သင့်ရဲ့မရှိခြင်း၊ မသိခြင်း၊ မတတ်ခြင်း၊ မလုပ်နိုင်တော့ခြင်းတွေကို ဘုရားနှင့်ပေါင်းစပ်ပြီးဖြေရှင်းဖူးပါသလား

RVA Chapel

ဖေဖော်ဝါရီလ ၁၅ ရက်

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ ရက် ရှင်မာကု ဧဝံဂေလိကျမ်းစာမှာ သခင်ခရစ်တော်မှ လူလေးထောင်ခန့်ကို ပေါင်မုန့်ခုနှစ်လုံး ငါးအနည်းငယ်နှင့် ဝလင်အောင်ကျွေးခဲ့သည့်အကြောင်းကိုကြားနာခဲ့ရတယ်။

သခင်ခရစ်တော်က မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲသောနေရာတွင်သူနှင့်အတူရောက်ရှိနေကြသော လူအုပ်ကြီးအားကျွေးနိုင်ရန် သင်တို့မှာဘာရှိသလဲဟု သူ့ရဲ့တပည့်တော်ကြီးတွေအာ မေးခဲ့တယ် တပည့်တော်ကြီးတွေက ပေါင်မုန့်ခုနှစ်လုံး ငါးအနည်းငယ် ရှိကြောင်းဖြေခဲ့ပြီး သခင်ခရစ်တော်ကိုပေးခဲ့တယ်၊ ကျေးဇူးတော်ချီးမွမ်းပြီး ပေါင်မုန်နဲ့ ငါးတို့ကို ပွားများစေပြီးလူလေးထောင်ခန့်ကိုဝလင်အောင်ကျွေးခဲ့တယ်။

 ဒီနေရာမှာသခင်ခရစ်တော်က ဘဝဒုက္ခအခက်အခဲရောက်ချိန်၊ ပြတ်လပ်မှုတွေ့ကြုံတွေ့ရချိန်၊ မည်သို့ဖြေရှင်းရမလဲဆိုတာကိုသင်ပေးလိုက်ခြင်းပါပဲ။

ကျွန်တော်တို့တစ်တွေဘဝ မှာ လူတွေရဲ့ဂရုစိုက်မှုမခံရတော့တဲ့အချိန်၊ အလုပ်ပြုတ်အလုပ်လက်မဲ့ဘဝရောက်ချိန်၊ ကိုယ့်မှာဘာအရင်းအနှီးမှမရှိတော့တဲ့အချိန်၊ စားသောက်စရာမရှိတော့တဲ့အချိန်၊ ဒီလိုအခြေအနေမျိုးမှာသင် ဘယ်လိုဖြေရှင်းသလဲ။ သခင်ခရစ်တော်က ဘုရားနှင့်ပေါင်းစပ်ခြင်းနည်းလမ်းအားဖြင့် ဖြေရှင်းဖို့သင်ပြပေးနေတယ်၊

 သင့်ရဲ့မရှိခြင်း၊ မသိခြင်း၊ မတတ်ခြင်း၊ မလုပ်နိုင်တော့ခြင်းတွေကို ဘုရားနှင့်ပေါင်းစပ်ပြီးဖြေရှင်းဖူးပါသလား၊ မသိခြင်းမတက်ခြင်းမလုပ်နိုင်ခြင်း ဒုက်ခအခက်အခဲထဲမှာတစ်ယောက်တည်းရုံးကန်မနေပါနဲ့၊ ဘုရားနှင့်ပေါင်းစပ်ပြီးကြိုးစားကြည့်ပါ၊ သင့်မှာကျန်ရှိနေတဲ့အရာကို ဘုရားကိုပေးလိုက်ပါ၊ သူသင့်အတွက် သင်လိုအပ်တာထက်၊ ပိုမိုများပြားအောင်လုပ်ဆောင်ပေးလိမ့်မယ်။

ထိုနည်းတူစွာပဲ သင့်ပတ်ဝန်းကျင်မှာလိုအပ်နေသူအားလုံးကို ကူညီရန် သင်တတ်စွမ်းသမျှကို ဘုရားသခင်တောင်းဆို နေတယ်၊ သူနဲ့ပေါင်းစပ်ခြင်းအားဖြင့်၊ သင်ပိုမိုကြီးမားစွာလုပ်ဆောင်လာနိုင်လိမ့်မယ်၊

ဆက်လက်ပြီး သခင် ခရစ်တော် က ဆာလောင်နေသူဆင်းရဲသားတွေကိုကျွေးမွေးဖို့၊ သင့်မှာဘာရှိသလဲမေးနေတယ်၊ သင့်မှာကောင်းမြတ်တဲ့နှလုံးသားရှိလျှင် သခင်ခရစ်တော်ကိုဆက်ကပ်လိုက်ပါ၊

သင့်ရဲ့သေးငယ်တဲ့ဆက်ကပ်မှုကနေ လူသားအကျိုးအများအကျိုးအတွက် ကြီးမားစွာလုပ်ဆောင်နိုင်သူအဖြစ် ဘုရားသခင်သင့်ကိုအသုံးချပါလိမ့်မယ်။

မိမိတို့၏အစွမ်းအစများကို အများအကျိုးလူသားအကျိုးအတွက် ဘုရားသခင်အားဆက်ကပ်နိုင်သူများဖြစ်ကြပါစေ။ ။

By Kyi Maung

Add new comment

1 + 0 =

Please wait while the page is loading

သင့်ရဲ့မရှိခြင်း၊ မသိခြင်း၊ မတတ်ခြင်း၊ မလုပ်နိုင်တော့ခြင်းတွေကို ဘုရားနှင့်ပေါင်းစပ်ပြီးဖြေရှင်းဖူးပါသလား | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.