ယနေ့ခေတ် အိမ်ထောင်ရေးမှာ ဖြစ်တတ်တဲ့ အကြောင်းအရာလေး

Marriage Today

          ဒီနေ့မှာ ယနေ့ခေတ် အိမ်ထောင်ရေးမှာ ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေကို Sharing ပေးသွားချင်ပါတယ် အိမ်ထောင်ရေးဆိုတာ နှစ်ဘက်ရှိတာပါ။ ဒီနှစ်ယောက်ထဲက တစ်ယောက်က နာကျင်အောင် လုပ်မိသွားရင် တစ်ဘက်က ဘယ်လိုခံစားပြီးတုန့်ပြန်မလဲ။

          သေချာတာကတော့ ပြဿနာတွေရှိလာပြီ၊ အကြောင်းတစ်စုံတစ်ရာရှိလာပြီ၊  ဒီတော့ နာကျင်ဖို့ ဖြစ်လာပြီ၊ အပြန်အလှန် ဘယ်လိုဆက်ဆံပြုမူမလဲ? ဒါက အဓိကပါ မိမိတို့တည်ဆောက် ထားတဲ့ အိမ်ထောင်မပြိုကွဲအောင် ခင်ပွန်း(သို့)ဇနီးကတော့ ပြောင်းလဲရမှာ အမှန်ပါပဲ။

          လူအများချီးမွမ်းခံရတဲ့ အကောင်းဆုံးအိမ်ထောင်ရေးတွေမှာလည်း သေချာပေါက် နာကျင်စေ တဲ့ အကြောင်းအရာတွေရှိစမြဲပါ။

 

          ဥပမာပြောရမယ်ဆိုရင် ဇနီးတစ်ယောက်က ခင်ပွန်းကို နာကျင်အောင်လုပ်ခဲ့ရင် ဒီခင်ပွန်းက သူ့ဇနီးကို ဘယ်လိုတုန့်ပြန်မလဲ? ခင်ပွန်းအနေနဲ့ မကျေနပ်တာကတော့ အမှန်ပဲ။ ဒါပေမယ့် သူကိုယ် တိုင်က ဖြောင့်မတ်မှန်ကန်နေရမယ်။ ဇနီးအပေါ်မှာ ရိုးသားရမယ်။ ချစ်ခြင်းတရားအပြည့်ရှိနေရမယ်။ မဖောက်ပြန်ဘူးဆိုရင် သူ့ဇနီးကို ပွင့်ပွင့်လင်းလင်း ပြောလို့ ဆွေးနွေးလို့ရပါတယ်။  ဥပမာ - ဇနီးက ခင်ပွန်းမကြိုက်တာတွေလုပ်ရင် ဒီခင်ပွန်းက အခုလို မှန်မှန်ကန်ကန် ပြောရ တော့မယ်။ ငါက နင့်ကို စကားနည်းနည်းပြောချင်တယ်။ မှန်မှန်ကန်ကန်ပြောရတော့မယ်။ တစ်မိနစ်/နှစ် မိနစ်လောက်ပါ။ ငါနင့်ကိုချစ်တယ်။ နင်က ငါ့အတွက် အင်မတန်ကြီးကျယ်တဲ့ သူတစ်ယောက်ဖြစ် တယ်။ ငါတို့က နှစ်ယောက်ပေါင်းစည်းထားတဲ့ အိမ်ထောင်တစ်ခုဖြစ်တယ်။ နင်က အခုလိုပြောလိုက် တာ ငါ့စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ ငါတို့နှစ်ယောက်ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက် အမှန်အကန်ကို ပျောက်ကွက်သွားစေမယ်။ ငါခံစားရတယ်။ ရန်လိုတဲ့ ရန်မူတဲ့ စကားမျိုးပြောတာမဟုတ်ဘူး။ ငါ့ကိုနာကျင်စေတယ်။ ငါက နင်မကြိုက်တဲ့ ဆန့်ကျင်ဘက်တွေလိုပ်လို့ရတယ်။ ဒါပေမယ့် ငါမလုပ်ဖူး။ ငါ့စိတ်ထဲမှာ နင့်ကိုခံပြင်း နေမယ်ဆိုရင် ငါ့တို့နှစ်ယောက်ရဲ့ ရင်းနှီးမှုတွေ ပုလဲနံပသင့်မှုတွေ ပျောက်ကွယ်သွားမယ်။ ပျက်စီး သွားမယ်။ နင်က ငါအပေါ် အဲ့ဒီလို လုပ်တော့ ငါ့စိတ်ထဲ မရိုးမသားခံစားနေရတယ်။

 

          ငါက နာကျင်ခံစားနေရလို့ နင့်ကို လုံးဝငြင်းပယ်လိုက်မယ်ဆိုရင် နှလုံးသားကို ပြောင်းပြန် လုပ်လိုက်မယ်ဆိုရင် ဖြစ်လာမယ့်ရာတွေအားလုံးက လုံးဝကောင်းလာတော့မှာ မဟုတ်ဘူး။ ငါဒါတွေ ကို ကျော်လွှားလိုက်မယ်။ အိမ်ထောင်ရေးတစ်ခုမှာ သာမန် အမှားတစ်ခုလို့ ငါသတ်မှတ်လိုက်မယ်။

          နောက်တစ်ခုကတော့ နင်ကအမှားလုပ်တယ်။ ငါ့လည်းအမှားလုပ်တတ်တာပဲ လူများလုပ် တတ်တာတွေရှိတယ်။ ကလဲ့စားချေတာ၊ နင့်ကိုငါ့ခံစားရသလို ခံစားရစေမယ်။ နင့်ကို ငါလွှမ်းမိုးပြီး အုပ်ချုပ်မယ်၊ ကြောက်လန့်အောင် လုပ်လို့ရတယ်လို့ သူဇနီးကို ပြောလိုက်ပါတယ်။            ပြီးတော့ သူ့ဘာသာပြန်စဉ်းစားတယ်။ ငါ့က ရွေးချယ်ရတော့မယ်။ ဖြောင့်မတ်မှန်ကန်မှုတွေနဲ့ ဇနီးကိုခွင့်လွတ်ရတော့မယ်။ ဒါဆိုရင်ငါက တန်ဘိုးတစ်ခုခုကိုတော့ ရမှာပဲ။ နာကျင်မှုလည်းရမယ်။ ဒါပေမယ့် ငါကိုယ်တိုင်က လိုလိုလားလား ငါ့ရဲ့ ချစ်ခြင်းမေတ္တာကို သိအောင် လုပ်ဆောင်ပြမယ်။ ငါတို့ က လက်တွဲဖော်တွေဖြစ်တယ်။ ငါ့ကိုယ်ငါ မြန်ပေးမယ်။ ငါ့က ခွင့်လွှတ်နိုင်တဲ့သူလား တစ်ကိုယ် ကောင်းဆန်စွာနဲ့ မရင့်ကျက်သေးတဲ့ အပြုအမူတွေနဲ့ လုပ်မလို့လား။ ကိုယ့်ဇနီးကို ခွင့်လွှတ်တဲ့ အမူ အကျင့်တွေနဲ့ ဘယ်လို နေထိုင်ပြုမူမလဲခွင့်လွှတ်တယ် ဆိုတာက တချိန်ချိန်မှာတော့ အောင်မြင်လာ နိုင်မှာပဲ တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ဇနီးရဲ့ ပြဿနာက ဘာလဲ။ အဲ့ဒါကို တုန့်ပြန်ဖြေရှင်း ပေးတာက ကောင်းတဲ့ အဖြေတစ်ခုပါ။ နှီးနှောတိုင်ပင်ရင် အဖြေတစ်ခုတော့ ရလာမှာပဲ။ ဇနီးကို ပယ်ချလိုက်တာ ကလဲ့စားပြန်ခေတာ၊ ဒါတွေက အဖြေတစ်ခုမရနိုင်ဘူး။ ဖြေရှင်းမှရမှာ၊ သူ့ကိုငြင်းပယ် ချင်တဲ့ စိတ်တွေကနေ ဖယ်ပြီး လက်ခံမှ ဖြေထွက်လာမှာ ငါ့ကိုယ်တိုင်က ထိလွယ်ရှလွယ် ခံစားချက် မျိုးတွေမရှိပဲ အာရုံခံစားချက်ကောင်းကောင်းနဲ့ ရင်ဆိုင်မှ အောင်နိုင်မှာ ဇနီးကို ငြင်းပယ်နေမဲ့အစား လက်ခံပြီး အဲ့ဒီလို တုန့်ပြန်ရမှာ။ ဒါမှ ပျက်စီးသွားတဲ့ အခြေအနေကနေ ပြန်ကောင်းမွန်လာမှာ။

 

          လူတစ်ယောက်က ပြန်ပြီးခွင့်လွှတ်ပေးမယ်ဆိုရင်  မိမိလိုအချစ်မျိုး ဘယ်သူမှ မရှိဘူးဆိုတာ ပြတာပါပဲ။ ခွင့်လွှတ်လိုက်လို့ နှစ်ယောက် ချည်နှောင်ထားတဲ့အချက်က ပိုမလာပါဘူး ပိုပြီး ရင်နှီးမှု လည်း မဖြစ်လာနိုင်ပါဘူး။

          ငါကတော့ သူ့ကို မစွန့်လွှတ်ဘူး Reject မလုပ်ဖူးလို့ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ကိုယ်ကြင်နာ မှုတွေနဲ့ပဲ ပြန်တုန့်ပြန်မယ်။ ငါ့နှလုံးသားကို ပြန်နိုးထအောင် လုပ်မယ်ဆိုရင် ဇနီးက ငါ့အနားကို ပြန် ရောက်လာမယ် ဒါဆိုရင် ငါလုပ်ဆောင်တာ အောင်မြင်တယ်လို့ ဆိုရမှာပါ။

          နားဆင်နေတဲ့ သောတရှင်များရှင့် -အိမ်ထောင်ရေးပြဿနာ marriage problem ဆိုတာ အိမ်ထောင်တစ်ခုရဲ့ အစမ်းသပ်ခံပါပဲ test ပေါ့နော် စာမေးပွဲစစ်သလိုပါပဲ။ ကိုယ့်ဇနီး(ဝါ) ကိုယ့်ခင်ပွန်းကို ယုံကြည်မှုအပြည့်ရှိရမယ်။

ဇနီးက မှားခဲ့ရင် ခင်ပွန်းတစ်ယောက်အနေနဲ့ လိုလိုလားလား မှန်ကန်စွာလုပ်ဆောင်ပြရမှာပါ။ သူ့လိုအပ်ချက် က ဘာလဲ မိမိနဲ့ မတွေ့ဆုံနိုင်လို့ ဝေးကွာပြီး အခုလိုဖြစ်ရတာလား။  

          မိမိဇနီးက မိမိဘက် ပြန်လှည့်လာရင် ခင်ပွန်းအနေနဲ့ ငါက နင့်ကို ဒေါသမဖြစ်ဘူး။ နင့်ရန်သူ လည်းမဟုတ်ဖူး။ နင့်ကိုငါက မခါးသီးဘူး ငါ့တို့ အေးအေးဆေးဆေး စကားတွေပြောမယ်။ I Love You ငါဒီလိုလုပ်လို့ နင်ကျေနပ်မယ်လို့ ထင်ပါတယ်။ အဲ့ဒီလို ခင်ပွန်းပဲဖြစ်ဖြစ်၊ ဇနီးပဲဖြစ်ဖြစ် ပြောရင် ပြောင်းလဲအောင်လုပ်ရင် အိမ်ထောင်ကလည်း ပြောင်းလဲသွားမှာပါပဲ။

          အဲ့ဒီတော့ ကောင်းမွန်တဲ့ အိမ်ထောင်ရေးကနေ ပိုပိုကောင်းမွနတဲ့ အိမ်ထောင်ရေးကို တည်ဆောက်သွားနိုင်မှာပါ မိမိတို့ရဲ့ မျိုးဆက်ကိုလည်း ပြောင်းလဲသွားနိုင်တော့မှာပါ It can also change your family for generation ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 

Add new comment

4 + 15 =