သံသယစိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းရှောက်ရမယ် သံသယစိတ်ရှိသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလုပ်သမျှ၌ တည်ကြည်မှု မရှိ

ဖေဖော်ဝါရီလ 17 ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ 17 ရက် ရှင်ယာကုပ် ဩဝါဒစာမှာ သံသယစိတ်မရှိဘဲ ယုံကြည်ခြင်းနှင့် တောင်းရှောက်ရ မည့်အကြောင်း၊ သံသရစိတ်ရှိသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလုပ်သမျှ၌ တည်ကြည်မှု မရှိသောကြောင့် ဘုရားသခင်ထံမှ တစ်စုံ တစ်ရာကိုရရှိလိမ့်မည်ဟု မထင်မှတ်သင့်သည့်အကြောင်း နှင့် ရှင်မာကု ဧဝံဂေလိကျမ်းစာမှာ ဖာရီဇေဦး များက ကိုယ်တော့်ကို စမ်းသပ်ရန် ကောင်းကင်မှနမိတ်လက္ခဏာကိုတောင်းသည့်အကြောင်း၊ ကိုယ်တော်သည်ထိုသူတို့အတွက် စိတ်ပျက်တော်မူသည့် အကြောင်းတို့ကို ကြားနာခဲ့ရတယ်။

ယုံကြည်သူတွေအနေနဲ့ ဘုရားက ငါ တောင်းတာပေးမှ ငါသူ့ကိုယုံမယ်၊ တန်ခိုးလက္ခဏာတွေမြင်တွေ့ရမှ ယုံကြည်မယ်ဆို တဲ့ယုံ ကြည်ခြင်းမျိုးရှိနေသလား။

သခင် ခရစ်တော် ကိုယ်တိုင် လောကထဲကိုဆင်းကြွလာပြီး မျက်စိမမြင်သူကိုမြင်စေတယ်၊ နားမကြားသူကိုကြားစေတယ်၊ စကား မပြောဆိုနိုင်သူကို ပြောဆိုနိုင်စေတယ် ရောဂါဝေဒနာအမျိုးမျိုးကို၊ ပျောက်ကင်းစေတယ်၊ သေတဲ့သူကိုအသက်ပြန်ရှင်စေတယ်၊ သဘာဝတရားကိုအမိန့်ပေးပြီးစေခိုင်းနိုင်သူဖြစ်တယ်၊ ပင်လယ်ကိုအမိန့်ပေးပြီးငြိမ်သက်စေတယ်၊ ရေပေါ်မှာလမ်းလျှောက်ခဲ့ တယ်၊ လူတွေကို ဘုရားသခင်နှင့်ပြန်လည် ပေါင်းစပ်နိုင်ဖို့၊ မိမိရဲ့အသက်သွေးအားဖြင့်၊ ကယ်တင်ပေးခဲ့သူ၊ လမ်းပြပေးခဲ့သူ၊ သေခြင်းကိုအောင်မြင်ပြီး အသက်ရှင်တော်မူသောဘုရားအဖြစ် ကျွန်ုပ်တို့နဲ့အတူရှိနေတယ်၊ အဲဒီဘုရားကိုတို့ယုံတာဖြစ်တယ်။

ဘုရားကိုကိုယ်ကစမ်းသပ်ရအောင်၊ ကိုယ်ကဘာအဆင့်အတန်းရှိလို့လဲ၊ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားကဘုရားပါပဲ၊ သင်ယုံကြည်ကိုးကွယ်နေလို့ သူကဘုရားဖြစ်နေတာမဟုတ်ပါဘူး။ ဘုရားအပေါ်မှာထားတဲ့ သင့်ရဲ့ယုံ ကြည်ခြင်းကြောင့်သာ သင့်မှာအကျိုးကျေးဇူးတွေခံစားရတာပါ။

 ဒီကနေ့ သမ္မာကျမ်းစာက သံသယကင်းမဲ့စွာ အပြည့်အဝယုံကြည်ကြဖို့၊ လက့်တွေ့မြင်ရကြားရသိရမှ ဘုရားကိုရုံမယ် ဆိုတဲ့ နိမ့်ညံ့တဲ့၊ စိတ်နှစ်ခွဖြစ်စေတဲ့စိတ်မျိုးကိုမထားကြဖို့ ယုံကြည်သူတွေကိုသတိပေးနေတယ်။ ။

By Kyi Maung

Add new comment

2 + 0 =