ကလေးတွေမှာ တွေ့ရတတ်တဲ့ မကောင်း တဲ့အပြုအမူများအကြောင်း

       သောတရှင်အားလုံး မင်္ဂလာပါ။ ဒီနေ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ မကောင်း တဲ့အပြုအမူများအကြောင်းကို တင်ပြပေးပါ့မယ်ရှင်။

       ကလေးငယ်လေးတွေဆိုတာ ငယ်စဉ်အခါမှာကတည်းက ကိုယ်လိုသလို ပုံသွင်း ဖို့ လွယ်ကူတဲ့ ဖယောင်းရုပ်ကလေးတွေပဲ မဟုတ်ပါလား။ ကိုယ်ကစောစောစီးစီးသတိ ထားမိရင် သူတို့ရဲ့ မပြုအမူမှားလေးတွေကို သူတို့စိတ်ထဲ စွဲမြဲမသွားအောင်လို့ ဆုံးမ ပဲ့ပြင်နိုင်ပါသေးတယ်။ တစ်ချို့ကလေးတွေကျပြန်တော့လည်း မိဘ ဘိုးဖွားတွေက လွှဲမှားစွာ ချစ်ကြတဲ့အတွက်ကြောင့် အလိုလိုက်လွန်းသလို ဖြစ်တတ်ကြပြန်တယ်။ ဒီတော့ကလေးတွေက တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာသလဲဆိုရင် တစ်ကိုယ် ကောင်းဆန်တတ်လာမယ်။ တစ်ခြားသူကို အနိုင်ကျင့်တတ်လာမယ်။ ကိုယ့်အားကို မကိုးချင်ဘဲ ရေသာခိုတတ်တဲ့ကလေးများဖြစ်လာပါလေ့မယ်ရှင်။ ဒါတွေဟာ ကလေး အသက်တစ်နှစ်လောက်ကတည်းက ဒီလိုအပြုအမူလေးတွေကို တွေ့ရတတ်တာမို့လို့ မိဘတွေသတိထားမိရင်လည်း ကြိုတင်ပြီး ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုအပ်လှပါတယ် ရှင်။ အလိုလိုက်လွန်းတဲ့ မိသားစုများကြားမှာဆိုရင် ကလေးက ကြမ်းပြင်ပေါ်၊ မြေကြီး ပေါ်လှိမ့်ချပြီး ငိုယိုတာ ပစ္စည်းတွေ ဖေါက်ခွဲပစ်တာတွေလည်း လုပ်တတ်ကြတာ မိဘ တွေသိပါတယ်။ တချို့မိဘကျပြန်တော့လည်း ဂုဏ်ယူစွာနဲ့ပဲ သူ့သားသမီးက သိပ် ဒေါသကြီးတဲ့အကြောင်း ဘာကိုဘယ်လိုရိုက်ခွဲလိုက်တဲ့အကြောင်း မိမိရဲ့ မိတ်ဆွေ တွေကို တဗြုန်းဗြုန်းနဲ့ ကလေးတွေရှေ့မှာ ပြောနေတဲ့အခါမှာ ဒီလိုနုနယ်တဲ့ ကလေး ရဲ့ အသိမှာ သူဒီလို ထင်တိုင်းကျဲလုပ်တာဟာ မကောင်းတဲ့ အပြုအမူလို့ မထင်တော့ ဘဲနဲ့ ပိုပြီးရောင့်တတ်လာပြီးတော့ လုပ်ကိုင်လာတော့မှာ သေချာပါ တယ်ရှင်။

ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက ဒီလိုအပြုအမူတွေဟာ မကောင်းကြောင်း လိမ္မာရေးခြားရှိတဲ့ကလေးတွေက ဒီလိုမပြုမူဘူးဆိုတာကို ပြောပြပေးရမှာ မိဘတွေရဲ့ တာဝန်ပဲ မဟုတ်ပါလားရှင်။ တချို့မိဘတွေကျပြန်တော့လည်း ကလန်ကဆန်လုပ် တတ်တဲ့ကလေးပေါက်စလေးတွေကို ကလေးထက်လူကြီးက ပိုစိတ်ဆိုးပြီး ရိုက်နှက် တာ ကြိမ်းမောင်းအပြစ်တင်တာ ကလေးနဲ့ မလိုက်ဖက်အောင် အပြစ်ပေးတာ တွေ့ နေရပါတယ်။ ဒီလိုနည်းလမ်းမကျတဲ့ ဆုံးမပြန်တော့လည်း ကလေးက စိတ်ဒဏ်ရာ ရသွားပြီး  မိဘနဲ့ ကလေးကြားမှာ နားလည်မှုတွေပျောက်ဆုံးတတ်ကြ ပြန်တယ်။ နောက်ပြီးကလေးက အတိုက်အခံလုပ်တတ်လာတဲ့အပြင် ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တဲ့ လူ့ပတ်ဝန်းကျင်မှာ မနေတတ်တဲ့ ကလေးလေးတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်ရှင်။

ဒါကြောင့် ကလေးကို ကြောက်အောင်ခြောက်တာ အကြမ်းပတမ်းပုံသွင်းတာလဲ မကောင်းပါဘူးရှင်။ ကလေးတွေဆိုတာ အတုမြင် အတတ်သင်တဲ့အရွယ်ဘဲမဟုတ်ပါ လား။ မဖြစ်အောင် မိဘတွေက ကြိုတင်ကာကွယ်ရမှာပါ။ တချို့ကျတော့လည်း ကလေးငိုရင် ဘာလိုချင်လဲ။ ဘာစားချင်နေတာလဲ စသဖြင့် ကလေးစိတ်ကြိုက််ရွေး ချယ်ပြီး အလိုလိုက် အကြိုက်ဆောင်ကြပြန်သေးတယ်။ ဒီတော့ ကလေးက မိဘတွေ ရဲ့အကြောကို သိသွားပြီးတော့ သူလိုချင်တာမရမချင်း ငိုယိုပြီးတော့ သူ့ရဲ့လက်နက် ကို သူက အသုံးချပြန်တယ်။ ဒီလို ငိုယိုပူဆာတဲ့အကျင့်တွေပါမသွားအောင် အကျိုး သင့် အကြောင်းသင့် နားဝင်အောင် ပြောဆိုဆုံးမပေးရင် ဒီအချိန်ဟာ အသင့်တော် ဆုံးဘဲလို့ ကျွန်မထင်ပါတယ်ရှင်။ ကလေးကို အငိုမခံရလေအောင် လိုသမျှ အကြိုက် ဆောင်တဲ့အခါမှာ ကလေးက ဒီလိုအပြုအမူမျိုးကို အကျင့်ပါသွားတတ်ပါတယ်ဆိုတာ မိဘတွေသိထားသင့်ပါတယ်။ မိမိတို့ရဲ့ အိမ်မှာ ဒီကလေးဟာ တက်မှာကြောက်လို့ ဆိုတဲ့ လွှဲမှားတဲ့ထင်မြင်ချက်နဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်လာပါတော့တယ်။ ဒီအကျင့် ကြီး စွဲမြဲသွားရင် မိသားစုအတွက်ရော ကလေးအတွက်ပါ မကောင်းပါဘူးဆိုတာ မိဘ တွေသိရမှာပါ။ တကယ်အတက်ရောဂါရှိတဲ့ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။

တချို့မိဘတွေကျပြန်တော့လည်း မုသားမပါ လင်္ကာမချောဆိုသလို လိမ်ညာတဲ့ စကားတွေကို ကလေးရှေ့မှာ သုံးကြ ပြောကြပြန်သေးတယ်။ သူတစ်ပါးကို မထိခိုက် တဲ့စကားဖြစ်ပေမဲ့လို့ ကလေးအသက် (၂)နှစ် (၄)နှစ်လောက်အရွယ်မှာ ဒီလိုစကား ပြောသင်နေတဲ့အချိန်မှာ လူကြီးတွေက လိမ်ညာပြောတဲ့အခါမှာ ဒီကလေးလေးဟာ လည်း လိမ်ညာပြောတတ်လာမှာပဲ။ ဒီတော့ မိဘတွေက ဒီသားသမီးလေးတွေရဲ့ ရှေ့ မှာ ဆင်ခြင်ပြီးနေရမှာပါ။ ဒီလိုလိမ်ညာပြောတာ မကောင်းတဲ့အကြောင်း ရိုးသား ဖြောင့်မတ်ခြင်းကသာ အမူအကျင့်ကောင်းဖြစ်တာကို သဘောပေါက်အောင် ကလေး တွေလိုက်နာအောင် သင်ပေးရမှာပါ။ တချို့ကလေးတွေကျပြန်တော့လည်း သူတို့ အပြစ်လွှတ်အောင် လိမ်ညာပြီး ပြောမှန်းသိရက်နဲ့ မိဘက မသိချင်ဟန်ဆောင်ရင်း ချီးကျူးသလိုနဲ့ လူရည်လည်လိုက်တာကွာဆိုတဲ့စကားကို ကလေးရှေ့မှာ ပြောခဲ့တာ ရင် ဒီကလေးက သူ့ကို အားပေး အားမြှောက်လုပ်တယ်ဆိုပြီး ဒီလို လိမ်ညာတာတွေ ဆက်လုပ်နေတော့မှာပေါ့။ တချို့ကလေးကျပြန်တော့လည်း မိဘနဲ့ ထိပ်တိုက်ရင်ဆိုင် ရတာမျိုး မဖြစ်ချင်တော့တဲ့အခါမှာ အပြစ်ကို ဝန်မခံတော့ဘဲနဲ့ လိမ်ညာလွှဲပြောင်းပြီး ပြောတတ်ပြန်သေးတယ်။ ဒါကို မိဘတွေက မသိလိုက် မသိဖာသာလက်ခံလိုက်ရင် ဒီကလေးက ဒီအကျင့် စွဲမြဲသွားစေမှာပါ။

တချို့မိဘများကျပြန်တော့လည်း ကလေးကို စကားသင်ပေးရင်းနဲ့ အဆဲပါ သင်ပေးတတ်တာမို့ ဒါတွေကို ရှောင်ကျဉ်သင့်ပါတယ်။ မိဘတွေက နားထောင် ကောင်းသလို သဘောကျနေရင်တော့ ကလေးက အကျင့်ပါသွားပြီး ဆုံးမရခက်ခဲတဲ့ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါသေးတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင် တဲ့ နေရာမှာ သမာသမတ်ကျစွာနဲ့ အရေးကြီးလှတဲ့ အပိုင်းကို ဆုံးမခဲ့ရင်လည်း ဒီ ကလေးကြီးပြင်းလာတဲ့အခါမှာ အိမ််တွင်း ဆူပူသူတစ်ဦးဖြစ်လာမှာ မလွဲပါဘူးရှင်။ မိဘတွေကလည်း ကိုယ့်သားသမီးကို လိမ္မာရေးခြားရှိရှိနဲ့ အေးဆေးတည်ငြိမ်စွာနဲ့ ကြီးပြင်းလာစေချင်ရင် မိဘတွေကိုယ်တိုင်က စံပြတွေအဖြစ် ကလေးတွေရှေ့မှာ ပြုမူ နေထိုင်ကြရမှာပါဆိုတာကို တင်ပြရင်း ဒီနေ့သီရိဂေဟာကဏ္ဍကို ရပ်နားလိုက်ပါ တယ်။ သောတရှင် မိသားစုများအားလုံး ကျန်းမာပျော်ရွှင်တဲ့ မိသားစုများ ပိုင်ဆိုင်ကြ ပါစေ။

Add new comment

1 + 11 =