ယဉ်ကျေးမှုဘယ်လိုစခဲ့သလဲ ?

ယဥ်ကျေးမှုဘယ်လိုစခဲ့သလဲ ?လူ့စိတ်ထားဟာမူလဗီဇမှာကတည်းကယဥ်ကျေးလိုစိတ်တွေရှိနေခဲ့ကြတယ် ဆိုတာသိစေ့ချင်တယ်“လူ့အဖွဲ့အစည်းမှာ ယဥ်ကျေးမှုကို စတင်တွေ့ရှိခဲ့တဲ့ကနဦးသင်္ကေတ၊ လက္ခဏာဟာ ဘာများပါလိမ့်'' လို့နာမည်ကျော်မနုဿဗေဒပညာရှင် မာဂရက် မိ(ဒ်)ကိုကျောင်းသားတဦးက မေးမြန်းခဲ့ဖူးပါတယ်။ရွှံနဲ့ ပြုလုပ်ထားတဲ့ မြေအိုးတွေ၊ အမဲလိုက်ရာမှာအသုံးပြုတဲ့ လက်နက်ကိရိယာတွေ၊ ကျောက်တုံးကိုထွင်းထုထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမှတ်သင်္ကေတတွေအကြောင်းမိ(ဒ်)က ရှင်းပြလိမ့်မယ်လို့ အဲဒီကျောင်းသားကထင်မှတ်ထားခဲ့ပါတယ်။ဒါပေမယ့် မိ(ဒ်)ရဲ့ အဖြေက အဲဒါတွေ မဟုတ်ခဲ့ပါဘူးသူမ,ပြန်ဖြေခဲ့တာက ''လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀

လူ့အဖွဲ့အစည်းရဲ့ ယဥ်ကျေးမှုဆိုင်ရာ ကနဦးသဲလွန်စကတော့ ရှေးဟောင်းသုတေသနတူးဖော်ရေးမှာတွေ့ရှိခဲ့ရတဲ့ ကျိုးအက်ရာထင်နေတဲ့ လူပေါင်ရိုးဖြစ်တယ်'' လို့ ပါပဲ။ လူရဲ့ ပေါင်ရိုးဟာ ကိုယ်ခန္ဓာမှာအရှည်ဆုံးဖြစ်ပြီး တင်ပါးဆုံကနေ ဒူးခေါင်းထိဆက်ထားပါတယ်။ ခေတ်မီဆေးဝါးတွေမပေါ်ပေါက်သေးတဲ့ ရှေးခေတ် လူ့အဖွဲ့အစည်းတွေမှာဒီအရိုးကျိုးအက်တဲ့ ဒဏ်ရာကနေ သက်သာဖို့သီတင်းပတ် ၆ ပတ်လောက် အချိန်ယူရပါလိမ့်မယ်။အဲဒါမှပဲ လူရဲ့ပေါင်ရိုးဟာ ပြန်ဆက်ပြီးသက်သာသွားမှာပါ။ တခြားသတ္တဝါတွေ၊တိရစ္ဆာန်တွေမှာဆို ပေါင်ရိုး၊ ခြေထောက်ရိုးကျိုးသွားပြီဆိုရင် သေတာပါပဲ။ မိမိရဲ့အသက်အန္တရာယ်ကနေလွတ်မြောက်အောင်မပြေးနိုင်‌တော့သလို အစာလည်း မရှာနိုင်၊ရေလည်း မသောက်နိုင်တော့ပါဘူး။ အဲဒီလိုဒဏ်ရာရရှိသွားသူဟာ သားရဲတွေရဲ့ အစာဖြစ်သွားရပါတော့တယ်။ ခြေထောက်ကျိုးသူ၊ပေါင်ကျိုးသူ ဘယ်သတ္တဝါမှ ပြန်ဆက်ဖို့အထိအသက်မရှင်ပါဘူး။ အစားခံရမှာပဲ ဖြစ်ပါတယ်။ပေါင်ကျိုးသွားတာကို ပြန်ဆက်ပြီး သက်သာပျောက်ကင်းသွားတဲ့ အထောက်အထားဟာအခြားတစုံတယောက်က သူ့ကို အနီးကပ်စောင့်ရှောက်ပြီး ဒဏ်ရာကို ကုသပေးတာ၊ဘေးအန္တရာယ်တွေကနေ သယ်ယူကယ်ထုတ်သွားတာ၊ သက်သာပျောက်ကင်းတဲ့အထိပြုစုပေးတာတွေရဲ့ သက်သေပဲ ဖြစ်ပါတယ်။မိမိအသက်အတွက် လွတ်ရာလွတ်ကြောင်းပြေးဖို့ထက် မိမိရဲ့ အပေါင်းအဖော် လူသားတဦးဦးကို ကူညီစောင့်ရှောက်ခြင်းကိုလည်းဖော်ပြနေပါသတဲ့။မှန်ပါတယ်။ ကျနော်တို့ လူသားတွေရဲ့ယဥ်ကျေးမှု စရိုက်ဟာ သူတပါးကို ကူညီပြုစုစောင့်ရှောက်ရာက စတင်ခဲ့တယ်ဆိုရင်ကနဦးတည်းက လှပခဲ့တယ်လို့ ဆိုနိုင်ပါတယ်။အခုလို ကမ္ဘာနဲ့အဝှမ်း ဖြစ်ပွားနေတဲ့ ကပ်ဘေးဒုက္ခမှာရော လူယုတ်မာတဦးတယောက် (သို့)တစုတဖွဲ့ကြောင့်ရော ဖြစ်လာသမျှအခက်အခဲတွေမှာ လူသားတွေရဲ့ ယဥ်ကျေးမှုအလှတရားကို ဆက်လက် ထိန်းသိမ်းရင်းတဦးနဲ့တဦး ကူညီစောင့်ရှောက်ပြီးလွန်မြောက်နိုင်ကြစေလိုကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Add new comment

2 + 1 =