ဘုရားသခင်ပေးသောဉာဏ်ပညာတို့ကို ကောင်းမွန်စွာအသုံးချပြီး မိမိပတ်ဝန်းကျင်ကို ကောင်းမွန်သောအရာများ ဝေမျှနိုင်သူများဖြစ်ကြပါစေ

ဖေဖော်ဝါရီလ ၁၂ ရက်

 ဒီကနေ့ ဖေ‌ဖော်ဝါရီလ 12 ရက် နေ့ ထောက်ရှုရမည့်ပထမကျမ်းစာမှာ ဆောလမုန်မင်းကြီး၏ဉာဏ်ပညာကြီးမား ပုံ အကြောင်း နှင့် ရှင်မာကု ဧဝံဂေလိကျမ်းစာ ၇ : ၁၄ - ၂၃ မှာ လူ၏ပြင်ပမှ လူ့ခန္ဓာကိုယ်အတွင်းသို့ဝင်၍ လူကိုညစ်ညူး စေနိုင်သောအရာ တစ်ခုမျှမရှိ။

သို့သော်လူ၏အတွင်းမှထွက်လာသော အရာတို့မူကား လူကိုညစ်ညူးစေနိုင်၏ ဟု သခင် ခရစ်တော် မွက်ကြားခဲ့သည့်အချက်များကိုထောက်ရှုကြည့်ကြပါစို့။  ပထမကျမ်းစာမှာ ဆောလမုန်မင်းကြီးဟာ ဘုရားရှင်ဆီကရရှိသောဉာဏ်ပညာကြောင့် အမှားအမှန်၊ ကောင်း မကောင်း၊ တရားမျှတမှုတို့ကို နားလည်နိုင်စွမ်း အပြည့်အဝဖြင့်ဆုံးဖြတ်နိုင်ခဲ့တယ်။

ဘုရားပေးသည့်ပညာများကိုအသုံးချနေသမျှ ကာလပတ်လုံး ကောင်းကျိုးချမ်းသာများစွာကိုရရှိစေမယ်။ ဒီနေရာမှာ ဉာဏ်ပညာဟာ အရာခပ်သိမ်းသည် ဘုရားသခင်၏ကောင်းမွန်သော ဖန်ဆင်းခြင်း၏အစိတ်အပိုင်းများ ဖြစ်ကြောင်း နှင့် ထိုးကောင်းမွန်သောအရာများသည် ကျွန်ုပ်တို့ဘဝကိုမြှင့်တင်ရန်သာရည်ရွယ်ထားကြောင်း ဉာဏ်ပညာကသင်ကြားပေးနေတယ်။

 ဒါကြောင့်ကျွန်တော်တို့စားသောက်သမျှအရာအားလုံးသည် ဘုရားသခင်ပေးသနားသောအရာများဖြစ်သောကြောင့် ကောင်းမွန်သောအရာများဖြစ်ပြီး လူကိုညစ်ညူးခြင်းသို့ မရောက်စေနိုင်ကြောင်း သခင်ခရစ်တော် သွန်သင်ပေးနေ ခြင်းဖြစ်တယ်။  တဖက်မှာတော့ ဘုရားသခင်ပေးသနားသည့်ပညာများဆုံးရုံးသွားလျှင်၊ ဒါမှမဟုတ် အသုံးမချတော့ရင် တစ်ကိုယ် ကောင်းဆန်မှု၊ အတ္တမာနတွေဟာ ကျွန်တော်တို့ရဲ့နှလုံးသားတွေကို လွှမ်းမိုးချုပ်ကိုင်လာလိမ့်မယ်၊ အဲဒီလို လွှမ်းမိုးချုပ်ကိုင်ခံရသူတွေရဲ့နှလုံးသားတွေကနေ မကောင်းမှုတွေထွက်ပေါ်လာတယ် သူတို့ရဲ့စိတ်ထဲကနေ မကောင်းသောအကြံအစည်များ၊ ကာမဂုဏ်ကျူးလွန်ခြင်း၊ သူတပါး၏ပစ္စည်းကိုခိုးယူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ တစ်ပါးသူ၏သားမယားကိုပြစ်မှားခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကိလေသာစိတ်ပြင်းပြခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ မိုက်မဲခြင်းတွေ ထွက်ပေါ်လာလိမ့်မယ်။

သင်ရောမည်သို့သောအခြေအနေမှာအသက်ရှင်ရပ်တည်နေသလဲ စမ်းစစ်ပါ၊

သင့်ရဲ့နှလုံးသားမှာရိုးသားဖြောင့်မတ်မှု၊ ကောင်းမွန်သောကျေးဇူးတော်များနှင့် ပြည့်နှက်နေသလား၊ ဒါမှမဟုတ် မကောင်းသောအရာများနှင့်ပြည့်နှနေသလား စမ်းစစ်ပါ။

ဘုရားသခင်ပေးသောဉာဏ်ပညာတို့ကို ကောင်းမွန်စွာအသုံးချပြီး မိမိပတ်ဝန်းကျင်ကို ကောင်းမွန်သောအရာများ ဝေမျှနိုင်သူများဖြစ်ကြပါစေ။ By Kyi Maung

Add new comment

1 + 1 =