သားငယ်၊ သမီးငယ်လေးတို့ ကိုအိမ်မှာ game လို့ခေါ်တဲ့ ကစားပြိုင်ပွဲတွေဖန်တီးပေးပါ

Games

          ဒီနေ့မှာ မိဘနဲ့ သားငယ်၊ သမီးငယ်လေးတို့ အိမ်မှာ Game လို့ခေါ်တဲ့ ကစားပြိုင်ပွဲလေး တွေနဲ့ ကစားကြရင်း နောင်တချိန်မှာ ဆင်ခြင်တတ်တဲ့ သိမြင်နားလည်တတ်တဲ့ adult အရွယ် ရောက်လာတဲ့ သူတစ်ယောက်ဖြစ်လာဖို့ တည်ဆောက်ပေးကြရအောင်ပါဆိုတဲ့ အကြောင်းမျှဝေ ပေးသွားချင်ပါတယ်။

          ဒါကလည်း မိဘ (သို့) မိခင်အတွက် အခုလို ကြီးပြင်းလာဖို့ ကြီးမားတဲ့လေးနက်တဲ့ ရင်းနှီး မြှုပ်နှံမှုတစ်ခုဆိုရင် မမှားပါဘူး။

          နောင်အနာဂတ်မှာ မိမိသားသမီးက သိတတ်နားလည်တဲ့သူ မိမိကိုယ်မိမိ ထိန်းချုပ်တတ် တဲ့သူ အရာရာကို တန်ဖိုးထား သတ်မှတ်တတ်တဲ့သူ မိမိကိုယ်တိုင်အပြင် အခြားသူတွေကိုပါ အသုံးချ ပြုမူတတ်တဲ့ adult တစ်ယောက်အဖြစ် ရပ်တည်တတ်လာပြီး တန်ဘိုးရှိတဲ့ ဘဝကို တည်ဆောက် သွားနိုင်ဖို့ မိဘ (သို့) မိခင်ရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

          အဲ့ဒီလိုကြီးပြင်းလာရင် ဒီကလေးငယ်လေးရဲ့ ပညာရေးအောင်မြင်မှုရလဒ်ကောင်းပြီး EQ, IQ မှာပါတအောင်မြင်မှုရလဒ်ရတဲ့သူတစ်ယောက်ဖြစ်လာမှာပါ။

          အခုလိုနားလည် သိရှိလာရတဲ့အတွက် adult ဘဝမှာ စိတ်သောကဖြစ်တာတွေ ရည်ရွယ်ချက်မယ့်တာတွေ မရှိတော့ပဲ မိမိဘဝကို မိမိကိုယ်တိုင် manage စီမံခန့်ခွဲလုပ်တတ်သူသွား ပါတယ်။

          အဲ့ဒီလို စိတ်ခံစားချက် သိမြင်၊ ဆင်ခြင်တတ်တဲ့ အခြေခံသွင်ပြင် ပုံသဏ္ဍာန်တွေဖြစ်လာဖို့ ဘယ်လိုဖွံ့ဖြိုးအောင်တည်ဆောက်ပေးမလဲ?

          ဒီလိုဖွံ့ဖြိုးဖို့ ကေျာင်းသင်ခန်းစာ TV တို့ကနေ မသင်ပေးပါဘူး၊ အကောင်းဆုံးနည်းက game ကစားတာကနေ တဆင့် မိဘဆီက သင်ပေးတာပဲဖြစ်ပါတယ်။

          ကလေးငယ်တွေရဲ့ ရင်ထဲ၊ အသည်းထဲ၊ ဦးနှောက်ထဲ၊ ခန္ဓာကိုယ်ထဲမှာ ကစားတာကဖြင့် သူတို့ရဲ့ အင်အားအားလုံးကို discharge လုပ်လိုက်တဲ့ သဘောဖြစ်သွားပါတယ်။ ကလေးငယ်လေး တွေရဲ့ ခန္ဓာကိုယ်ထဲမှာ energy အင်အားတွေကရှိနေလို့ပါပဲ၊ ဖခင်နဲ့ သားသမီး၊ မိခင်နဲ့ သားသမီး ကစားပေးတာဟာ ချစ်ခင်တွယ်တာမှုကို ချည်နှောင်သလို စိတ်ခံစားချက်ကိုလည်း တဆင့်ပြီး တဆင့် တိုးတက်လာစေပါတယ်။

          ဥပမာ-ကလေးငယ်လေးကို ကျောင်းသွားတဲ့ပုံစံ ကစားနည်းဆိုပါစို့၊ ကျောင်းသွားရင်ယူသွား ရမဲ့ ပစ္စည်းတွေ ကိုယ်တိုင်ယူပြီးသွားရမယ်ဆိုတာတွေ သင်ပေးရင်းကစားရင်းက powerful one ခွန်အားတွေကိုရစေတယ်၊ ကျောင်းသွားရမဲ့ အတွေ့အကြုံကို ငယ်ပေမယ့် မိမိကိုယ်မိမိ dependent  တစ်ဦးတစ်ယောက်ကို အားကိုးရမယ်ဆိုတဲ့  မှီခိုမှုတွေကင်းအောင် စတင်သင်ပေးရမှာပါ။

          ကလေးကို ရယ်မောစေမယ်ဆိုရင် stress hormone ကိုလျှော့ချသလိုဖြစ်စေပြီး အင်ဒိုဖင်နဲ့ အောက်စီရီစင်ဆိုတဲ့ ခံစားချက်ကောင်းတဲ့ ဟော်မုန်းတွေထွက်လာပါတယ်။ မိဘနဲ့ သားသမီးပိုပြီး connected ဆက်နွယ်မှုတွေ ပိုရလာစေပါတယ်။ ခွန်အားတွေပိုရတယ်။ ပိုပျော်စေတယ်။ မိဘနဲ့ သားသမီးမိခင်နဲ့ သားသမီးနှစ်ယောက်စလုံး ကစားတဲ့အတွက် အထူးအဓိပ္ပါယ်ပြည့်စုံတဲ့ အပြု သဘောဆောင်တဲ့ ကစားခြင်းကို ဖြစ်စေတဲ့အပြင် relationship ကိုလည်း ခိုင်မြဲစေပါတယ်။

          ဥပမာ-ကလေးငယ်လေးနဲ့ တူတူပုန်းတမ်းကစားကြရင် အချိန်နဲနဲဆွဲပြီး ပုန်းတဲ့အခါ ကလေး ရဲ့ ခံစားချက်မှာ မရရအောင် ရှာရတဲ့အတွက် power တွေတက်လာတယ်။ နည်းနည်းဒေါသထွက် စေမယ်။ သူ့ရဲ့ စိတ်ခံစားချက်တွေကို နှိုးဆွပေးတဲ့သဘော သူ့ကို လိုက်ရှာစေတဲ့အတွက် သူကိုယ်တိုင် ဦးဆောင်ရစေတယ်။ in change လုပ်စေတဲ့ သဘောတွေဖြစ်စေပါတယ်။

          ဖခင်နဲ့အတူ ခေါင်းအုံးရိုက်ကစားကြတာ လက်သီးထိုး၊ လက်ဝှေ့ထိုးကြတာတွေက စုပေါင်း ကစားခြင်းရဲ့ အကျိုးရစေပါတယ်။

          တစ်ခါတစ်လေကျ သူတို့ကို ရယ်စေအောင် လုပ်ပေးတာကလည်း ကလေးငယ်လေးကို မကြောက်အောင်လုပ်ပေးတဲ့သဘောပိုပြီးရယ်လေ သူတို့ကို ပိုပြီးရဲရင့်အောင်လုပ်သလိုဖြစ်စေပါ တယ်။ EQ ကိုတည်ဆောက်ပေးတာပဲဖြစ်ပါတယ်။

          ခုန်ပေါက်ပြေးလွှားဆော့ကစားစေတာ၊ ပုံပြင်စာအုပ်ကိုဖတ်ပြတာ၊ တစ်ခါတစ်လေ လူနာနဲ့ ဆရာဝန်လုပ်တမ်းကစားပေးတာတို့က ကလေးရဲ့ စိတ်ခံစားချက်ကို ပိုပြီးထိန်းချုပ်တတ်လာတယ်။ နှိမ့်ချတ်လာစေတယ်။

          ဒါကြောင့်မို့ game ကစားတာက ကလေးငယ်လေးရဲ့ E.Q ကိုမြှင့်တင်ပေးတာအပြင် မိဘရဲ့ မိခင်ရဲ့ စိတ်ခံစားချက်ကို မျှဝေခံစားတတ်လာစေတယ်။ အထူးသဖြင့် ကြောက်ရွံ့မှုတွေ ဒေါသ ဖြစ်မှုတွေကို တစ်ပါတည်းခံစားရတဲ့အတွက် ခံစားချက်တွေအကြီးကြီးဖြစ်သွားပြီး EQ ကို တည်ဆောက်ပေးလိုက်သလိုဖြစ်စေတာပါ၊ နည်းမှန်စေတယ်၊ စနစ်တကျဖြစ်စေတယ် ဆိုတာကို မျှဝေပေးရင်း နိဂုံးချုပ်ပါသည်။

 

 

EQ                 =  Emotional Quotient

IQ                  =  Intelligent Quotient

အင်ဒိုဖင်          =  Indophie

အောက်စီရီစင်   =  Oxyetocin

Add new comment

5 + 8 =