လူငယ်လေးတစ်ယောက်ရဲ့ အသက် ၂၀ မှာတုန်းက သိသင်တာတွေကို မသိခဲ့ရတဲ့ အတွက် အတွေးတွေက ဝေဝေဝါးဝါးဖြစ်ခဲ့တယ်

I wish I Knew

          ဒီနေ့မှာ လူငယ်လေးတစ်ယောက်ရဲ့ အသက် ၂၀ မှာတုန်းက သိသင်တာတွေကို မသိခဲ့ရတဲ့ အတွက် နှစ်ပေါင်းများစွာ မတိုးတက်လာပဲ အတွေးတွေက ဝေဝေဝါးဝါးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ဒီလူငယ်တစ်ယောက်ရဲ့ ရေးသားထားတာကို တဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်။

          သူကအခုလိုရေးသားထားပါတယ်။ သူ့အသက် (၂၀)မှာ ဘွဲ့တစ်ခုရခဲ့တယ်။ သူ့ကို ဘယ်သူ ကမှ ဒီသင်ခန်းစာတွေကို မပြောပြခဲ့ဘူး မသင်ပေးခဲ့ဘူး။

          အခုသူ့ရဲ့ဘဝပေးသင်ခန်းစာတွေကနေ ဒီအကြောင်းအရာတွေကို ပြောပြတာဖြစ်တယ်လို့ ဆိုထားပါတယ်။

          သူက ဘွဲ့ရပြီး ဝင်ငွေများများရမယ့်အလုပ်တွေ စီးပွားရေးလုပ်ငန်းတွေ နောက်မျိုးစုံ အလုပ်တွေ တစ်ခုပြီးတစ်ခု ဒါမှမဟုတ် အလုပ်နှစ်ခု တပြိုင်နက် လုပ်ခဲ့တယ်။ ဒါပေမယ့် သူရချင်တဲ့ ဝင်ငွေမရခဲ့ဘူး ကြိုးစားပေမယ့် လူပင်ပန်းတာပဲ ကျန်ခဲ့တယ်။

          သူအဲ့ဒီလို မျိုးစုံလုပ်ရင်း ဘွဲ့ရပြီး ၇နှစ်အကြာမှာ လုပ်ငန်းတစ်ခုရဲ့ လျှို့ဝှက်ချက်ကို သိလာ တယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ အရည်အသွေး၊ အရည်အချင်းက အဓိကဖြစ်တယ်။ အဲ့ဒါက ဗဟိုချက် Focus ပဲဖြစ်တယ်။ မိမိက ဘာက ဗဟိုချက်လဲ၊ ဘာက အဓိကလဲ၊ မိမိကိုယ် မိမိမသိခဲ့ရင် ဘာကို လုပ်ရမှန်းမသိဘူး။ အရေးကြီးတာက မိမိက ဘာကိုမလုပ်ရမှာလဲ၊ ဒီဗဟိုချက်ကို သိလာပြီး မိမိရဲ့ လိုက်ဖက်တဲ့ အထူးအဓိပ္ပါယ်ပြည့်စုံတဲ့ ငါ့ရဲ့ ဘဝအတွက် လျှောက်လှမ်းရမယ့်လမ်းဆိုတာကို သိလာပြီး အခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကို မလုပ်တော့ဘူး။ ကိုယ်ဆန္ဒရှိတဲ့ လုပ်ငန်းတွေကို အကုန်ချန်၊ အကုန် Zeroed လုပ်လိုက်ပြီး။ တစ်ခုကိုပဲ ဇောက်ချလိုက်တော့မယ်ဆိုပြီး သူတွေးတယ်။ ပြီးတော့ မြင်လာတယ်လို့ဆိုထားပါတယ်။

          Bill Gates က Microsoft မှာအောင်မြင်သွားတယ်။ Mark Zuckerberg က Facebook မှာအောင်မြင်သွားတယ်။ အဲ့ဒါတွေကို တွေးကြည့်ပြီး တစ်ခုကိုအောင်မြင်သွားတာကို သူသိလိုက်ရ တယ်။ လူတိုင်းက အကြောင်းအရာတစ်ခုတည်းအတွက် အောင်မြင်သွားတယ်ဆိုတာ သူမြင်တွေ့ လာတယ်။ ငါလုပ်နေတာတွေက ငါ့အတွက် စိတ်ပြေလက်ပျောက် လိုဖြစ်နေပြီ ကွဲကွဲပြားပြား ဘာကို လုပ်ရမှန်းမသိဘူး။ ငါက ဗဟိုချက် ဦးတည်ချက်ကို မသိဘူးဖြစ်နေတယ်။

          ငယ်ငယ်က ရူပဗေဒ ဘာသာရပ်မှာ မိမိက ဧရိယာအများကြီးကို ဖြန့်ပြီး ဖိလိုက်ရင် ဖိအားက လျော့သွားတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုကိုပဲ Focus လုပ်ပြီး အဲ့ဒီ အလုပ်မှာ အကောင်းဆုံးဖြစ်အောင် ဆရာတစ်ဆူဖြစ်အောင် လုပ်ရမယ်ဆိုတာသိလာခဲ့တယ်။ ကိုယ့်ရဲ့ စည်းကမ်း(ဝါ)စောင့်စည်းခြင်းမှာ ကိုယ့်ရဲ့ အသက်မွေးလမ်းကြောင်းမှာ ၊ ကိုယ်ရဲ့ Business မှာ၊ ကိုယ့်ရဲ့ အထူးကျွမ်းကျင်တဲ့ လုပ်ငန်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်တာက ဒီဆုံမှတ်ကနေ ခွဲမထွက်တော့ဘဲ ဇောက်ချလုပ်တာပဲဖြစ်တယ်။ မိမိက ငွေနောက်ကိုမလိုက်ပဲ၊ ငွေကသာ မိမိဆီကို လိုက်လာအောင် လုပ်ရမယ်။ မိမိရယ့်လုပ်ငန်းကို ဆက်ကြံရွယ်ပြီး သူအဲ့ဒီလိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

          နောက်ပြီး လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သူမသိခဲ့တာတွေအများကြီးရှိသေး တယ်လို့ ဆိုပါတယ်။ တစ်ဦးတစ်ယောက်ကို ထိခိုက်ပြောဆိုတဲ့စကားမျိုးစုံမဟုတ်ပဲ လိုက်လျော ညီထွေတဲ့စကားတွေပြောဖို့ သူမသိခဲ့ဘူး။ ဒီအသက် ၂၀ ကျော်မှာ လူတိုင်းကို ငါလိုပါပဲဆိုပြီး သတ်မှတ်ခဲ့တယ်။ ငါမြင်သလို လူတိုင်းလည်းမြင်မယ်လို့ထင်ခဲ့တယ်။ သူငယ်ချင်းတွေကို ငါ့လိုပဲ ပြောင်းလဲဖို့ ကြိုးစားခဲ့တယ် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို သူလိုပဲပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။

          ကိုယ်အိပ်သလို အိပ်ဖို့၊ ကိုယ်ဖတ်တဲ့စာကို ဖတ်ဖို့၊ ကိုယ်လုပ်သလို အလုပ်ကိုလုပ်ဖို့၊ ကိုယ်က ငွေကို ဘယ်လိုရှာတယ်၊ ဘယ်လိုစုတယ် အဲ့ဒီလိုကိုယ့်ဝန်းကျင်က လူတွေကို ပြောင်းလဲဖို့ ကြိုးစားခဲ့ တယ်။ နောက်ပြီး တချို့လူတွေက အပြင်လောကကြီးကိုထွက်ပြီး အလုပ်လုပ်ကြတယ်။ တချို့က ကိုယ်လယ်ကွင်းထဲမှာပဲ ကိုယ်ဖာသာ ထွန်ယက်စိုက်ပျိုးကြတယ်။ တချို့လူတွေက အိမ်ထဲမှာပဲ သက်တောင့်သက်သာနေကြတယ်။ တချို့က စွန့်စားမှုတွေလုပ်ရင်း တိုးတက်ဖို့ရှာကြတယ်။ တချို့က မနက်ဖန်အတွက်ဘာမှ မစဉ်းစားပဲ အေးဆေးနေကြတယ်။ တချို့က အသေးအဖွဲ့ကိုပဲ အင်မတန်သတိထားပြီး အသေးစိတ်စိစစ်နေကြတယ်။ တချို့က တစ်နှစ်ပတ်လုံးအတွက် plan တွေ ချပြီး လုပ်ဆောင်တတ်ကြတယ်။ တချို့က အရက်တွေသောက်ပြီး တိုးတက်ဖို့ကို မရှာကြဘူး။ တချို့က ကိုယ်နေဟန်ထားတွေနဲ့ သူတို့ကိုယ်သူတို့ အလွန်အမင်း express သူတို့ ခံစားချက်တွေကို  ပေါ်လွင်အောင်လုပ်ကြတယ်။ တချို့က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေထက် မိမိရဲ့ အတွေးနဲ့ ခံစားချက်တွေပေါ်မှာ ပိုပြီးစိတ်ဝင်စားနေကြတယ်။

          သူက ဒါတွေကို မြင်ပြီး ငါ့အတွက် ငါ့အလုပ်လုပ်ရမယ်။ ငါ့ဘဝအတွက် ငါ့ကိုယ်တိုင် တိုးတက်မှုကို ရှာရမယ်။ ပြီးတော့ ကိုယ်ယုံကြည်ရာ ဘုရားကို တိုင်တည်ရှိခိုးရမယ်။ ကိုယ်က မိမိ ဝန်းကျင်က သူတွေကို ပြောင်းလဲအောင်လုပ်တာ အချည်းနှီးပဲ။ အခုချိန်ကစပြီး ကိုယ့်ပတ်ဝန်းကျင် က သူတွေကို ချီးမွမ်းတတ်လာတယ်။ အကြောင်းမြင်တဲ့ မြင်ကွင်းကို မြင်လာတယ်။ I wish I Knew in My 20-s-I can only change on me.

          အခုလိုသဘောပေါက်လာတဲ့အတွက် အလုပ်ကို ကြိုးစားပြီးလုပ်ခဲ့တယ်။ ဒီတော့ စားဖို့အတွက် ငွေရတယ် သားသမီးတွေကို ကျောင်းပို့နိုင်တယ်။ ကိုယ့်မှာ မိသားစုနဲ့ အတူပျော်ရတဲ့ အချိန်တွေရရှိလာတယ်။ ကိုယ်က ကိုယ့်ပြေးလမ်းပေါ်ကိုပဲ Focus လုပ်ပါ အခြားသူတွေနဲ့ တူအောင် လုပ်ဖို့ မစဉ်းစားပါနဲ့ ဒါတွေက ကိုယ့်ရဲ့ ကံကြမ္မာကို ဖန်တည်းလိုက်တာပါပဲ။

          ဒါကြောင့် သင်အသက် ၄၀ ကျော်ရင် ကိုယ်သိခဲ့တဲ့ သင်္ခန်းစာတွေနဲ့ ဘာတွေလုပ်ဖို့ ဆန္ဒရှိလဲ? သင်ရဲ့ ၂၀ ကျော်သက်ရွယ်မှာ ဘာတွေဖြစ်ချင်တဲ့ ဆန္ဒသင်သိရဲ့လားဆိုတာတွေကို တဆင့် မျှဝေပေးရင်းဒီနေ့အတွက် ရပ်နားလိုက်ပါမယ်။

         

 

Add new comment

4 + 6 =