မိမိကိုအမှန်တကယ် ချစ်တယ် မချစ်ဖူး ဆိုတာကို ချစ်သူ ရဲ့ ပြုမူဆက်ဆံပုံကနေ တွေ့နိုင်ပါတယ်

Prove

          ဒီနေ့မှာ မိန်းကလေးတစ်ယောက်အတွက် မိမိကိုအချစ်၏ အချစ်မှန်နဲ့ အမှန်တကယ် ချစ်တယ်။ မချစ်ဖူး ဆိုတာကို သူ့ချစ်သူ boy friend ရဲ့ ပြုမူဆက်ဆံပုံတွေကနေ သက်သေအဖြစ် မြင်တွေ့နိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

          လူတစ်ယောက်အတွက် အချိန်ဆိုတာ အင်မတန်တန်ဘိုးရှိလှပါတယ်။ မိမိနဲ့သင့်တော်မယ့် သူနဲ့ သေချာပေါက် အချိန်ဖြုန်းရင်ဖြင့် ဘဝအတွက် တန်ဘိုးရှိတဲ့ အချိန်တွေဖြစ်လာမှာပါ။

          Boy Friend ဆီကနေ သိသာစေတဲ့ အချက်တွေထဲမှာ မိမိချစ်သူကို စဉ်ဆက်မပြတ် checking လုပ်တာပဲဖြစ်တယ်။ Phone ဆက်တာက ကိုယ့်ချစ်သူရဲ့ အနေအထား အသေးစိတ် လုပ်ဆောင်မှုတွေကို သိချင်တယ်။ ဘာတွေလုပ်နေလဲ၊ ဘယ်ကိုသွားနေလဲ၊ ဘာအကြောင်းအရာတွေ မှာ အောင်မြင်မှုရနေလဲ။ ဒါတွေက ကိုယ့်ချစ်သူရဲ့ အကျင့်စာရိတ္တကို ခန့်မှန်းတာမဟုတ်လား။

          တစ်ပတ်တစ်ခါလောက် သူ့ချစ်သူနဲ့အတူ စားသောက်ကြတာတို့၊ ပန်းခြံဆီကိုသွားကြပြီး အေးအေးဆေးဆေး လွတ်လပ်စွာ ချိုမြိန်တဲ့စကားတွေ ချစ်သူအတွက် ဟာသဖြစ်စေမယ့် စိတ်ဝင် စားစေမယ့် အကြောင်းအရာတွေပြောရင်း အချင်းချင်းအတွေ့အကြုံမျှဝေရင်း အချိန်ဖြုန်းတက်ကြ တယ်။

          ဒီလိုနဲ့ နှစ်ယောက်ကြားမှာလည်း တူညီတဲ့ အတွေးအခေါ်တွေ  တဖြည်းဖြည်းရလာမှာ ဖြစ် ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုအရာအားလုံး ဒီချစ်သူအတွက်ပဲဆိုတာကိုလည်း ဖွင့်ပြောပြတတ်လာပါ တယ်။

          ကိုယ့်ချစ်သူ၊ ကိုယ့် Crush ဝါသနာပါရာတွေကို ဦးစားပေးလေ့ရှိတယ်။ ဥပမာ ချစ်သူက သီချင်းနားထောင်တာကို ဝါသနာပါတယ်ဆိုရင် Coffee Bar လိုဆိုင်မျိုးမှာ အဆိုရှင်တွေ သီချင်းဆို တာကို နားထောင်ရင်း အတူဖြုန်းပေးတာတို့က  ချစ်သူအလိုကျ လုပ်ပေးတာပဲ မဟုတ်လား။ အဲ့ဒီလို နဲ့ တဖြည်းဖြည်း Strong relationship ဖြစ်လာတာပါ။

          အမှန်တကယ် ချစ်တဲ့သူကတော့ မနက်လင်းတာနဲ့ ချစ်သူဆီကို ဖုန်းဆက်ပြီး နှုတ်ဆက်မှာ အမှန်ပါပဲ။ အတွေးက ချစ်သူဆီကိုပဲ ရောက်တယ်။ ဒါတွေက အလွယ်တကူ သိနိုင်ပါတယ်။

          နောက်ပြီး ချစ်သူရဲ့ ရွေးချယ်မှုတွေကို အမြဲမေးမယ်။ သူက သင့်ရဲ့ ရွေးချယ်မှုရဲ့ အသေးစိတ် အကြောင်းအရာတွေကို သဘောကျမယ်။ သဘောတူမယ့် ချစ်သူရဲ့ အမြင်တွေနဲ့ relationship ကို ထူထောင်မှာ ဖြစ်လို့ပဲ မဟုတ်လား။

          သိသာစေတဲ့အချက်တွေထဲမှာ ဥပမာ အစားအသောက်တူတူစားကြတဲ့ခါ အစားအစာရဲ့ အကောင်းဆုံးကို ရွေးပြီး ထည့်ပေးတာကလည်း သိသာစေပါတယ်။

          တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရင် ပိုပြီး ချစ်တဲ့သူက ပိုပြီး care လုပ်တယ်လို့ ဆိုစကား ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက ပိုပြီး ပြတတ်တယ်လို့ ဆိုပါတယ်။

          သူက သင့် girlfriend ကို သေချာပေါက်ချစ်တယ်ဆိုရင် သူ့ရဲ့တာဝန်တွေ ဂရုပြုမှုတွေကို လုပ်ပေးမှာ အမှန်ပါပဲ။ တခါတလေဆိုရင် ပိုမိုလွန်ကဲနေတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို လွန်ကဲတဲ့ attention တွေ ပေးတာကို ရန်မဖြစ်ဖို့လည်း လိုပါသေးတယ်။

          ယောကျ်ားလေး အများစုက သူတို့ရဲ့ feelings တွေကို အတွေ့အကြုံမရှိတဲ့အတွက် ကောင်း ကောင်း မဖော်ပြတတ်ကြဘူး။ ဒါပေမယ့် ကြိုးစားပြီး သူတို့အချစ်ကို ပြပြီး ကောင်းမွန်တဲ့ relationship ကို ထူထောင်ချင်ကြတာပါ။

          တခါတလေကျလည်း ချစ်သူချင်း အဆင်မပြေဖြစ်ပြီး ကွဲသွားတာတွေလည်း ရှိပါတယ်။ တချို့ ချစ်သူကျတော့ ပြန်လာတတ်တယ်။ အဲဒီကျပြန်တော့ ဒါဟာ အချစ်စစ်အချစ်မှန်လို့ သတ်မှတ် လို့လည်း ရနိုင်ပါတယ်။ လူတိုင်းမှာ အကြောင်းပြချင်တွေ ရှိကြတာပဲ။ problem တွေကလည်း အများကြီးပါ။ နှစ်ယောက်သား သေသေချာချာစကားပြောဆွေးနွေးပြီး အဖြေရှာလိုက်ရင် ပြဿနာ ဆိုတာ ပျောက်သွားပါတယ်။ ပြန်မလာရင်တော့ သင့်ကို မချစ်လို့ပဲ။ သင့်ကို နေမကောင်းတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ လွန်စွာမှ စောင့်ရှောက်ပေးတယ်ဆိုရင် ဒါက အချစ်စစ်အချစ်မှန်လို့ သတ်မှတ်လို့ရပါတယ်။ သူ့မှာ plan တွေရှိတယ်။ ဆိုရင် ဒါက အမှန်တကယ် ချစ်လို့ပါပဲ။ ဘဝဆိုတာ အင်မတန်တိုတောင်းပါတယ်။ မိမိက အချိန်မဖြုန်းဖို့ လိုအပ်လှပါတယ်။

          အဲဒီသူက မိမိကို respect မပေးဘူး။ တန်ဖိုးထားခြင်းမရှိဘူးဆိုတဲ့ သူနဲ့ မိမိကိုပြုံးရယ် အောင်လုပ်စေတဲ့သူ ချစ်တယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပြတဲ့သူနဲ့ မတူပါဘူး။ မိမိကိုယ်တိုင် ရေွးချယ် ပြီး အဲ့ဒီသူနဲ့ အသေးအဖွဲလေးပဲဖြစ်ပါစေ ကိုယ့်ပျော်ရွှင်မှုအတွက် အဲ့ဒီတစ်နေ့တာအချိန်ကို ဖြုန်း လိုက်ပါ။ မိမိအချစ်ကို အတတ်နိုင်ဆုံးကြိုးစားပြီး ကိုယ်စွမ်းရှိသမျှ ကြိုးစားပြတတ်တဲ့ သူဟာ မိမိကိုယ် အမှန်တကယ် Care လုပ်တဲ့သူပဲမဟုတ်လား။

          အမှန်တကယ်စောင့်ရှောက်ပေးတယ်၊ အခြားသူတစ်ယောက်ယောက်က အနိုင်ယူမယ်၊ ဗိုလ်ကျမယ်ဆိုရင် ကိုယ့်ကိုကာကွယ်ပေးမှာအမှန်ပါပဲ။

          မိမိနဲ့အတူ အချိန်ဖြုန်းပေးတဲ့သူက မိမိနဲ့အတူ ရှိနေချင်လို့ အမှန်တကယ်ချစ်တယ်လို့ ယူဆ လို့ရပါတယ်။

          တစ်ခါတစ်လေကျရင် အခုအဖြစ်မျိုးရဲ့ ပြောင်းပြန်ဖြစ်သွားတာတွေလည်း ရှိပါတယ်။ အဲ့ဒါ ဆိုရင်တော့ မိမိဘာလုပ်မလဲ။

          90% သောအမျိုးသမီးတွေက သူတို့ရဲ့ ခံစားချက်ကို မျိုသိပ်ထားတတ်ကြတယ်။ သူ့ကို လျစ်လျူရှုတယ့်သူကို ရွေးချယ်မိရင် အင်မတန်မှ ခံစားကြရတာပါ။

           ဘဝတစ်ခုဆိုတာ စာအုပ်တစ်အုပ်လိုပါပဲ - တချို့စာမျက်နှာက ဝမ်းနည်းစရာတွေရှိတယ်။ တချို့က စိတ်ဝင်စားဖွယ်ရာတွေရှိမယ်။ သင်က ဒီစာရွက်တွေကို မလှန်ဘူးဆိုရင် ဒီစာရွက်ရဲ့ အနောက်စာရွက်က ဘာဖြစ်နိုင်မလဲ သင့်မသိနိုင်ပါဘူး။

          ဒါကြောင့် တစ်နေ့နေ့မှာ မိမိရဲ့ဘဝကို အမှန်တကယ်နားလည်တဲ့သူက မိမိကိုယ် ကာကွယ် ပေးမှာဖြစ်ပြီး နောက်တစ်ကြိမ်ခံစားရတဲ့ ခံစားချက် ထပ်မဖြစ်အောင် ကာကွယ်ပေးတဲ့သူတွေ့လာ မှာပါ။ ဘဝစာမျက်နှာဆိုတာ ဝမ်းနည်းစရာရှိတဲ့ စာမျက်နှာကနေ ဝမ်းသာပျော်ရွှင်ရမယ့် နောက် တစ်မျက်နှာဆိုတာလည်းရှိပါတယ်ဆိုတာ တင်ပြရင်း အချစ်စစ်အချစ်မှန်ကို တွေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Add new comment

7 + 1 =