အမျိုးသားနဲ့ အမျိုးသမီးတို့ အတွက် မူလအခြေခံ စိတ်နေစိတ်ထားကအစ အရာအားလုံးမှာ ကွာခြားချက်တွေ ရှိပါတယ်

Real Differences

            ဒီနေ့မှာ relationship တစ်ခုကို တည်ဆောက်တော့မယ်ဆိုတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ အတွက် မူလအခြေခံ စိတ်နေစိတ်ထားကအစ အရာအားလုံးမှာ ကွာခြားချက်တွေ ရှိပါတယ်ဆိုတဲ့ အကြောင်း သိစေဖို့ sharing ပေးသွားချင်ပါတယ်။

            ဘာဖြစ်လို့ တကယ့် အစစ်အမှန် ကွဲပြားခြားနားသကဲ့ဆိုတော့  အမျိုးသားတွေက Mars ကို ခေါ်တဲ့ အင်္ဂါဂြိုလ်နဲ့ အမျိုးသမီးတွေက Venus လို့ခေါ်တဲ့ သောကြာဂြိုလ်ကနေ ဆင်းသက်လာတာ လို့ ရှေးနက္ခတ္တဗေဒပညာရှင်တွေက ဆိုထားပါတယ်။ ကွဲပြားခြားနားတဲ့ ဂြိုလ်ကနေ ဆင်းသက် လာကြတဲ့ ကျားနဲ့မတို့ ပေါင်းစပ်ကြတာပါပဲ။

            ဒီတော့က gender ကျား/မ တို့က ကြိုးစားပြီး အပြန်အလှန် နားလည်မှုတွေနဲ့ စိတ်ခံစား ချက်ရဲ့ လိုအပ်ချက်တွေကို အထူးဂရုပြုပြီး focus လုပ်ရတော့မှာပါ။

            အခုလို မတူကွဲပြားခြားနားတဲ့ nature ပင်ကိုယ် အရည်အသွေးတွေ ရှိကြတယ်ဆိုတာကို သိထားရင် အမျိုးသားဆီက/ အမျိုးသမီးဆီက ကိုယ်စီ လိုအပ်ချက်တွေကို နားလည်ပေးနိုင်မှာ ဖြစ်ပြီး၊ အပြန်အလှန်ရလာမယ့် (ဝါ) ပေးလာမယ့် ရလဒ်တွေကိုလည်း မျှော်လင့်ချက်တွေ အများကြီး ထားလာတော့မှာ မဟုတ်တော့ဘူးပေါ့။ partner တွေက အဲဒီလို သိထားရင် ရန်ဖြစ်တာတို့ စကားများတာတို့ အထိုက်အလျောက်လျော့သွားမယ် ထင်ပါတယ်။

            relationship မှာ ပွင့်လင်းမှုတွေရှိမှ လိုရင်းတိုရှင်းတွေနဲ့ အချင်းချင်း ဆက်နွယ်မှုမရှိခဲ့ရင် နှစ်ဦးကြား ဆက်သွယ်မှုက ဟာသွားတဲ့အတွက် တဘက်သတ်ကြီး ဖြစ်သွားပါလိမ့်မယ်။ ဒီဆက်နွယ် မှုက ဆက်ပြီး ရှင်သန်ဦးမှာလားလို့ တွေးလာနိုင်ပါတယ်။

            ဒါကြောင့် အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ စိတ်ခံစားချက်လေးတွေကို လေ့လာသူတွေရဲ့ ပြောပြချက်အရ

            အမျိုးသားတွေရဲ့ စိတ်ခံစားချက်က အမျိုးသမီးတွေလောက် စံနှုန်းထား ဦးစားပေးတာတွေ မရှိတဲ့ သဘာဝရှိတယ်။ ဥပမာ- အမျိုးသားတွေ့ သူတို့ရဲ့ အရည်အသွေးကို အမျိုးသမီးတွေ အသိ အမှတ် ပြုစေချင်တယ်။ တန်ဖိုးထားစေချင်တယ်။ သူတို့ကို အထင်အမြင်သေးတာ၊ လစ်လျူရှုတာ မနှစ်သက်ဘူး။

            အမျိုးသမီးကကျတော့ သူ့ရဲ့စိတ်ခံစားချက်ကို တန်ဖိုးထား အသိအမှတ်ပြုစေချင်ပြီး ဒါတွေကို လစ်လျူရှုတာ မသိသလိုနေတာတွေ မကြိုက်ဘူး။

            အမျိုးသားတွေက သူတို့ကြုံလာတဲ့ ပြဿနာကို ဘယ်သူ့ကိုမှ မတောင်းဆိုဘဲ ကိုယ်ပိုင် ကိုယ့်သဘောနဲ့ကိုယ် ဖြေရှင်းတယ်။

            အမျိုးသမီးသဘာဝက သူတို့ကို အတူတိုင်ပင်ပြီး လက်ထောက်တစ်ယောက်လို တန်ဖိုးထား ဆွေးနွေးပြီး ပြဿနာကို အတူဖြေရှင်းချင်တဲ့ဆန္ဒရှိကြတယ်။

            အမျိုးသားကတော့ သူ့ရဲ့ကိုယ်ပိုင်လုံ့လဝီရိယနဲ့ ဖြေရှင်းလိုက်တာကို ဇနီးသည်ဆီက တန်ဖိုး ထားတာကို ရချင်တယ်။ ဒီတော့ အချင်းချင်း မကျေနပ်ချက်တွေရှိလာနိုင်ပါတယ်။ စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ စစ်ပွဲတစ်ခုကို စစ်မြေပြင်တစ်ခုလိုဖြစ်သွားတတ်ပါတယ်။ စုံတွဲအချင်းချင်း ဆက်သွယ်မှုနည်း လမ်းက အင်မတန်မှ ကြီးမားတဲ့ ခြေလှမ်းဖြစ်တယ်ဆိုတာ အလေးအနက် ထားရမှာပါ။

            နောက်ပြီး အကြောင်းအရာတစ်ခု ဆွေးနွေးမယ်ဆိုရင် ကွဲပြားတဲ့ နည်းလမ်းတွေ၊ အတွေး တွေနဲ့ မိမိရဲ့ စိတ်ခံစားချက်တွေနဲ့ ပေါင်းပြီး ဆွေးနွေးကြတယ်။ အမျိုးသားတွေကကျတော့ စည်းကမ်းတကျ တိတိကျကျ သူ့အတွေးနဲ့သူ ချင့်ချိန်ပြီး ရွေးထုတ်ပြောဆိုတတ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတွေက သူတို့တွေးထားတာကို မကျေနပ်ချက်နဲ့ ပေါင်းပြီး ပြောတတ်ကြတဲ့ အတွက် အဲဒီလို ကွာခြားချက်တွေက ရှိပါတယ်။

            ပုထုစဉ်တိုင်းကတော့ ကိုယ့်အနားမှာ တစ်ယောက်ကတော့ လိုအပ်တာ အမှန်ပါပဲ။ အချင်းချင်း sharing လုပ်ရတာကို ကြေကြေနပ်နပ် လက်ခံကြတယ်။

            အမျိုးသားတွေရဲ့ ပင်ကိုယ်ပကတိစိတ်က မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်တာပါ။ အမျိုး သမီးတွေကျတော့ ပင်ကိုယ်စိတ်က အခြေခံ လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်ကြတယ်။

ပရိသတ်ကြီးရှင့်

လက်တွဲဖော်အချင်းချင်း စောင့်ရှောက်ကြမယ်။ လိုအပ်ချက်တွေကို တတ်နိုင်သမျှ တွေးပြီး ဖြည့်ဆည်းပေးမယ်။ ကိုယ့်ရဲ့ အမူအကျင့်တွေကို adjust ပြင်ဆင်ညှိယူကြမယ်။ give and take ပေါ့ ကွယ်။ အပေးအယူတွေ လုပ်ယူမယ်။ negative feeling  တွေ ပေါ်လာတဲ့ခါမှာ ရုတ်တရက် စိတ် အခန့် မသင့် upset ဖြစ်သွားခဲ့ရင် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတေါနဲ့ဆိုရင် ငြင်းဆိုစရာမရှိလောက် တော့ပါဘူး။ ဖြည်းဖြည်းချင်း ပြောင်းလဲကြမယ်ဆိုရင် ရင့်ကျက်လာတဲ့ relationship ဖြစ်လာပြီး ပိုပိုပြီး ခိုင်မြဲလာမှာပါ။

each relationship provides a less လို့ ဆိုပါတယ်။

relationship တိုင်းမှာ သင်ခန်းစာတွ များများရလေ ပို၍ပို၍ နားလည်ပေးနိုင်လာလေ ဖြစ်ပြီး ဒီလိုကွာခြားချက်တွေကြားကနေ အချင်းချင်း ကြည်လင်ပြတ်သားတဲ့ ထောက်ပံ့မှုတွေနဲ့ ရင့်ကျက်တဲ့ ခိုင်မြဲတဲ့ ဆက်နွယ်မှုတွေ ရနိုင်ပါစေလို့ ရည်ရွယ်ရင်း ဒီစာကို နိဂုံးချုပ်ပါတယ်။

Add new comment

9 + 8 =