ဖာသာရ် Richard လှမင်းဦး (မန္တလေး) အာဒ်ဝင်တူးကာလတတိယ ကြာသပတေးနေ့ သြဝါဒ ၁၅၊ ၁၂၊ ၂၀၂၂

၁၅ ဒီဇင်ဘာ ၂၀၂၂

 မိန်းမမှဖွားသောသားတို့တွင် ရှင်ယောဟန်ထက်ကြီးမြတ်သော သူမရှိဟု ကိုယ်တော်ရှင်ကိုယ်တိုင်မိန့်ဆိုတော်မူခဲ့တယ်။ ‌‌‌

ယောဟန်ဖွားမြင်ခြင်းအကြောင်း ထောက်ရှုကြည့်ကြရအောင်။ ယောဟန်ရဲ့အဖေ ဇာခါရိယက ရဟန်းတစ်ပါးဖြစ်တယ်။

 အသက်ကြီး ပြီဖြစ်တယ်၊ ရဟန်းတို့ရဲ့ဝိနည်းထုံးစံအတိုင်း၊ သန့်ရှင်းရာဌာနထဲကိုဝင်ပြီး၊ လော်ပန်နံ့သာကိုမီးရှို့ပူဇော်နေ

တဲ့ အချိန်၊ ကောင်းကင်တမန်တော်က၊ ထင်ရှားပြတယ်၊ သင်၏ဆုတောင်းပတ္တနာမှာနားညောင်းခြင်းခံရလေပြီဟု မိန့်ဆို

တယ်။ သင်၏ဇနီးဧလိဇဘက်သည်သင့်အတွက်သားယောက်ကျ်ားကိုဖွားမြင်ပေးလိမ့်မည်ဟုမိန့်ဆိုတဲ့အခါ၊ ဇာခါရိယက

ဘယ်လိုပြန်ဖြေသလဲ၊ အကျွန်ုပ်သည်အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်၏ဇနီး သည်လည်းအရွယ်

လွန်ပါပြီ၊ သူဆုတောင်းနေခဲ့တဲ့ဆုပဲ၊ အဲဒီဆုတောင်းခြင်းပြည့်ပြီလို့ဆိုတဲ့အခါမယုံနိုင်ဖြစ်တယ်။ ကျွန်ုပ်တို့တွေ၊ ကိုယ်ရဲ့

ဆုတောင်းခြင်းကိုဘုရားရှင်က တစ်ကယ်ပဲနားညောင်းရဲ့လားဆိုပြီး သံသယဖြစ်ကြတယ်။ ဇာခါရိယလိုပဲ၊ ကိုယ်တောင်း

နေတဲ့ဆုအမှန် တစ်ကယ်နားညောင်းတော်မူပြီဆိုတာကိုသက်သေမြင်နေရပါလျှက်နဲ့၊ ကြုံကြိုက်လို့၊ တိုက်ဆိုင်လို့၊

ကံကောင်းလို့ရတာ၊ ဖြစ်လာတာလို့မှတ်ယူတတ်ကြတယ်၊ တစ်ခါတစ်လေကျ ကိုယ့်ကြိုးစားမှုကြောင့်ဖြစ်လာတာလို့ပဲ

မှတ်ယူကြတယ်။ ကျွန်တော်တို့ပင်ပန်း နွမ်းနယ်နေတဲ့အချိန်မျိုး၊ ဝန်ပိနေတဲ့အချိန်မျိုး၊ ရောဂါဝေဒနာခံစားနေရတဲ့အချိန်

မျိုးတွေမှာ၊ စာတန်ကဒီအခွင့်အ ရေးတွေကိုအသုံးချပြီး၊ ကျွန်တော်တို့ရဲ့စိတ်ထဲမှာသံသယအတွေးတွေကိုဖြစ်စေတယ်။ 

အဲဒီလိုအချိန်မျိုးတွေမှာ၊ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းပိုပြီးခို်ငမြဲဖို့အလိုဆုံးအချိန်ဖြစ်တယ်၊ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်ုပ်

တို့တွေ တစ်ယောက်အတွက်၊ တစ်ယောက်ဆုတောင်းပေးကြရမယ်၊ ယုံကြည်ခြင်းက ကျေးဇူးတော်ဖြစ်တယ်။ လုပ်ယူ၊

ကြိုးစားယူလို့မရဘူး၊ ဘုရားထံတော်ကနေဖြစ်တယ်၊ ကျွန်ုပ်တို့မှာရှိနေတဲ့ယုံကြည်ခြင်းကျေးဇူးတော်အတွက် ဘုရားရှင်

ကိုကျေးဇူးတင်ဖို့လိုတယ်။ ယုံကြည်ခြင်းဆက်လက်တိုးပွားနေဖို့၊ အမြဲဆုတောင်းဖို့လိုတယ်၊ ဇာခါရိယက မယုံကြည်တဲ့

အတွက်ကြောင့်၊ ကောင်းကင်တမန်ဂါဘရီအဲလ်က၊ “ကြည့်လော့၊ အချိန်တန်လျှင်ပြည့်စုံခြင်းသို့ရောက်မည့်ငါ့၏စကား

ကိုသင်မယုံကြည်သောကြောင့် ဤအကြောင်းအရာများ ဖြစ်ပေါ်လာသည့်တိုင်အောင်၊ သင်သည်စကားမပြောနို်ငပဲဆွံ့

အနေလိမ့်မည်”ဟုမိန့်ဆိုတယ်။ ဤအကြောင်းအရာများဖြစ်ပေါ်လာသည့်တိုင် အောင် - ဆိုတော့ အဓိပ္ပါယ်က၊ ယောဟန်

မွေးတဲ့နေ့ကိုဆိုလိုတာဖြစ်နိုင်တယ်။ ဒါပေမဲ့ရှင်ယောဟန်လေးကမွေးပြီ သွားပြီး၊ ဇာခါရိယကစကားမပြောနိုင်သေးဘူး၊

ခုနှစ်ရက်ရှိသွားပြီး၊ ဒါပေမဲ့ဆွံ့အနေတုန်းပဲရှိသေးတယ်၊ ဇာခါရိယ ဘယ်လောက်တောင်စိတ်ညစ်နေမလဲ၊ သူ့နေရာမှာဆို

ရင်၊ အူဝဲဆိုပြီးရှင်ယောဟန်လေးမွေးတာနဲ့၊ တပြိုင်နက်၊ စကားပြန်ပြောနိုင်ဖို့မျှော်လင့်မှာဖြစ်တယ်။ ဒါပေမဲ့ရှစ်ရက်

မြောက်တဲ့နေ့၊ သူငယ်ကိုအရေးဖျားလှီးခြင်းမင်္ဂလာပေး ပြီး၊ နာမည်ပေးတဲ့နေ့ကျမှ၊ သူခံနေရတဲ့အပြစ်ဒဏ်ကနေလွတ်

မြောက်ခဲ့တယ်။ ရှစ်ရက်မြောက်တဲ့နေ့မှာတောင်မှ ဇာခါရိယကသင်ပုန်းတစ်ချပ်ကိုတောင်းပြီးသူငယ်၏အမည်ကား

ယောဟန်ဖြစ်သည်ဟုရေးလိုက်တဲ့အချိန်၊ တစ်ပြိုင်နက်၊ သူရဲ့နှုတ်ပွင့်ပြီးစကားပြောနိုင်လာတာဖြစ်တယ်၊ ဂျူးလူမျိုးတွေ

အတွက်နာမည်ကအရမ်းအရေး ကြီးပါတယ်၊ အစဉ်အလာအရဆိုရင်၊ သူငယ်ကိုဇာခါရိယလို့ပဲမှည့်ရမှာဖြစ်တယ်၊ ဒါပေမဲ့

ဇာခါရိယက၊ ကောင်းကင် တမန်မိန့်ဆိုတဲ့အတိုင်း၊ သူငယ်၏အမည်ကား၊ ယောဟန်ဖြစ်သည်ဟုဘုရားရှင်၏အလိုတော်

ကိုနာခံလိုက်တယ်။ သူ့ရဲ့မယုံကြည်မှုကြောင့်ဖြစ်လာတဲ့စုံစမ်းခြင်းကာလကိုနာခံခြင်းအပြုအမူဖြင့်ကျော်လွှားနိုင်ခဲ့တယ်။

- သင့်ဘဝကို လွတ်‌မြောက်တဲ့သူတစ်ယောက်အဖြစ်မရှင်သန်နို်ငအောင်၊ သင့်ကိုချုပ်နှောင်ထားတဲ့ဝန်ထုပ်ဝန်ပိုးကနေ

လွတ် မြောက်နိုင်အောင်၊ ဘယ်လိုနာခံခြင်းအလုပ်ကိုဘုရားရှင်သင့်ထံကနေလိုလားတော်မူသလဲ။ ကျွန်ုပ်တို့ရဲ့အခြေ

အနေတွေပြောင်းလဲသွားစေဖို့၊ စောင့်ကောင်းစောင့်နေကြပါလိမ့်မယ်။ ကျွန်ုပ်တို့ကစိတ်ထဲမှာတွေးနေကြမယ်၊ တစ်ကယ်

လို့သာ၊ ဟိုဟာ၊ သို့မဟုတ်ဒီဟာတစ်ခုခုဖြစ်လာလို့ရှိရင်၊ ငါရဲ့ပြဿနာကနေငါလွတ်မြောက်သွားလိမ့် မယ်၊ ဒါပေမဲ့၊ ကျွန်ုပ်

တို့မှာဒီပြဿနာ၊ ဒီဒုက္ခကိုမလွတ်မြောက်နိုင်ပဲ၊ ဆက်လက်ပြီးခံနေရတာက၊ ကျွန်ုပ်တို့ဖက် ကနာခံပြီးပြုမူခြင်းကင်းမဲ့နေ

လို့ဖြစ်တယ်၊ ခံထမ်းနေရတဲ့ဝန်ကနေလွတ်မြောက်ချင်တယ်ဆိုရင်၊ ဘုရားရှင်ကို နာခံပါ၊ ထိုခဏချင်းတွင်ပင် ဇာခါရိယ၏

နှုတ်သည်ပွင့်၍သူ၏လျှာသည်လည်းအနှောင်အဖွဲ့မှကင်းလွတ်ကာ၊ သူသည်ဘုရားသခင်ကိုချီးမွမ်းထောမနာပြုလေ၏။ 

ဆွံ့အနေရာကနေစကားပြောနို်ငလာတဲ့အခါမှာ၊ ဇာခါရိယရဲ့ နှုတ်ကပထမဦးဆုံးထွက်လာတဲ့စကားလုံးတွေက ဘုရားရှင်

ကိုချီးမွမ်းခြင်းဖြစ်တယ်။ ဒုက္ခအခက်အခဲကနေ လွတ်မြောက်ပေးတဲ့အချိန်ကာလလေးမှာတင်မကဘူး၊ ကျွန်ုပ်တို့နှုတ်ကနေ

အမြဲထွက်သင့်တာက ဘုရားရှင်ကို ချီးမွမ်းခြင်းဖြစ်တယ်။ ကောင်းတဲ့အရာတစ်စုံတစ်ခုဖြစ်တဲ့အခါ၊ ဒါဘုရားရှင်၏ကျေးဇူး

တော်ဖြစ်တယ်ဆိုတာကို တစ်အားမေ့တတ်ကြတယ်၊ ဘုရားကကောင်းတဲ့အရာဟူသမျှစီးဆင်းရာအရင်းအမြစ်ဖြစ်ပါတယ်။ 

ကျေးဇူးတော် တွေရရှိခံစားရတဲ့အချိန်၊ ကျွန်ုပ်တို့တွေဘုရားရှင်ကိုချီးမွမ်းဖို့လိုတယ်။

 

Add new comment

11 + 0 =