မိမိကိုယ်ကို ယုံကြည်ခြင်း

 

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေ မြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။ဒီနေ့ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့” 

ဘဝလမ်းကိုစတင်လျှောက်လှမ်းရကြမဲ့လူငယ်တွေဟာတခါတရံမှာအကြောင်းအမျိုးမျိုးကြောင့်ယုံကြည်မှု

ပျောက်ဆုံးတဲ့အချိန်တွေကြုံကောင်းကြုံရပါလိမ့်မယ်။အဲဒီအချိန်တွေမှာယုံကြည့်မှုပြန်လည်တည်ဆောက်ဖို့နဲ့ရှိ

ပြီးတာယုံကြည်မှုတွေကိုပိုခိုင်မာဖို့လုပ်ဆောင်ရမဲ့အချက်(၈)ချက်ကိုလူငယ်များအတွက်‌တင်ဆက်ပေးသွားမှာ

ဖြစ်ပါတယ်ရှင်။

.။တကိုယ်ရေးသန့်ရှင်းရေးကိုဂရုစိုက်ပြီးသပ်သပ်ရပ်ရပ်ပြင်ဆင်နေထိုင်။

      လူငယ်များတို့ အဖိုးတန်အကောင်းစားအင်္ကျီတွေ၀ယ်၀တ်စရာမလိုပါဘူး.။သန့်ရှင်းသပ်ရပ်နေဖို့ဘဲလိုတာပါ။သင့်ရဲနေပုံ၊ထိုင်ပုံ

၊စားပုံသောက်ပုံတွေကိုကြည့်ပြီးတော့ပတ်၀န်းကျင်ကသင်ကိုသိလာမှာပါ။နေ့တိုင်းတစ်ကိုယ်ရေးသန့်ရှင်းမှုပြု

လုပ်ခြင်းအားဖြင့်မိမိကိုယ်ကိုစိတ်အားလန်းဆန်မှုရှိပြီးယုံကြည်မှုတွေလည်းရှိလာမှာပါ။

၂။အကောင်းမြင်ပါ။

  ကျွန်မတို့ဟာတခါတလေမှာမိမိတို့မရခဲ့တဲ့အရာပေါ်မှာတွေးမိပြီးကိုယ်ကိုကိုယ့်အပြစ်တင်တက်ကြတယ်။ပူဆွေးတက်ကြပါတယ်။မိမိကိုယ်ကိုအားမလိုအားမရဖြစ်ပြီး   မိမိရဲ့လုပ်ဆောင်မှုရည်မှန်းချက်တွေကိုအကောင်အထည်မဖေါ်နိုင်ခဲ့တဲ့အခါတွေမှာ စိတ်ပူပန်သောကတွေရောက်တက်ကြပါတယ်။မိမိကိုယ့်ကိုအပြစ်တင်တက်ကြပါတယ်။င့ါတော်တော်ဥာဏ်တာဘဲ၊င့ါတော်တော်ပျင်းပါလားဆိုပြီးတော့ကိုယ်ကိုကိုယ့်အားမရမှုတွေနဲ့ကြုံခဲ့ဘူးမှာပါ။မရတော့တဲ့အရာတွေပေါ်ပူ

ဆွေးနေမဲ့အစားအကောင်းဘက်ကိုတွေးပြီးစိတ်သက်သာရာရစေမဲ့၀ါသနာပါရကိုလုပ်လိုက်ခြင်း

ဖြင့်ယုံကြည်မှုတွေတိုးတက်လာနိုင်ပါတယ်။ဒါကြောင်းမိမိကိုယ်ကိုအပြစ်မြင်တာတွေကိုရပ်တန့်ပြီးအကောင်း

မြင်ပြီးအသစ်တဖန်ပြန်လည်ကြီုးစားပါလိုအကြုံပြုတိုက်တွန်းချင်ပါတယ်။

၃။တက်နိုင်သမျှကြိုတင်ပြင်ဆင်ပါ။

     ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလိုကြိုတင်ပြင်ဆင်ခြင်းအားဖြင့်မိမိကိုယ်ကိုယုံကြည့်မှုတိုးတက်စေပါတယ်။

ဥမမာလူများရှေ့မှာရပ်ပြီးစကားပြောဖို့ရန်ကြောက်ရွံ့တယ်၊ရှက်တယ်ဆိုရင်မိမိအိမ်မှာမိသားစု၊မောင်နှမတွေရှေ့မှာပြောကြည့်ပြီးကြိုတင်ပြင်ဆင်ပါ။အဲဒါမှာလူများရှေ့မှာဒူးတုန်၊ခြေတုန်ခြင်းတွေမဖြစ်ဘဲမကြောက်မရွံ့ယုံယုံကြည်ကြည်နဲ့ပြောဆိုနိုင်မှာဖြစ်ပါတယ်ရှင်။ဟောပြောနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တခုခုလုပ်မယ့်ဆိုရင်ကြိုတင်ပြင်ဆင်ထားပါလိုအကြုံပြုချင်ပါတယ်။

၄။စကားဖြေးဖြေးပြောပါ၊၊

   မပြည့်တဲ့အိုးဘောင်ဘင်ခေတ်ဆိုသလိုဘဲမိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူဟာစကားပြောတဲ့အခါမှာအမှားပါမှာ

စိုးရိမ်းတဲ့အတွက်မြန်မြန်ပြောတက်ကြပါတယ်။လူအများရှေ့စကားပြောရင်ဖြေးဖြေး၊မှန်မှန်၊ရှင်းရှင်းလင်းလင်းနဲ့

ပြောဖို့လိုပါတယ်။ဒါကြောင့်စကားဖြေးဖြေးပြောချင်အားဖြင့်မိမိပြောလိုတဲ့အကြောင်းအရာများကိုပိုမိုချဲ့

တွင်ပြောခြင်းအားဖြင့်သူများကပါအထင်ကြီးလာမှာဖြစ်ပါတယ်။

၅။ပန်းတိုင်အသေးစားလေးတွေတည်ဆောက်ကာရယူပါ။

      ကျွန်မတို့တတွေဟာတခါတရံမှာရည်မှန်ချက်ကြီးကြီးမားမားထားပြီးမအောင်မြင်ပါကမိမိကိုယ့်ကိုယုံကြည်မှု

တွေပျောက်ဆုံးသွားတက်ကြပါတယ်။တခါတလေကိုယ်လျှောက်နေရင်နဲ့လမ်းပျောက်ဆုံးတက်ပါတယ်။ငါလုပ်

နေတာအကျိုးရှိရဲလားဖြစ်ရောဖြစ်ရဲ့လားဆိုပြီတော့ကိုယ်ကိုကိုယ်ပြန်မေးတက်ပါတယ်။ဒါကြောင့်ပန်းတိုင်သေး

သေးတစ်ခုကိုပြုလုပ်ပြီးအဆင့်တစ်ခုပြီးတိုင်းမိမိကိုယ်ကိုဂုဏ်ပြုသင့်ပါတယ်။ဒါမှာ ကိုယ်ရဲ့ရည်မှန်ချက်နဲ့နီးကပ်

လာတာကိုမြင်သာစေတာဖြစ်ပါတယ်။ဥပမာအိပ်ယာစောစောထတာ၊ရာထူးတိုးဖို့ဆိုပြီးအဆင့်လေးတွေထားပြီးအလုပ်ကြိုစားကြည့်တာစာဖတ်ခြင်းအားဖြင့်အသိအမြင်လေးတွေကြွယ်၀လာတာစသည့်ဖြင့်တစ်ခုပြီးသွားတိုင်းကိုယ်ကိုကိုယ့်ယုံကြည်မှုတွေတိုးလာမှာဖြစ်ပါတယ်။

၆။ပြုံပါ။လေ့ကျင့်ခန်းလုပ်ပါ။

      တက်နိုင်သမျှပြုံကြည်ပါ။မိမိချစ်ခင်ရသူတွေကိုပြုံပြလိုက်ခြင်းအားဖြင့်အချို့သောအကြောင်းအရာတွေဟာပြော

ပြာစရာမလိုဘဲပြီးသွားတက်ပါတယ်။ပြုံတဲ့အကျင့်ကိုပြုလုပ်ပေးပါ။အပြုံရှိသူသည်လူချစ်လူခင်ပေါ့။အပြုံဟာတန်ဖိုးရှိလှပါတယ်။အပြုံဟာလူတွေကိုနွေးထွေးစေပါတယ်။ရင်နှီးမှုကိုလည်းရရှိစေပါတယ်။သင့်အနီးရှိမိတ်ဆွေ

ကိုပြုံပြပါ၊နွေးထွေးမှုခံစားရပါလိမ့်မယ်။လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာတွေပါ

ဖွံဖြိုးတိုးတက်လာနိုင်စေတဲ့အတွက်လူများကြားပြောဆိုဆက်ဆံတဲ့အခါယုံကြည်မှုတွေရရှိပိုင်ဆိုင်လာမှာပါ။

၇။စေတနာ၀န်ထမ်းအဖြစ်ပါ၀င်ဆောင်ရွက်ပါ။

         စေတနာ၀န်ထမ်းအဖြစ်ပါ၀င်ဆောင်ရွက်ခြင်းအားဖြင့်မိတ်ဆွေ၊သူငယ်ချင်းအသစ်တွေ၊အတွေ့အကြုံသစ်များ၊

ပြဿနာပေါင်းများစွားကိုပူပေါင်းဆောင်ရွက်ခြင်းမှဖြေရှင်းနည်းလမ်းများရရှိလာမှာဖြစ်ပါတယ်။မိမိရဲ့အားလပ်

ရက်တွေမှာ၀ါသနာပါရာတခုခုပရဟိတ္တလုပ်ငန်းသော်၎င်း၊ကာယသုခလုပ်ငန်းသော်၎င်းကိုပြုလုပ်လိုက်ခြင်းအားဖြင့်မိမိကိုယ်ကိုအဓိပ္ပါယ်ရှိတဲ့သူလိုမြင်လာမှာပါ။ကိုယ်ကိုကိုယ့်ယုံကြည်မှုပိုတိုးလာစေမှာဖြစ်ပါတယ်။

၈။ပြောင်းလဲမှုတွေကိုဖြေး‌‌‌ဖြေးချင်စတင်ပါ။

        ဘယ်ကိစ္စမဆိုအစပိုင်းတော့ခက်တဲ့သဘောရှိတက်ပါတယ်။အစပိုင်းမှာပြောင်းလဲမှုတွေကိုဖြေးဖြေးချင်း

စတင်လုပ်သင့်ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုတွေရရှိလာမှာပါ။ဥပမာ- မိုင်ထောင်ချီ‌ေ၀◌းတဲ့ခရီးကိုခြေတလှမ်းနဲ့စတင်ခဲ့တာပါ။အစပိုင်မှာခက်ခဲ့တယ်လိုထင်ရပင်မဲ့လုပ်ရင်လုပ်ရင်အတွေ့အကြုံကသင်ပေးသွားပါလိမ့်မည်။

      မိတ်ဆွေလူငယ်များ   ကိုယ်ကိုကိုယ့်ယုံကြည်မှုအပြည့်နဲ့လိုရာပန်းတိုင်လျှောက်လှမ်းနိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

   ယခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကလူငယ်များတွက်အကျိုးရှိစေမယ်လိုမျှော်လင့်မိပါတယ်။

လူငယ်အစီအစဥ်လေးကိုဒီလောက်နဲ့ဘဲရပ်နားခွင့်ပြုပါရှင်။နောက်တစ်ပတ်မှာပြန်လည်တွေ့ဆုံးကြပါစို့။နားဆင်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ် မေရီ ပါရှင်။

 

 

 

                                                         

 

Add new comment

11 + 3 =