ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၄၊ ၁၂၊ ၂၀၂၂

၁၄ ဒီဇင်ဘာ ၂၀၂၂

ယောဟန်ဗတ္တိဇံ သူ့ဘဝတစ်လျှောက်လုံး သာမန်လူတွေကဲ့သို့ သက်သောင့်သက်သာနေထိုင်နိုင်ပါလျက်နဲ့ အရာအားလုံ

းကိုစွန့်လွှတ်ပြီး နေထိုင်ခဲ့တယ်။ လူတစ်ကာလို့ မြို့ထဲမှာအရာရာပြည့်စုံနေတဲ့ဘဝကို စွန့်လွှတ်ပြီး တောထဲမှာ နေထိုင်

ခဲ့တယ်။ သူတစ်ကာလို အိုးနဲ့အိမ်နဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ နေထိုင်နိုင်ပါလျက်နဲ့ အမှန်တစ်ရားအတွက် အိမ်ထောင်

သည်ဘဝကိုစွန့်လွှတ်ပြီး တစ်ယောက်ထဲနေထိုင်ခဲ့တယ်ကောင်းမွန်တဲ့ အစားအသောက်တွေကို မစားသောက်ပဲ တော

ထဲကရတဲ့ ကျိုင်းကောင်နဲ့ ပျားရည်ကိုပဲစားသောက်ခဲ့တယ်။ အဝတ်ကောင်းတွေကို စွန့်လွှတ်ပြီး တောထဲကရတဲ့ သား

ရေအဝတ်ကိုပဲဝတ်ဆင်ခဲ့တယ်။ နောက်ဆုံး ဟေရုဒ်က သူ့ရဲ့ညီဖြစ်သူရဲ့ ဇနီးကို ယူတာကိုနဲ့ ဟေရုဒ်ကျူးလွန်တဲ့ တစ်

ခြားမကောင်းမှုတွေအကြောင်းကို ပြစ်တင်တာကြောင့် အရာအားလုံးစွန့်လွှတ်ပြီး သူလုပ်နေခဲ့တဲ့ ကယ်တင်ရှင်မက်ဆီး

ယားကြွလာမဲ့လမ်းကိုပြင်ဆင်ခြင်းအလုပ်ကိုတောင် စွန်လွှတ်လိုက်ရပြီးထောင်ထဲမှာ နေနေရတယ်။ အဲဒီအချိန်မှာ

သခင်ယေဇူးက သူ့ရဲ့ဟောပြောခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်။ ကုသခြင်း တန်ခိုးလက္ခဏာတွေကို

ပြုလုပ်နေပြီဖြစ်တယ်။ ယောဟန်ကတော့ ထောင်ထဲမှာ ဝေဒနာတွေကို ခံစားနေရတယ်။ သခင်ယေဇူးက အကိုဝမ်းကွဲ

တော်သူ၊ သူ့အတွက်လမ်းကို ပြင်ဆင်ပေးခဲ့တဲ့ ယောဟန်ကို ထောင်ထဲမှာ သွားမကြည့်ခဲ့ဘူး။ တန်ခိုးနဲ့ ထောင်ထဲကနေ

ကယ်ထုတ်မပေးခဲ့ဘူးဖြစ်တယ်။ တစ်ကယ်တမ်း အခွင့်အရေး ရစတမ်းဆိုရင် ယောဟန်က ထိပ်ဆုံးကနေ လူဖြစ်သင့်ခဲ့

တာဖြစ်တယ်။ ဒါနဲ့ ယောဟန်က သူ့တပည့်တွေကို သခင်ယေဇူးဆီကို လွှတ်ပြီး၊ ကိုယ်တော်က ကြွလာတော်မူမည့်

မက်ဆီးယားလော၊ ကျွန်ုပ်တို့သည် တစ်ခြားသူတစ်ဦးကို စောင့်ရအုံးမည်လောဟု မေးခိုင်းတယ်။ ဘုရား၏

သိုးငယ်တော်ကို ကြည့်ကြလော့ဆိုပြီး သခင်ယေဇူးလာနေတဲ့အချိန် တပည့်တွေကို ညွှန်ပြခဲ့တဲ့ ယောဟန် မျှော်လင့်ချက်

အမှားထားခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ယုံကြည်ခြင်း အတက်အကျဖြစ်ကောင်းဖြစ်နိုင်တယ်။

တစ်ချိန်မှာ ဘုရားက နီးကပ်စွာရှိနေခြင်း ခံစားချက် တောင်ထိပ်အတွေ့အကြုံရှိသလို၊ တစ်ခါတစ်ရံကျရင် ကူရာမဲ့

ချောက်ထဲမှာရှိနေသလိုမျိုး ခံစားချက်ဖြစ်ပါတယ်။  လူတစ်ယောက်က ဘဝမှာအဆင်ပြေနေရင်၊ ချမ်းသာနေရင် ဒါဘုရား

ကောင်းကြီးခံရတဲ့ လက္ခဏာပဲဖြစ်တယ်။ လူတစ်ယောက်က ဒုက္ခတွေခံနေရရင် ဒါ ဘုရားသူနဲ့အတူရှိမနေခြင်းလက္ခဏာ

ဖြစ်တယ်ဆိုတဲ့ လူအများခံယူကြတဲ့ မျှော်လင့်ခြင်းအမှားဖြစ်ပါတယ်။ ဒုက္ခတွေကြုံရရင် ဘုရားရှိခြင်း၊ မရှိခြင်းအပေါ်

သံသယဖြစ်လာတတ်ကြတယ်။ အဆင်မပြေတာတွေဖြစ်လာရင် ဘုရားက မကူညီ မ, မစဘူးလို့ အတွေးတွေဖြစ်လာ

တယ်။ ယောဟန်စေလွှတ်လိုက်တဲ့သူတွေကို ယောဟန်ကိုအခုလိုပြန်ပြောဖို့ သခင်ယေဇူးက အခုလိုပြန်ပြောဖို့မိန့်ဆို

တယ်။ ငါ့၌ စိတ်ပျက်ခြင်းမရှိသောသူတို့သည် မဂ်လာရှိကြ၏။ အဆိုးတွေကြုံတွေ့ရတဲ့အချိန် ဘုရား၏လက်တော်ကို

ချက်ခြင်း မျက်ဝါးထင်ထင်မတွေ့ရပေမဲ့ ဘုရား၌စိတ်ပျက်ခြင်း မရှိသောသူသည် မဂ်လာရှိ၏ဟုကိုယ်တော်မိန့်ဆိုတယ်။

ဘုရား၏နည်းလမ်းတွေက ကျွန်တော်တို့လူတွေရဲ့ နည်းလမ်းအတိုင်းမဟုတ်တာကြောင့် ကျွန်တော်တို့ဖြစ်ချင်တဲ့ ပုံစံ

အတိုင်း ဖြေရှင်းမပေးတဲ့အခါ ကျွန်တော်တို့ စိတ်ပျက်ကြရတာအမှန်ဖြစ်ပါတယ်။ အဆုံးမှာ အရာအားလုံးက ဘုရား

လက်တော်ထဲမှာ ရှိတာကြောင့် ဘုရားမှလွဲ၍ တစ်ခြားအားကိုးစရာမရှိဘူးဖြစ်ပါတယ်။

Add new comment

15 + 3 =