ဇနီးမယားတစ်ယောက်ရဲ့ အိမ်ထောင်တစ်ခုမှာ ပါဝင်တဲ့ အခန်းကဏ္ဍ

Role of a wife

          ဒီနေ့မှာ ဇနီးမယားတစ်ယောက်ရဲ့ အိမ်ထောင်တစ်ခုမှာ ပါဝင်တဲ့ အခန်းကဏ္ဍကို အနည်း အကျဉ်းလောက်လေး တင်ပြပေးသွားချင်ပါတယ်။

          ဇနီးမယားတစ်ယောက်ရဲ့ အခန်းကဏ္ဍကနေ ခင်ပွန်းတစ်ယောက်ကို ပိုမိုကောင်းမွန်တဲ့ ပိုမိုအလားအလာကောင်းတဲ့ အခြေအနေတွေကို ဖန်တီးပြုလုပ်ပေးနိုင်ပါတယ်။

          အိမ်ထောင်ရှင်ဇနီးမယားတိုင်း တွေ့ကြုံပြီးသားတွေပါ။ ဒါပေမယ့် တစ်ခါတလေ အမှုမဲ့ အမှတ်မဲ့ဖြစ်တတ်ကြလို့ သတိထားနိုင်ဖို့ပါ။

          အိမ်ထောင်တစ်ခုမှာ ဇနီးမယားက ဘယ်လိုအခန်းကဏ္ဍက ပါဝင်မှာလဲ၊ ဇနီးမယား တစ်ယောက်ဆိုတာ ခင်ပွန်းရဲ့ လက်တွဲဖော်ပါ။ ဒီလိုတည်ထောင်ထားတဲ့ အိမ်ထောင်ကို ဒီထက် သာ၍ကောင်းအောင် ကောင်းမွန်တဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို စဉ်းစားထင်မြင်ချက်တွေနဲ့ ခင်ပွန်းရဲ့ ဘေးကနေ ဖန်တီးပေးနိုင်တဲ့ ဖန်တီးရှင်တွေဆိုရင် မမှားပါဘူး။ သားသမီးလေးတွေကို ကြည့်ရှု take care လုပ်ရင်း တစ်သက်စာ ဘဝ လက်တွဲဖော်အဖြစ် နေပေးသွားရမဲ့သူတွေပါ။

          ဇနီးမယားဆိုတာ ကိုယ့်ခင်ပွန်းကို အထောက်အကူရစေမဲ့ တစ်ဦးတည်ေးသာ ကူညီနိုင်မဲ့ အတွင်းသိသိ သူတစ်ယောက်ပါပဲ။ ကိုယ့်ခင်ပွန်းကို စား၀တ်နေရေး ဥပမာ - ချက်ရေးပြုတ်ရေး၊ ၀တ်စားဆင်ယဉ်မှုတို့မှာ အဆင်ပြေအောင် လူအများက ဂုဏ်ယူစွာ မြင်နိုင်အောင် သေးသိမ်တဲ့ အမြင်တွေမရှိအောင် ကူညီလုပ်ဆောင်ပေးနိုင်တဲ့သူပါ။ ခင်ပွန်းတစ်ယောက် အများအလည်မှာ တင့်တယ်စွာ ရှိနေနိုင်ဖို့ အိမ်က ဇနီးမယားက နောက်ကနေ ပံ့ပိုးပေးလို့ပဲမဟုတ်လား။ အိမ်ထောင် တစ်ခုကို ပိုကောင်းမွန်တဲ့ အဆင့်ထိ ရောက်အောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ သူတွေပါ။ ဒီတော့ ရေမြင့်ရင် ကြာကလည်း တင့်သွားမှာပါပဲ။ မိန်းမတစ်ယောက်ရဲ့ ဘဝလည်း Auto မြင့်သွားတာပါပဲ။ ဇနီးမယားဆိုတာ ခင်ပွန်းရဲ့ ဦးစားပေးခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ဆိုရိုးစကားရှိပါတယ် a man is the head a wife is a neck ခင်ပွန်းက ဦးခေါင်းဖြစ်ပြီး ဇနီးက ဂုတ်၊ လည်ပင်၊ ပေါ့နော်၊ ‘‘တချို့ဇနီး တွေက ငါတို့က ခင်ပွန်းရဲ့ ဂုတ်ပေါ်ကနေ လိုသလို ထိန်းချုပ်နိုင်တယ်’’လို့ ဟာသအဖြစ် ပြောလေ့ရှိ ကြပါတယ်။ ကျွန်မအထင်ကတော့ ဇနီးမယားရဲ့နေရာက  ကျော်ဇောထင်ရှားတဲ့နေရာ ရိုသေမှုတွေ ရှိတဲ့နေရာ အသိအမှတ်ပြုခံရတဲ့နေရာလို့ ထင်ပါတယ်။ ခင်ပွန်းရဲ့ဘေးကနေ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့သူ အတွင်းစိတ်ကို ပျော်ရွှင်အောင် ဖြည့်ဆည်းပေးနိုင်တဲ့သူလို့ပဲ မှတ်ယူရမှာ ပါပဲ။ ခင်ပွန်းဆိုတာ ဇနီးဆီကနေ honour and respect ရိုသေလေးစားမှုကို ရချင်သလို ဇနီး ကလည်း ခင်ပွန်းဆီက security and love လုံခြုံမှုနဲ့ ချစ်မေတ္တာကို ရချင်ကြတဲ့ သူတွေပါ။ ဇနီးမယားဟာ ခင်ပွန်းကို ရိုသေမှုမပေးရင် အိမ်ထောင်ရှင်ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ အင်မတန် ခက်ခဲသွားနိုင်ပါတယ်။

          ဇနီးမယားဆိုတာ ခင်ပွန်းကို ကျိုးနွံတဲ့သူတစ်ယောက်ဖြစ်ရင် မကောင်းဘူးလား၊ ကြောက်ရ မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူပါ။ အထိတ်တလန့်ဖြစ်သွားစေမဲ့ စကားလုံးမဟုတ် ပါဘူး။ ကျိုးနွံမှုပေးလို့ ခင်ပွန်းရဲ့ demand လုပ်တာခံနေဖို့မဟုတ်ပါဘူး။ ဇနီးကောင်းတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ခင်ပွန်းနဲ့အတူ တိုင်ပင်ညှိနှိုင်းရင်း ကျိုးနွံတဲ့ သဘောပါ။ အဲ့ဒီတော့ ခင်ပွန်းကလည်း သူ့ဇနီးနဲ့ မိသားစုအပေါ် သူ့တစ်သက်တာ ဘဝတစ်ခုလုံး ပုံအပ်ပြီး စောင်ရှောက် သွားမှာအမှန်ပါပဲ။ ကျိုးနွံတယ်ဆိုတာ ဇနီးမယားရဲ့အတွင်းစိတ်ကနေ အလိုလိုထိုးထွင်း သိမြင်လာ တဲ့ ဉာဏ်နဲ့ မိမိလက်တွဲဖော်နဲ့အတူ အိမ်ထောင်တစ်ခုကို လက်တွေ့လုပ်ဆောင်ကြရတဲ့သဘောပါ။

          ဇနီးမယားဆိုတာ home မိသားစုတွေနေတဲ့ အိမ်ကို ကိုယ်တိုင်တည်ဆောက်ရတဲ့သူပါ။  မိသားစု၀င်တွေပြည့်စုံတဲ့ချစ်ခြင်းတရားတွေရှိဖို့ မိသားစုဝင်တွေပျော်ရွှင်ဖို့ တည်ဆောက်ရတဲ့သူ ဆိုရင် မမှားပါဘူး။ အိမ်ဆိုတာ မိသားစု၀င်တွေ နားနေနိုင်ဖို့ တည်ဆောက်ကြတာပါ။ တချို့သော မိသားစုတွေဆိုရင် နေစရာအိမ်မရှိလို့ မိသားစု၀င်တွေ ပျော်ရွှင်စွာ နေနိုင်ဖို့ တမ်းတရင်း ဘဝတစ်ပါး ကို ရောက်သွားကြတာတွေရှိနေပါတယ်။ ဥပမာ - တောင်ကိုရီးယားမှာ ရောက်ရှိနေထိုင်နေတဲ့ Martha Htoo Wah အဖေက အိမ်လေးတစ်လုံးလိုချင်တယ်ဆိုတဲ့ ရင်တွင်းခံစားချက်နဲ့ ရေးသား ဖော်ကျူးခဲ့တဲ့ သီချင်းဟာ အာရှတခွင်မှာ နံမည်ကျော် အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တချို့သော အိမ်ထောင်တွေကို လှေတစင်းနဲ့ တင်စားရင် လှေကို လှော်ရင်း လှော်တက် ကြိုးသလို လိုရာပန်းတိုင်ကိုလည်း ကြိုးစားလှော်ရင်း ရောက်နိုင်ပါတယ်။

          ဇနီးမယားတစ်ယောက်ဟာ မိမိခင်ပွန်းအပေါ် လေးစားမှုတွေရှိဖို့ အထူးပဲလိုအပ်ပါတယ်။ အများသူငှာရှေ့၊ သားသမီးတွေရဲ့ရှေ့မှာ အရိုအသေမပေးတာက အင်မတန်မှ အကျည်းတန်လှပါ တယ်။ မိမိတို့ ဇနီးမောင်နှံ နှစ်ဦးတည်းရှိတဲ့အချိန် အနားမှာ ဘယ်သူမှမရှိတဲ့အချိန်ကျမှ မကျေနပ် ချက်ကို ပြောတာ အသင့်တော်ဆုံးပါ။ ဇနီးမယားအနေနဲ့ ခင်ပွန်းကို ဘယ်လိုစကားပြောရမယ်။ ဘာ ကိုပြောရမယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ သိက္ခာပေါ်မှာ အများကြီးမူတည်နေပါတယ်။

          မတန်တဆ အပြစ်တင်ဝေဖန်တာကလည်း မလုပ်သင့်ပါဘူး။ ဝေဖန်နေမယ့်အစား မိမိမှာ ပေါ်လာတဲ့ အကြံဉာဏ်တွေနဲ့ တည်ဆောက်ပေးတာ အသင့်တော်ဆုံးပါ။ ဒါကြောင့် ခင်ပွန်းကို ပြောတဲ့အခါ စကားမပြောခင်မှာ ပညာသတိရှိပါ။ စကားမပြောခင်မှာ တွေးပြီးမှပြောပါ။ ဇနီးမယား တစ်ယောက်ဆိုတာ အမြော်အမြင်ရှိတဲ့ အပြောအဆိုတွေနဲ့ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ခင်ပွန်းအနား မှာ သစ္စာရှိစွာနေပြီး ခင်ပွန်းကို feel great ဖြစ်စေပါတယ်။

          ခင်ပွန်းကို တတ်နိုင်သမျှ support ထောက်ပံ့ပေးမယ် လင်မယားနှစ်ယောက် ဘယ်သူကမှ boss မဟုတ်ပဲ မျှမျှတတနဲ့ အိမ်ထောင်ကို ထိန်းသိမ်းကြတာ အဆင်ပြေဆုံးပဲမဟုတ်လား။

          ဒါကြောင့် ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းရဲ့ ဘေးကနေ သင့်တင့်လျောက်ပတ်တဲ့ အကူအညီတွေပေးနိုင်တဲ့သူအဖြစ် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရအောင် ပါဆိုတာကို တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်လိုက်ပါတယ်။

Add new comment

9 + 10 =