သားငယ်သမီးငယ်များ ကိုယ်ရည်ကိုယ်သွေးတွေ မြင့်အောင် မိဘတွေက ဘယ်လိုတည်ဆောက်ပေး ရမလဲ

Child Identity

          ဒီနေ့မှာ အင်မတန်မှ ငယ်ရွယ်သေးတဲ့ သားငယ်သမီးငယ်လေးတွေကို ကိုယ်ရည်ကိုယ်သွေး တွေမြင့်အောင် မိဘတွေက ဘယ်လိုတည်ဆောက်ပေးမလဲဆိုတဲ့အကြောင်း  message လေးပေးချင် ပါတယ်။

          မိဘတွေအနေနဲ့ အခွင့်အလမ်းရှိမယ်ဆိုရင် ကလေးငယ်ရဲ့ဘဝအစမှာ Home ဆိုတဲ့ မိသားစု နေတဲ့ အိမ်ကနေ ကိုယ်ရည်ကိုယ်သွေးတွေကို အကောင်းဆုံးပုံဖော်နိုင်ပါတယ်။

          မိဘတွေအနေနဲ့ သိထားမယ်ဆိုရင် ကလေးငယ်ရဲ့ အစဦးဆုံးဘဝမှာ ကိုယ်ရည်ကိုယ်သွေး တွေကို မြှင့်ပေးခဲ့မယ်ဆိုရင်ကလေးက သူတွေ့ကြုံရတဲ့ သူ့ပတ်ဝန်းကျင်မှာ သူ့ကိုယ်သူကာကွယ် တတ်ပြီး၊ အကောင်းမြင်ဝါဒတွေနဲ့အာရုံခံစားမှု အသိတရားတွေနဲ့ သူ့ဘဝကို ပျော်ရွှင်စွာ တည်ဆောက်တတ်သွားတော့မှာဖြစ်ပါတယ်။

          ကွဲပြားခြားနားတဲ့ မိသားစုတွေနေတဲ့ အိမ်ပေါင်းများစွာကနေ ကိုယ့်မိသားစုနဲ့ကိုယ် ကြီးပြင်း လာကြတဲ့အခါမှာ ကလေးတစ်ယောက်ကို လူအများကို ချစ်တတ်အောင်၊ လူအများကို လက်ခံတတ် အောင် သင်ပေးတာဟာ မိမိသားသမီးရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တာနဲ့ အတူတူပါပဲ။

          မိဘတွေဆိုတာ သားသမီးကို အုပ်ချုပ်စီမံရတဲ့သူတွေဖြစ်တဲ့အတွက် အင်မတန် ငယ်သေးတဲ့ အရွယ်မှာ သားသမီးတစ်ယောက်ရဲ့ အခြေခံဘဝတံခါးတွေ ဖွင့်ထားတဲ့အချိန်မှာ သူတို့ရဲ့ နှလုံးသားထဲ  ဦးနှောက်ထဲကို အခြေခံကိုယ်ရည်ကိုယ်သွေးတွေကို သွတ်သွင်းလို့ရနိုင်တဲ့ အကောင်းဆုံး အချိန်အခါ ပဲဖြစ်ပါတယ်။ အဲ့ဒီလိုမှ မလုပ်ခဲ့ရင် အခြေခံမှာကတည်းက ကွက်လပ်ဖြစ်သွားပြီး blank ဖြစ်သွားပြီ၊ ကလေးရဲ့ ဦးနှောက်တံခါးက ဖွင့်ထားပါလျှက်နှင့် မသင်ပေးခဲ့ရင် သူမြင်တွေ့နေရတဲ့ သူ့ပတ်ဝန်းကျင် က တစ်ယောက်ယောက်ရဲ့ ပုံစံမျိုး သူ့နှလုံးသားထဲ၊ သူ့ဦးနှောက်ထဲ  script ရေးသလို မှတ်ထား လိုက်ပြီ ဒါကြောင့် မိဘဆိုတာ သားသမီးတစ်ယောက် ငယ်ရွယ်သေးတဲ့အချိန်မှာ ကိုယ်ရည် ကိုယ်သွေးတွေ ပုံဖော်ပေးနိုင်ဖို့ အရေးကြီးတဲ့ အချိန်ဆိုရင် မမှားပါဘူး။

          မိသားစုဘဝထဲကို ရောက်လာပြီဆိုကတည်းက သားသမိးကို ကလေးကဘယ်သူလဲ? ကလေးပတ်ဝန်းကျင်က ဘယ်သူတွေလဲ? အဲ့ဒီလိုသင်ပေးမယ်ဆိုရင် အောင်မြင်ပြီး အကြံအစည် ကောင်းတွေ အကောင်းမြင်တဲ့ဘက်ကို ရှုမြင်တတ်မယ်။ တင်းတိမ်ကျေနပ်တဲ့ စိတ်ခံစားချက်တွေ ရှိလာမယ်။ သူ့ဘဝကို သူဘာသာ လျှောက်လှမ်းသွားတတ်တော့မှာပါ။

          ဒါပေမယ့် တချို့မိဘတွေက မိမိကိုယ်တိုင်က မိမိကဘယ်သူလဲလို့ မသိခဲ့ရင်တော့ ဒါက ယုတ္တိရှိလှတဲ့ အရေးကြီးဆုံးသော လူတိုင်းအတွက် သင်ခန်းစာဖြစ်ပါတယ်။ Key for happiness ဆိုရင် မှားမယ် မထင်ပါဘူး၊ ဒီလိုအခြေခံရှိမှ  တခြားသော သင်္ခန်းစာတွေကို ထပ်ပြီး ပေါင်းလာလို့ ရမှာပါ။ မိဘကိုယ်တိုင်ကတော့ ရွေးရမှာပါ။  ဒီလိုသင်ပေးမှာလား၊ မသင်ပေးဘူးလား၊ မသင်ပေးခဲ့ ရင်တော့ မိမိသားသမီးက သူတွေ့ကြုံရတဲ့ ပတ်ဝန်းကျင်မှာ သူ့စိတ်တွေဝေသွားမယ်၊ စိတ်ရှုပ်ထွေး သွားမယ်၊ မပျော်မရွှင်ဖြစ်သွားပါလိမ့်မယ်။

          ဒါဆိုရင် မိဘအနေနဲ့ သားသမီးကို ဘယ်လိုခံယူချက်များတွေနဲ့ ကျွေးမွေးသုတ်သင်ပြီး ကိုယ်ရည်ကိုယ်သွေးကို ဒီမိသားစုအိမ် home ကနေမြှင့်တင်ပေးမှာလဲ?

          Family roler မိသားစုဘဝမှာ ပါဝင်တဲ့ အခန်းကဏ္ဍအိမ်တိုင်းမှာရှိပါတယ်။ သားသမီးက မိဘပြောတာကို မလုပ်ဖူး(ဝါ) ဂရုမစိုက်ဖူး(ဝါ)နားမထောင်ဖူးဆိုရင် နောင်တချိန် သားသမီးပြုလုပ် ကမဲ့ ပြဿနာကို မိဘအနေနဲ့ ဖြေရှင်းနိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဘယ်လိုပုံစံမျိုးနဲ့ သားသမီး နားလည်သဘောပေါက်အောင် ကြိုးစားလုပ်ဆောင်မှာလဲ။

          သူတို့လေးတွေ Baby ဘဝမှာ ကတည်းက သူတို့ဦးနှောက်လေးတွေ ပွင့်နေတဲ့အချိန်မှာ စကားတွေပြောရင်း သင်ပေးရမှာပါ။ အမေ့ရဲ့အခန်းကဏ္ဍ၊ အဖေရဲကအခန်းကဏ္ဍတွေ ပြောပြပေး ရမှာပါ။ အမေဆိုတာက သင်ပေးရတဲ့သူ ကျွေးမွေးသုတ်သင်ပေးရတဲ့သူ၊ အဖေဆိုတာက ရုပ်ပိုင်း ဆိုင်ရာစောင့်ရှောက်ပေးတဲ့သူ ဝိညာဉ်ရေးဆိုင်ဘာသာတရား ကိုင်းရှိုင်းဖို့ လူသားချင်းပေါင်းသင်း ဆက်ဆံရေးတွေကို လုပ်ဆောင်ပေးတဲ့သူဆိုတာ သိလာအောင် ပြောပြပေးရပါ့မယ်။

          နောက်ပြီး သားသမီးတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ပြောပြရမှာပါ။ သူတို့က သင်ယူသူ learner တွေဖြစ်ပြီး မိဘတွကတော့ teacher သင်ပေးသူတွေပဲဆိုတာတွေကို ပြောပြပေးထားရအုံး မှာပါ။

          တကယ်လို့များ မိဘမကြိုက်တဲ့အရာတွေကို သားသမီးကလုပ်လာခဲ့ရင် မိမိသားသမီးအခုလို ဖြစ်လာတာ သူပေါင်းသင်းနေတဲ့ အပေါင်းအသင်းက ဘယ်သူတွေလဲ မိမိသားသမီးက ဘယ်သူ့ပုံစံ မျိုး အတုယူပြီး မိဘကို ကလန်ကဆန်လုပ်နေတာလဲ စုံစမ်းကြည့်ပြီးရင် ဒီလိုအပေါင်းအသင်းနဲ့ ဝေးအောင်လုပ်ရတော့မယ် ဒီလိုမှ မလုပ်ရင် သားသမီးက သူဖြစ်ချင်တဲ့ ပုံစံဖြစ်သွားတော့မှာပါ။

          သားသမီးတစ်ယောက်ဟာ ပေါင်းသင်းဆက်ဆံရေးတိုးတက်ဖို့ သေချာပေါက် လိုအပ်ပါတယ်။ မိမိသားသမီးကို ငယ်စဉ်မှာကတည်းက ကိုယ်ရည်ကိုယ်သွေးတွေ သင်ပေးထားခဲ့ရင် သန်စွမ်းတဲ့ အပင်ရဲ့ အမြစ်လိုဘဲ စွဲနေပြီး ဒီသားသမီးက ထက်မြတ်တဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ မိမိဘာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချတတ်ပြီး သူ့ဦးနှောက်အတွေးထဲမှာ

          ‘‘ငါ့ကိုယ်ငါ  - ငါက ဘယ်လိုလူလဲ

           ငါ့အတွက် - အမှန်တရားကို ငါနားလည်ပြီသား

           ငါ့ပတ်ဝန်းကျင်မှာ ငါဘယ်လိုပြုမူဆက်ဆံရမယ်ဆိုတာ သိပြီသား’’

          ဒီတော့ မိမိနဲ့ အတွေးအခေါ် မတူဘဲ သူတွေရှိနေရင်လည်း သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကို အရိုအသေပေးရင် တစ်ချို့ကို နှစ်သက်ပေမဲ့ တချို့ကိုတော့ မနှစ်သက်တဲ့အတွက် လက်မခံပဲ  ဆုံးဖြတ်တတ်လာပါတယ်။    

          ကိုယ်ရည်ကိုယ်သွေးဆိုတာ အများသူငှာကြားမှာ မိမိက ဘယ်လိုအတွေးအခေါ်ရှိတဲ့သူလဲ ဘာတွေကို ကြိုက်နှစ်သက်ပြုမူတတ်သလဲ။

          အမှတ်စင်စစ်ကတော့ ‘‘ကျွန်ုပ်တို့က လူအများကြားမှာ ဘယ်လိုလူစားလဲ’’ဆိုတာက ကိုယ်ရည်ကိုယ်သွေးရှိတဲ့ သူတိုင်းမှာ အဖြေရှိပါတယ်။ ဆိုတာ တင်ပြရင်း နိဂုံးတင်ပြရင်း နိဂုံးချုပ်ပါ တယ်။

Add new comment

2 + 4 =