ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ အင်္ဂါနေ့ သြဝါဒ ၁၃၊ ၁၂၊ ၂၀၂၂

၁၃ ဒီဇင်ဘာ ၂၀၂၂

 ရေရှည်တည်တံ့တဲ့ပြောင်းလဲမှုဆိုတာမဖြစ်နိုင်ပါဘူးလို့ သံသယဝါဒီသမားတွေကခံယူကြတယ်။ လူရဲ့သဘာဝက

အမှောင် ဖက်ကိုပဲယိမ်းယိုင်ရွေးချယ်တယ်၊ အပြစ်လုပ်နေတဲ့သူကတော့ အမြဲတမ်းအပြစ်ကိုလုပ်နေမှာပဲ၊ လူရဲ့

သဘာဝအခြေအနေအရစစ်မှန်တဲ့ပြောင်းလဲမှုဆိုတာမဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ ဒီလိုဆိုရင်၊ လူ့သဘာဝရဲ့ အဆိုး

ကိုပဲမြင်တွေ့နေပြီးတော့၊ ဘုရာရှင်၏တန်ခိုးတော်ကိုမမြင်နိုင်လို့ အဲဒီလိုခံယူကြတာဖြစ်တယ်။ ဒီကနေ့ ကိုယ်တော်

ရှင်မိန့်ဆိုတဲ့ ပုံဥပမာထဲကသားနှစ်ယောက်ကို၊ သူတို့ရဲ့ဖခင်က ယနေ့၊ စပျစ်ဥယျာဉ်ကိုသွားပြီးအလုပ် လုပ်ပါလို့ဆို

တဲ့အခါမှာ၊ ပထမသားကကျွန်ုပ်သွားမလုပ်နိုင်ဘူးလို့ပြန်ပြောခဲ့ပေမဲ့၊ နောက်မှနောင်တရပြီးသွားလုပ် တယ်၊ ဒုတိယ

သားကကျတော့၊ ကျွန်ုပ်သွားလုပ်ပါမယ်လို့ ယဉ်ယဉ်ကျေးကျေး၊ ရိုရိုသေသေပြောပေမဲ့ဘယ်တော့ မျှသွားမလုပ်ခဲ့ဘူး။

ဒီပုံဥပမာက တိုလဲတိုတယ်၊ အဓိပ္ပါယ်ကလဲရှင်းပါတယ်။ ဆေးကြောခြင်းခံယူထားတယ်၊ ဘုရားရှိခိုးကျောင်းပုံမှန်နီး

ပါတက်တယ်၊ ဆုတောင်းမေတ္တာတွေရွတ်ဆိုတယ်။ ဒါပေမဲ့ ဒါတွေလုပ်ခြင်းဖြင့် မိမိကိုယ်ကိုကျေနပ်နေပြီးတော့၊ လက်

တွေ့ဘဝမှာမိမိယုံကြည်ခြင်းအတိုင်းမရှင်သန်နိုင်တဲ့သူက၊ ဒုတိယသားလို ဖြစ်တယ်၊ ကိုယ်တော်ရှင်ကမိန့်ဆိုတယ်။

အခွန်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့ထက်အလျင်ဦးစွာဘုရား သခင်၏နိုင်ငံတော်သို့ဝင်ရောက်ကြလိမ့်မည်။

သခင်ယေဇူးရဲ့အချိန်ကာလမှာအခွန်ခံနဲ့ပြည့်တန်ဆာဆိုတာအဆိုး ဆုံးအပြစ်ကြီးရှိတဲ့သူတွေဖြစ်တယ်။ လူမှာရှိတဲ့

အင်အားအပြင်းဆုံးတွန်းအားတွေဖြစ်တဲ့၊ လိင်နဲ့ငွေ၊ ဒီနှစ်ခုရဲ့တွန်း အားတွေကိုခံနေကြရတဲ့သူတွေဖြစ်တယ်။ လိင်၊

ငွေရဲ့တွန်းအားတွေနဲ့အဆိုးဆုံးအပြစ်တွေကို ကျူးလွန်နေကြတာ မှန်ပေမဲ့၊ သူတို့ရဲ့အပြစ်တွေထက်ပိုကြီးတဲ့အပြစ်က၊

ကိုယ့်ကိုယ်ကိုအပြစ်မရှိတဲ့သူ၊ ဖြောင့်မတ်တဲ့သူအဖြစ်ခံယူ ခြင်း hypocrisy အပြစ်ဖြစ်ပါတယ်။ အခွန်ခံသူ၊

ပြည့်တန်ဆာတွေလိုလူမျိုးတွေကို ကိုယ်စားပြုတဲ့ပထမသားက အစကတော့မသွားနိုင်ဘူးလို့ဆိုပေမဲ့၊ နောက်မှနောင်

တရပြီးသွားတယ်၊ ဒီနေရာမှာသုံးထားတဲ့နောင်တဆိုတာက၊ အခြားနေရာတွေမှာသုံးတဲ့နောင်တမျိုးလို စိတ်နှလုံးသား

ပြောင်းလဲခြင်းကိုဆိုလိုတာမဟုတ်ဘူး။ ဒီနေရာမှာ ကိုယ်တော်ရှင်ဆိုလိုတာက၊ တစ်ခုခုအတွက်ဝမ်းနဲခြင်းခံစားရတာ

ကိုဆိုလိုတယ်၊ မှန်ပါတယ်၊ ဝမ်းနဲခြင်း၊ စိတ်မကောင်းခြင်းဖြစ်ရုံလေးကိုနောင်တတရားလို့အမြဲတမ်းတော့မဆိုနိုင်ပါ

ဘူး။ ဂျူဒကကိုယ်တော်ရှင်ကိုရောင်း စားခဲ့မိတဲ့အတွက် အလွန်အမင်းဝမ်းနဲစိတ်မကောင်းဖြစ်ပြီးကိုယ့်ကိုယ်ကိုသတ်

သေလိုက်တယ် ဒါပေမဲ့သူ့ရဲ့စိတ် မကောင်းဖြစ်ခြင်း၊ ဝမ်းနဲခြင်းက နောင်တအဆင့်ကိုမရောက်ခဲ့ဘူး။ သူ့ရဲ့အပြစ်တွေ

ခွင့်လွှတ်ခြင်းရနိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်းအဆင့်ကိုမရောက်လာခဲ့ဘူး တစ်ခြားလူတွေသိသွားလို့၊ ဝမ်းနဲတာဖြစ်နိုင်

တယ်၊ ကိုယ်ပြုလုပ်လိုက် တဲ့အရာကြောင့် ဒုက္ခရောက်ရတော့မှာကိုစိတ်ပူလို့ဝမ်းနဲတာဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဒီ

အတိုင်းစိတ်မကောင်းဖြစ် နေတာဖြစ်ရင်လဲဖြစ်မယ်၊ ဒါပေမဲ့ကိုယ့်ရဲ့အပြစ်တွေကနေခွင့်လွှတ်ခြင်းရနိုင်တယ်ဆိုတာ

ကိုမယုံကြည်ရင်တော့၊ ဒီစိတ်မကောင်းဖြစ်နေတာကို နောင်တလို့မခေါ်နိုင်ပါဘူး။ (ကော်ရိန်သုသြဝါဒစာဒုတိယစောင်

(၇:၁၀) ဘုရားသခင် ၏အလိုတော်အရဖြစ်သောဝမ်းနည်းခြင်းသည်နောင်တတရားကို ဖြစ်ပေါ်စေပြီး၊ ကယ်တင်ခြင်း

သို့ပို့ဆောင်သဖြင့် ယင်းအတွက်စိတ်ထိခိုက်ရခြင်းမရှိပေ။ လောကနှင့်ဆိုင်သောဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်

ပေါ်စေ၏၊ ဒီနေရာမှာဘုရားသခင်၏အလိုတော်အရဖြစ်သောဝမ်းနည်းခြင်းနဲ့လောကနှင့်ဆိုင်သောဝမ်းနည်းခြင်း

ဒီနှစ်ခုမတူ တာကို ရှင်ပေါလုကဆိုထားပါတယ်။ ဘုရားသခင်၏အလိုတော်အရဖြစ်သောဝမ်းနည်းခြင်းက၊ စိတ်ထိခိုက်

ခြင်း ဖြစ်မနေပဲနဲ့၊ ကယ်တင်ခြင်းကိုရရှိစေမဲ့ နောင်တတရားကိုဖြစ်စေတယ်၊ ဒီလိုမျိုးစိတ်ဝမ်းနည်းခြင်းက ဘာ့ကြောင့်

မိမိကိုစိတ်ထိခိုက်မှုဖြစ်ကျန်မနေစေသလဲဆိုရင်၊ လုပ်မိတဲ့အပြစ်အတွက်၊ စစ်မှန်တဲ့နောင်တရတယ်၊ ပြီးတော့ ဒီအပြစ်က

နေရုန်းထွက်ချင်တဲ့ဆန္ဒရှိတယ်၊ လောကနှင့်ဆိုင်သောဝမ်းနည်းခြင်းကကျတော့၊ သူ့မှာစိတ်ပျက်နေ တာသာရှိတယ်၊

မျှော်လင့်ချက်မရှိဘူး၊ ဖြေရှင်းချက်မရှိဘူး။

Add new comment

2 + 0 =