ကိုယ့်လက်တွဲဖော်ကို အမြဲတန်ဘိုးထားပြီး တွယ်တာမြတ်နိုးနိုင်ဖို့

Cherish

            ဒီနေ့မှာ ကိုယ့်လက်တွဲဖော်ကို အမြဲတန်ဘိုးထားပြီး တွယ်တာမြတ်နိုးနိုင်ဖို့ဆိုတဲ့ အကြောင်းအရာကို မျှဝေပေးသွားမှာပါ။

            လူတိုင်းက (ဝါ) တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကိုယ်တွယ်တာမြတ်နိုးတဲ့သူကို ဆိုရင် အခြေခံအားဖြင့် သူ့အမူအရာ၊ အပြုအမူတွေကို ရိုသေမှုပေးတာပဲ အတွင်းစိတ်ခံစား ချက်ကနေ လှိုက်လှိုက်လှဲလှဲ ရိုသေပေးတာပါ။

            ကိုယ့်လက်တွဲဖော်က လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ဘယ်သူမှ မတိုက်တွန်းဘဲနဲ့ ကိုယ်ကနေ ကိုယ့်ရဲ့ ကောင်းတဲ့ တန်ဘိုးကို ပေးချင်နေတာပါ။ ကိုယ့်ရဲ့ ရင်တွင်းဆုံးဖြတ်ချက်ကနေ လက်ဆောင်အဖြစ် ပေးချင်နေတာပါ။

            အခြေခံအားဖြင့်လည်း ကိုယ့်ရဲ့ဟန်နေဟန်ထားကအစ အပြုအမူတွေနဲ့ အရာရာ တိုင်း ကိုယ့်လက်တွဲဖော်ရဲ့ စိတ်ခံစားချက် သက်တောင့်သက်သာဖြစ်အောင် အလိုလိုပြုမူ နေထိုင်တာပဲဖြစ်ပါတယ်။ ဒီလိုပြုမူတာဟာ လက်တွဲဖော်ကို အင်မတန် တန်ဘိုးထားပါတယ် ဆိုတဲ့ သဘောဆောင်စေပါတယ်။ ဒီလိုပြုမူတာက လက်တွဲဖော်အပေါ်မှာ ရိုးသားတဲ့ အနှစ် သာရပါပဲ။

            ဒီလို မိမိကိုယ်မိမိ ရိုးသားတယ်ဆိုတာကလည်း မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပြီး လက်တွဲဖော်အတွက် ရိုးသားတဲ့ အပြုအမူတွေနဲ့ တန်ဘိုးဖြတ်နိုင်တဲ့ ရတနာတစ်ခုကို ပေးလိုက်တာပါပဲ၊ လူတစ်ယောက်ရဲ့ အထိုက်တန်ဆုံး တန်ဘိုးအရှိဆုံး အရာကို ပေးလိုက် တာပါ။

            သမ္မာကျမ်းစာ ပညာအလိမ္မာကျမ်း အခန်းကြီး ၁၈ အခန်းငယ် ၂၂ မှာ ဇနီးမယား တစ်ယောက်ကို ရသောသူသည် ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာဖွေတွေ့ရှိသော သူဖြစ်၏ ဟု ပါရှိပါတယ်။ ဘုရားသခင်ကိုယ်တိုင်က ကိုယ့်လက်တွဲဖော်ဟာ အင်မတန် တန်ဘိုးရှိတယ်ဆို တာကို မိန့်ကြားထားတာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လက်တွဲဖော်တွေအတွက် စဉ်းစားဆင်ခြင်ပြီး ပေးထားတာဖြစ်ပါလိမ့်မယ်။

            အကယ်၍ ကိုယ့်လက်တွဲဖော်နဲ့ စိတ်ဆိုး၊ ဒေါသထွက်စကားများခဲ့မယ်ဆိုရင် တစ်ချိန်မှာ သူရဲ့ ယုံနိုင်ဖွယ်မှရှိတဲ့ တန်ဘိုးတွေကို ပြန်ပြီး awareness  လုပ်လိုက်ပါ။ ဒီလို ဒေါသဖြစ် မကြေမနပ်ဖြစ်တော့  သူ့ရဲ့တန်ဘိုးကို မမြင့်တော့ဘူး မေ့နေတယ်။ သူ့ကို မမြတ် နိုးတော့ဘူး။ ကိုယ့်ရဲ့ အပြုအမူတွေက လက်တွဲဖော်ကို မကြည်ဖြူ မလေးစားတော့ဘူး။ ဒါတွေအားလုံး နံရံတစ်ဖက်မှာ ထားခဲ့လိုက်ပါ။ ပြီးတော့ နားလည်ပေးလိုက်ပါ။

            တစ်ခါတစ်လေမှာ မှားထားတဲ့အတွက် အမှန်ကို ချည်းပဲ ဖြစ်စေရမယ်ဆိုတာထက်  ဉာဏ်ရှိစွာနဲ့ သနားကြင်နာတဲ့ နှလုံးသားနဲ့ ရင်ထဲကနေ နားထောင်ပေးလိုက်ပါ။

            အိမ်ထောင်ရှင်တစ်ယောက်က အခုလို ရင်ဖွင့်တာ ကြားဖူးပါတယ်။ လက်ထက် ထိမ်းမြားလိုက်တယ်ဆိုတာနဲ့ အလုပ်တွေမျိုးစံလုပ်ရတယ်။ တစ်ခါတစ်လေ စိတ်အခန့်မသင့် ဖြစ်ရင်လည်း နှစ်ဖက်ကြေအေးအောင် ကိုယ်တိုင်လုပ်ယူရတယ်။ အနစ်နာခံရတယ်။ အလျော့ပေးရတဲ့ အခါလည်းရှိတယ်။ မာနတွေလည်း လျှော့ရတယ်လို့ ဆိုပါတယ်။

            လူသားရဲ့ သဘာဝကိုက ကိုယ်မှန်တဲ့လမ်းကိုလျှောက်ချင်ကြတယ်။ ဒါပေမဲ့ အခုလို သည်းခံအလျှော့ပေးတာဟာလည်း  အချစ်စစ်၊ အချစ်မှန်ဟာလည်း နက်နက်ရှိုင်းရှိုင်း ရှိမှာ မဟုတ်လား။ ပြီးတော့လည်း ကိုယ့်လက်တွဲဖော်ကို စိတ်ဓာတ်တက်ကြွအောင် ပီတိတွေဖြာ နေအောင်လည်း လုပ်ပေးကြရအုံးမျာပါ။

            တစ်ခါတစ်လေမှာလည်း လက်တွဲဖော်အချင်းချင်း စိတ်အခန့်မသင့် စိတ်ပျက်ကြတာ တွေရှိပါတယ်။ Nobody’s perfect ပါ တစ်ယောက်လက်ကို တစ်ယောက်ခိုင်ခိုင်မြဲမြဲတွဲနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်ရပါအုံးမယ်။ တွဲရတာခက်ခဲပေမဲ့လည်း relationship together ဖြစ်နေရပါ မယ်။

            ဒါကြောင့်မို့ ရှေ့ခရီးကို အရှည်ကြီးတွေးနိုင်ရမယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်လက္ခဏာ မပျောက်သွားအောင်  ကြိုးစားရမယ်။ ကိုယ့်ရဲက အတ္တတွေကို တတ်နိုင်သမျှ လျှော့ပြီး ပိုပြီး ပေးဆပ်နိုင်ဖို့ သတိ္တတွေ မွေးရမယ်။ စွန့်စားနိုင်ရမယ်။ ဒါဆိုရင်တော့ အချစ်က ရေရှည်ခိုင်မြဲ မှာပါ။ love last  ပေါ့။

            ကျွန်မဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ သူ့ရဲ့ မိခင်နဲ့ ဖခင်တို့က perfect marriage ဖြစ်ဖို့ အခုလို ကြိုးစားကြတာကို ရေးထားပါတယ်။ သဘောမတူတာ သဘောထားကွဲလွဲတာ တွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းကြတယ်။ စိတ်ထဲမှာ မထားဘူး။ ဒါပေမယ့် တစ်နေ့မှာ အကြီးအကျယ် စိတ်အခန့်မသင့်ဖြစ်ကြတယ်။ ဒီတော့ ဖခင်က တခြားအခန်းမှာ မိခင်ကလည်း သူဘာသာနေကြတော့ သားက အဖေနဲ့ အမေအတွက် စိတ်ပူပြီး အဖေရှိတဲ့ အခန်းထဲသွားတော့ အဖေက ဒိုင်ယာရီစာအုပ်တစ်အုပ်ကို စူးစူးစိုက်စိုက်ဖတ်နေတာ တွေ့ရ တယ်။ အဖေဘာတွေဖတ်နေတာလဲ ကြည့်လိုက်တော့ သူ့ဇနီးကို ဘယ်အချိန်းတုန်းက သူ့ဘာကြောင့် ပိုချစ်သွားတယ်။ ဘယ်အချိန်က သူ့လုပ်ဆောင်ချက်တွေက အိမ်ထောင် အတွက် ပိုအကျိုးရှိသွားတယ် စတဲ့ သူကိုယ်တိုင် ရက်စွဲနဲ့ တကွ ရေးထားတာတွေ ပြန်ဖတ်နေတာ တွေ့ရပါတယ်။ အိမ်ထောင်သက် (၃၀)နှစ်လောက်ဆိုတော့ အများကြီးပါပဲ အဲ့ဒီအချိန်မှာ သူက သူ့အဖေကို အရမ်းလေးစားသွားတယ်လို့ ငါ့အလှည့်ကျရင်လည်း ဇနီး သည်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးမွမ်းတာ ဂုဏ်ယူနိုင်တာတွေလုပ်မယ်လို့ သဓိဋ္ဌာန်ချလိုက် မိပါတယ်လို့ ရေးသားထားပါတယ်။

            Time decides who you mee in life  your heart decides who you want in your life and your behavior decided who stays in youlife.

            ဒါကြောင့် ကိုယ့်လက်တွဲဖော်ကို ဆောင်ရွက်ဖို့ခက်ခဲတဲ့ အရာတွေကို မကြာခဏ လျှော့ပြီး ခန့်မှန်းပါ။ အပြုံးကိုဆောင်ပါ။ ကြင်နာတဲ့ စကားတွေပြောပါ။ လက်တွဲဖော်က ပြောလာတဲ့ စကားတွေကို နားထောင်နိုင်စွမ်းရှိအောင်နေပေးပါ။ ရိုးသားမှုတွေနဲ့ ဖြည့်စွက်ပေးပါ။  အသေးအဖွဲလေးကအစ ဂရုတစိုက်ပြုစုစောင့်ရှောက်ပါ။ ဖြစ်နိုင်စွမ်းရှိတဲ့ အစွမ်းတွေနဲ့ တည်ဆောက်ပါ။ လက်တွဲဖော်ရဲ့ အကြံတွေ အများကြီးလိုတာမဟုတ်ပါဘူး။ အဓိကလိုတာက တစ်ဦးလက်ကို တစ်ဦးတွဲထားဖို့ တစ်ဦးက ပြောတာတွေကို လက်ခံပြီး ကြားနိုင်ဖို့နဲ့ အသည်းနှလုံးက လက်တွဲဖော်ကို နားလည်ပေးဖို့ပဲ လိုတာပါ။ ဒီလိုပြုမူတာတွေ ကလည်း တန်ဘိုးထားတဲ့ အပြုအမူတွေပါပဲဆိုတာ တင်ပြရင်း ဒီနေ့အစီအစဉ်နားကို ရပ်နား ခွင့်ပြုပါ။

 

* * * * * *

Add new comment

6 + 9 =