ဇနီးသည်တွေရဲ့ တချို့သော အပြုအမူတွေကို ခင်ပွန်းသည်တွေက မနှစ်သက်တဲ့ အချက်တွေ ရှိပါတယ်

Hate

          ဒီနေ့မှာ ဇနီးသည်တွေရဲ့ တချို့သော အပြုအမူတွေကို ခင်ပွန်းသည်တွေက မနှစ်သက်တဲ့ အချက်တွေ ရှိပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          Relationship တစ်ခုကို ထူထောင်ကြတဲ့အခါမှာ ဘဝခရီးကို နှစ်ယောက်အတူဖြတ်ကျော်ရ တာပါ။ ဘယ်သူကမှ ဒီ relationship အတွက် စနစ်တကျသင်ပေးတဲ့ သင်တန်းတို့  သင်ယူထားတာ မရှိကြပါဘူး။ ဒီတော့ ဆင်ခြင်သင့်တာလေးတွေ သတိထားဖို့ပါ။ အဲ့ဒီလိုမှ မဟုတ်ရင် တဖြည်းဖြည်း နဲ့ တစ်ဦးနဲ့တစ်ဦး အမုန်းတရားဘက်ဆီသို့ ဦးတည်သွားနိုင်လို့ပါ။

          ခင်ပွန်းတွေ မကြိုက်တဲ့အချက်ထဲမှာ  တချို့သော ဇနီးသည်တွေက သူတို့စိတ်နဲ့ မကိုက်ညီ ရင် ခင်ပွန်းကို ဆူပူတဲ့အပြင် အော်ဟစ်ပြောဆိုတတ်ပါတယ်။ Drama ဇာတ်ကားထဲက သရုပ်ဆောင် သလို ဒေါသကို အတိုင်းအဆမရှိ ထုတ်ဖော်တတ်ကြတယ်။ ဇနီးသည် တစ်ယောက်အနေနဲ့ အော်ဟစ်တဲ့လေသံကို နှိမ့်ပြီး မိမိကိုယ် မိမိပြန်ပြီး အရိုအသေ ပေးနိုင်အောင် ပြုမူရင် ရနိုင်ပါတယ်။  မိမိပြောတဲ့လေသံကို မိမိပြန်နားထောင်ကြည့်ရင် မိမိကိုယ်တိုင်တောင်မှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလို အော်ဟစ်တာကို ရှောင်ကြဉ်ရင် မကောင်းဘူးလား။

          တချို့သောဇနီးသည်တွေက control လုပ်တာပါပဲ။ မိမိပြောသမျှခင်ပွန်းက လုပ်ရမယ်ဆိုတဲ့ သဘောပေါ့နော်။ အဲ့ဒီလို bossy ပုံစံမျိုးလုပ်တာ မကြိုက်ပါဘူး။ ခင်ပွန်းကို သူကိုယ်တိုင် ဦးဆောင်ပါ စေ။ သူဟာ ဒီမိသားစုရဲ့ခေါင်းဆောင် ဦးဆောင်သူဖြစ်တယ်ဆိုတာကို ခံစားစေဖို့ နေရာပေးထားပေး ပါ။ ဒီမိသားစုရဲ့ goal တွေကို ဘယ်သူကမှ ကြိုတင်စီမံထားတာမရှိပေမဲ့လို့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ ဇနီးက အစပြုလက်ခံပေးတာ အကောင်းဆုံးလုပ်ပိုင်ခွင့်မပေးပဲ Loosing ဖြစ်နေ တာကို မခံစားရအောင် သူ့ရဲ့ မိသားစုမှာ steering wheel ပေါ်မှာ ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိအောင် ဇနီးက နေရာပေးနိုင်ပါတယ်။

          နောက်ထပ်မကြိုက်တဲ့ အချက်တွေထဲက ဇနီးသည်က သူမ မကြိုက်တဲ့ တချို့သော အကြောင်းအရာတွေဖြစ်တဲ့ ဒီအရက်သောက်တာ မရပ်သေးဘူးလား? ဘယ်တော့ဖြတ်မှာလဲ? အဲ့ဒီလို အကြောင်းအရာတွေကို ယတိပြတ်ပြောဆိုတာတွေ ဆင်ခြင်ရင် မကောင်းဘူးလား?  အိမ်ထောင်ရေးဆိုတဲ့ ခရီးရှည်ကြီးကို နှစ်ယောက်စလုံးက ပူးပေါင်းဆောင်ရွက်ကြရတာပါ။ ခင်ပွန်း ဆီမှာ ဘာအခက်အခဲတွေရှိနေလို့ ဘာအကြောင်းအရာတွေနဲ့ ရုန်းကန်နေရလို့ stress out အနေနဲ့ အခုလို ပြုမူနေတာလား။ တဖြည်းဖြည်းဆွေးနွေးတိုင်ပင်ပြီး ပြောင်းလဲလာပြီး အဖြေတစ်ခုကို ရနိုင် ပါတယ်။

          ခင်ပွန်းတွေမကြိုက်တဲ့အချက်တွေထဲမှာ ဇနီးသည်က မိမိရဲ့ အိမ်ထောင်ရေး၊ မိသားစုဝင်တွေ ရဲ့ အကြောင်းတွေကို ဘယ်သူကမှ မမေးပါပဲနဲ့ အခြားသူကို ပြောပြချင်နေတာ အဓိကကတော့ မိမိ ခင်ပွန်းကို အပြုသဘောမဆောင်တဲ့ စကားတွေနဲ့ အခြားသူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့သဘော အတင်းပြောတဲ့ သဘော ပြောပြတာ တဖက်နားထောင်တဲ့သူက နားသာထောင်နေရာတာ ဒီဇနီးက လည်း အခုလို ရင်ဖွင့်လိုက်ရတဲ့အတွက် စိတ်ပေါ့ပါးသွားပြီး မိမိဆွေးနွေးလိုက်လို့ အိမ်ထောင်ရေး ပိုကောင်းလာမလားလို့ တွေးမိမှာပဲ။ မိမိအိမ်ထောင်ရေးရဲ့ အဖြစ်အပျက် လျှို့ဝှက်ချက်တွေ အကြောင်းအရာတွေကို ဖွင့်ဟချပြရတာ ဒီသူငယ်ချင်းဆီက အဖြေကောင်း ထွက်နိုင်ပါ့မလား။

          တချို့ဇနီးတွေက ခင်ပွန်းရှိရက်နဲ့ အခြားယောက်ျားသူငယ်ချင်း မိတ်ဆွေတွေထံကနေ အသနားခံပြီး လက်ဆောင်ပစ္စည်းယူတာ၊ ဒါတွေက မိမိကိုယ်ကို နှိမ့်ချလျော့ချတာပဲဖြစ်တယ်။ ဇနီး တစ်ယောက်ရဲ့ အခုလိုပြုမူတာကို ဘယ်ခင်ပွန်းက လက်ခံနိုင်မှာလဲ? မိမိခင်ပွန်းရဲ့ထောက်ပံ့မှုနဲ့ ရောင့်ရဲနိုင်မှာမဟုတ်လား? အဲ့ဒီလို မပြုမူရင် မိမိအိမ်ထောင်နဲ့ မိမိဂုဏ်တက်စေပါတယ်။ မိမိတို့ တည်ဆောက်ထားတဲ့ အိမ်ထောင်ကို ဂုဏ်သရေမျကဆင်းဖို့ စိတ်အလိုမလိုက်ပဲ ဆင်ခြင်ရမှာပါ။

          တချို့ဇနီးတွေက မိမိခင်ပွန်းကို အခြားသော အမျိုးသာတွေနဲ့ နှိုင်းယှဉ်ပြောတတ်ကြတာကို တွေ့ရပါသေးတယ်။ အခြားအမျိုးသားတွေနဲ့ ပိုင်ဆိုင်မှုတွေနဲ့ နှိုင်းယှဉ်နေမဲ့အစား ကိုယ့်ခင်ပွန်းရဲ့ လုပ်ဆောင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ချီးမွမ်းပေးပါ။ ခင်ပွန်းကို ခွန်အားတွေရစေမယ့် ခံစားချက်မျိုးရှိအောင် အားပေးရမှာမဟုတ်လား။ အမျိုးတွေဆိုတာ သဘာဝကိုယ်က ပြိုင်ဆိုင်ရယူ ချင်တဲ့ ဆန္ဒတွေရှိပြီးသားပါ။ အပြစ်ရှိသူအဖြစ်မနေပဲ ခွန်အားပေးသူအဖြစ် တည်ရှိပေးပါ။ အိမ်ထောင်ရေးဆိုတာ တစ်ဦးနဲ့တစ်ဦး ဖိနှိပ်ရတဲ့ဘဝမဟုတ်ပါဘူး။

          တစ်ခါတစ်လေ ဇနီးရဲ့ လိမ်ညာတာကို တချို့ခင်ပွန်းတွေက မသိဟန်ဆောင်နေကြတာတွေ ရှိပါတယ်။ တချို့ခင်ပွန်းကျတော့ အဲ့ဒီလို လိမ်ညာတာကို မနှစ်သက်တဲ့အတွက် ညှင်းပမ်းတာတွေ ရှိပါသေးတယ်။ တကြိမ်လောက်လိမ်ညာတာကို လက်ခံနိုင်ပေမယ့်။ အကြိမ်ကြိမ် လိမ်ညာလာရင် တော့ ဘယ်သူကမှ သည်းခံလာမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဇနီးက အခြားယောက်ျားနဲ့ ဖောက်ပြန်တဲ့ခါမျိုးမှာ ဘယ်ခင်ပွန်းကမှ သည်းခံမှာ မဟုတ်ပါဘူး။ relationship ဆိုတာ ရောင်ပြန် ဟပ်ပါတယ်။ အချင်းချင်းသစ္စာရှိတဲ့ ဘဝနဲ့ relationship ကို မြင့်စေပါတယ်။

          ခင်ပွန်းတွေ မကြိုက်တဲ့ အချက်တွေထဲမှာ သူတို့ကို relationship အရာရာကို ကိုင်တွယ်တာ ကို မကြိုက်ဆုံးပါ။ အထူးသဖြင့် အိမ်ထောင်ရေးရဲ့ ငွေရေးကြေးရေး ဘဏ္ဍာရေးနဲ့ဆိုင်တဲ့အချက်နဲ့ ကာမနဲ့ sex နဲ့ဆိုင်တဲ့ အိမ်ထောင်ရေးတွေပါ။ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ပြောင်းပြန်လုပ်တာပဲ မဟုတ်လား။ ဇနီးနဲ့ခင်ပွန်းက အမြဲတမ်း နီးနီးကပ်ကပ်တိုင်ပင်ပေါင်းစည်းပြီး ပုလဲနံပသင့်စွာနဲ့ ဝင်ငွေကိုလည်း ဇနီးကကိုင်တွယ်တာမလုပ်ပဲ နှစ်ဦးသား တိုင်ပင်သုံးစွဲသင့်ပါတယ်။

          အခုတင်ပြတဲ့ထဲမှာ ဒီထက်မက ခင်ပွန်းသည်တွေ မကြိုက်တဲ့အချက်တွေရှိအုံးမှာပါ။

          အိမ်ထောင်တစ်ခုကို စတည်တည်ထောင်တော့မယ့်သူကော၊ ထူထောင်ပြီးတဲ့သူကော။ မကြိုက်တဲ့ အချက်တွေကနေ အမုန်းတရားဆီ ဦးတည်သွားနိုင်တဲ့အတွက် ဆင်ခြင်းရင်း building lasting relationship ကို တည်ထောင်နိုင်တဲ့သူများဖြစ်ကြပါစေ။

         

 

Add new comment

8 + 0 =