျားက ဖခင်နဲ့ မိခင်ဆီကနေ စွန့်ခွာပြီး မိမိ၏ ဇနီးနဲ့ တစ်စည်းတစ်လုံးထဲရှိနေရတော့မှာပါ။

          အဲ့ဒီတော့ ပထမဦးစားပေးက ကိုးကွယ်ယုံကြည်ရာဘုရားပြီးရင်၊ ဒုတိယဦးစားပေးက ဇနီး မယားပဲ ဖြစ်ရပါမယ်။ သူတို့က နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားပါပြီ။

          ဒီအိမ်ထောင်ရှင်ခင်ပွန်းက သူ့မိဘနဲ့ တိုင်ပင်နှီးနှောနိုင်တယ်။ အကြံဉာဏ်တောင်းလို့ရတယ်။

          သမ္မာကျန်းစာ ဧဖတ်ဆုသြဝါဒစာ ၆:၂ မှာ သင်တို့၏ မိဘမှားတို့အား ရိုသေခြင်းကိုပြုလော့။

          ဒါကြောင့် မိဘတို့ကို အရိုအသေပေးရမယ်။ တသွေမတိမ်းနာခံနေရမှာ မဟုတ်ပါဘူး Honour နဲ့ obey က ကွာခြားပါတယ်။

          တဖြည်းဖြည်းနဲ့ အသက်အရွယ်ကြီးလာမဲ့ မိဘတွေကို မိမိက take care လုပ်ပေးရမယ်။ ensuring ကျန်းမာရေးစိတ်ဓာတ်ဆိုင်ရာတို့ကို ခွန်အားတွေရှိအောင် လုပ်ပေးရပါမယ်။

          အိမ်ထောင်ရှင် ခင်ပွန်းဖြစ်သွားပြီဆိုတော့ မိဘရဲ့ authority သြဇာအာဏာ အောက်မှာ  မရှိတော့ဘူး။ မိမိအိမ်ထောင်အတွက် မိမိက သြဇာအာဏာရှိတဲံသူဖြစ်သွားပြီ၊ ဇနီးက မိမိရဲ့ သြဇာ အာဏာ အောက်မှာ ရောက်ရှိသွားပြီ။

          အခုဆိုရင် ဒီသားက မိဘနှစ်ပါးဆီကနေ ခွဲထွက်လာခဲ့ပြီး အခုမိမိဇနီးနဲ့အတူ တွေ့ကြုံလာရမဲ့ အရာအားလုံးလို အတူတကွ ဆုံးဖြတ်ချက် ချရတော့မယ်။

          မိဘတွေဆီလည်း သွားပြီး ၀င်ရောက်စွတ်ဖတ်မနေရတော့ဘူး မိဘတွေထဲကနေ ခွဲထွက်လာခဲ့ ပြီ၊ မိမိအိမ်ထောင်အတွက် မိဘဆီကနေ အကြံဉာဏ်တောင်းလို့ရတယ်။ မိဘတွေကလည်း သူတို့ရဲ့ အကြံအစည်တွေကို ပေးမှာပဲ၊

          ဒီလိုပါပဲ ဒီခင်ပွန်းက ဇနီးမယားဆီကနေလည်း အကြံဉာဏ်တွေ တောင်းလို့ရတာပါပဲ။

          အခုဆိုရင် ဘဝလက်တွဲဖော်က မိမိရဲ့ ဇနီးမယားမိမိချစ်တဲ့ လက်တွဲဖော်က မိမိရဲ့ ဇနီး မိဘ သဖွယ် လက်တွဲဖော်ကလည်း မိမိရဲ့ ဇနီးမယား မိဘတွေနဲ့ အတူရှိမနေတော့တဲ့ ဘဝတသက်စာ အတွက် ဇနီးမောင်နှံဖြစ်သွားပြီ။

          ဒါကြောင့်မို့ မိမိကိုးကွယ်ယုံကြည်ရာ ဘုရှားပြီးရင်တော့ ပထမ ဦးစားပေးကတော့ ဇနီးမယား ပါပဲဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါရစေ။

          နားဆင်နေတဲ့ ပရိတ်သတ်ကြီးလည်း ဒီအကြောင်းအရာကို နားဆင်ပြီးရင် Comment ပေးပါအုံးလို့ ပြောချင်ပါတယ်။

Add new comment

8 + 0 =