ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၅၊ ၇၊ ၂၀၂၂

 ၁၅ ဂျူလိုင် ၂၀၂၂
      လူဖြစ်တည်ရှိခြင်းက ဘုရားရှေ့မျက်မှောက်တော်မှာ ဘယ်လိုတည်ရှိနေတာလဲ။ အဖြေကို ထဲ့တိုးဖြေရမယ်ဆိုရင် လူဖြစ်တည်ရှိခြင်းက

အပြစ်ရှိတဲ့အခြေအနေဖြစ်တယ်။ Human existence is sinful. ဘယ်လူသားတစ်ဦးတစ်ယောက်ကမျှ မိမိလက်ရှိထက်သာလွန်မြင့်မြတ်တဲ့

စံနှုန်းနဲ့မိမိကို်ယ်ကိုတိုင်းတာပြီးရင် ငါသည် ငါဖြစ်သင့်သည့်အတိုင်းဖြစ်နေသည်လို့မဆိုနိုင်ပါဘူး။ ခရစ်ယာန်တစ်ယောက်ကလဲ ဘုရား၏ရှေ့မျက်

မှောက်တော်မှာ ရပ်ပြီး ဘုရားတပည့်တော်သည် သန့်ရှင်းစင်ကြယ်ပါ၏ ဟုမလျောက်ထားနိုင်ပါဘူး။ ဘယ်လူ့အသိုင်းအဝိုင်း၊ အစုအဝေးကဖြစ်စေ၊

ဘယ်အသင်းအဖွဲ့ အုပ်စုကကဖြစ်စေ သူ့တို့သည် ဖြစ်သင့်သည့်၊ ဖြစ်နိုင်သည့် အတိုုင်းဖြစ်နေကြသည်လို့ မပြောနိုင်ကြပါဘူး။ လူဖြစ်တည်ရှိခြင်းက

လွတ်လပ်ခြင်းဖြစ်နေသည့်အလျောက် လူဖြစ်တည်ရှိခြင်းသည် ပြုလုပ်သူကြောင့်မဟုတ်ပဲ သူ့နဂိုအတိုင်းအပြစ်ရှိနေတာဖြစ်တယ်။ သူ့ဖါသာသူ လွတ်

လပ်စွာ အပြစ်ရှိနေတာဖြစ်တယ်။ In so far as, human existence is freedom, it is also both objectively and freely sinful. 
ဒုတိယမေးခွန်းက လူ့လွတ်လပ်ခြင်းရဲ့ ရည်စူးချက်က ဘာလဲ။ လူ့လွတ်လပ်ခြင်းရဲ့နောက်ဆုံးပန်းတိုင်ကတော့ ကျေးဇူးတော်အားဖြင့် ဘုရား၏နိုင်ငံ

တော်အဖြစ် ပြန်ပြီးစေ့စပ်ဖြေရှင်းမှာဖြစ်တယ်။ နောက်ဆုံးပန်းတိုင်ကတော့ ရှင်းတယ်။ သို့ပေမဲ့ ဒီကမ္ဘာကြီးထဲမှာ လူ့လွတ်လပ်ခြင်းရဲ့ ရည်စူးချက်ကို

စဉ်းစားရင်၊ အပြစ်ကိုရှောင်လွှဲလို့မရနိုင်ခြင်းအချက်က လူ့လွတ်လပ်ခြငး်ရည်စူးချက် မေးခွန်းအတွက် အနုတ်သဘောဆောင်တဲ့ ကနဦးအဖြေကိုထွက်

လာစေတယ်။ ဒီကမ္ဘာကြီးထဲမှာ အပြစ်ကနေရှောင်လွှဲလို့ ရနိုင်တဲ့နေရာမရှိဘူး။ လူ့လွတ်လပ်ခြင်းက အထက်မြင့်မြတ်တဲ့အရပ်ဆီကို တက်နိုင်တာကြောင့်

ဒီကမ္ဘာကြီးရဲ့ အကန့်အသတ်တွေ၊ ဆုံးဖြတ် သတ်မှတ်ချက်တွေ၊ တဏှာဆန္ဒပြင်းပြခြင်း၊ နှောက်ယှက်ခြင်းတွေကနေ လွတ်အောင်နေနိုင်တယ်လို့ မပြော

နိုင်ပါဘူး။ တစ်ကယ်က လူ့လွတ်လပ်ခြင်းရဲ့ ရည်စူးချက် the purpose of human freedom က ဒီကမ္ဘာကြီးထဲမှာ အပြစ်ကိုဆန့်ှကျင်ရုန်းကန်ဖို့

ဖြစ်တယ်။ အပြစ်ကိုရှောင်လွှဲလို့ မရနိုင်ပေမဲ့၊ အပြစ်ကိုခုခံနိုင်တယ်။ မိမိကိုယ်တိုင်အတွင်းမှာနဲ့ ကမ္ဘာ့သမိုင်းမှာ အပြစ်ရဲ့စွမ်းအား၊ အပြစ်ရဲ့သက်ရောက်မှု

တွေကို လျော့ချနိုင်တယ်။ ဒီအချက်ကို ပိုပြီးဖြစ်နိုင်စေတဲ့ အကြောင်းကတော့ လူ့လွတ်လပ်ခြင်းရဲ့ မွေးရပါပင်ကိုဘုရားပေးရည်စူးချက်က ကျေးဇူးတော်

အကြောင်းသွန်သင်ချက် the doctrine of grace မှာတွေ့ရတယ်။ 
     ကားရာနာရဲ့ ဓမ္မဗေဒအရ Grace is salvation. ကျေးဇူးတော် သည် ကယ်တင်ခြင်းဖြစ်သည်။ ကယ်တင်ခြင်းဆိုတာ အဆုံစွန်မှာ ဘာတွေပါဝင်သလဲ

လို့မေးရင် ဓမ္မသစ်ကျမ်းစာတစ်အုပ်လုံးကနေ ရမဲ့အဖြေက ကယ်တင်ခြင်းဆိုသည်မှာ ဘုရားကိုယ်တော်တိုင်၏ ဘဝထဲတွင် ပါဝင်ခွင့်ရခြင်းဖြစ်ပါတယ်။

Salvation is participation in God’s own life. လူဖြစ်တည်ရှိခြင်းက အဆုံးမှာ ဘုရားနှင့်ကိုယ်တိုင်ပေါင်းစပ်ခြင်းဖြစ်တယ်။ သို့ပေမဲ့ ထိုကဲ့သို့ဖြစ်

လာစေဖို့ ယခုလက်ရှိအချိန် ဒီကမ္ဘာကြီးထဲမှလည်းပဲ ဘုရားက မိမိကိုယ်တော်ကို လူသားတွေဆီဆက်သွယ်တော်မူတယ်။ ဒါကြောင့် ကျေးဇူးတော်ဆိုတာ

ဘုရားကိုယ်တော်တိုင်က မိမိကိုယ်တော်တိုင်ကို လူသားတွေဆီဆက်သွယ်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတော်ဆိုတာ ဘုရားကိုယ်တော်တိုင်ကိုရည်ညွှန်းတာ

ဖြစ်တယ်။ ကျေးဇူးတော်သည် ဘုရား၏ဝိညာဉ်တော်ဖြစ်သည်။ ဘုရား၏ဝိညာဉ်တော်က မိမိကိုယ်တော်တိုင်ကိုချစ်ခြင်းမေတ္တာတော်ဖြင့် လူသားကိုကိုယ်

တော်တိုင် ဆက်သွယ်ခြင်း God’s personal communication of God’s own self in love ဖြစ်ပါတယ်။ ထိုဆက်သွယ်ခြင်းကို နာဇရက်မြို့သား

ယေဇူးထံ၌၊ ယေဇူးအားဖြင့် တွေ့မြင်ရသည်။ ၄င်းမှာ ဓမ္မသစ်ကျမ်းစာ၌တွေ့ရသည့် ကယ်တင်ခြင်းသတင်းကောင်းဖြစ်သည်။ ထိုကဲ့သို့ ဘုရားကမိမိကိုယ်တော်

ကိုလူသားတွေဆီ ဆက်သွယ်ခြင်းက လူသားတွေဖက် ထိုက်တန်လို့မဟုတ်၊ တောင်းဆိုလို့မဟုတ်ပဲ ဘုရားဖက်ကနေ ကျေးဇူးပြုလိုတော်မူတဲ့ အလိုတော်သက်

သက်ဖြင့် အလိုအလျောက်လွတ်လပ်စွာ ပြုလုပ်ခြင်းဖြစ်တယ်။ ထိုက်တန်မှုတစ်စုံတစ်ခုကြောင့် ကျေးဇူးတော်ခံရတယ်ဆိုတဲ့ အယူအဆကို လုံးဝဖယ်ရှားပစ်ရမှ

ာဖြစ်တယ်။ ဘာလို့လဲဆိုရင် ဒီယူဆချက်က ကျေးဇူးတော်ရဲ့အဓိပ္ပါယ်ရင်း၊ ကယ်တင်ခြင်းရဲ့အဓိပ္ပါရင်းနဲ့ လုံးဝဆန့်ကျင်တာကြောင့်ဖြစ်တယ်။ ထိုက်တန်လို့ရရှိ

တာဆိုရင် ကျေးဇူးတော်က ကျေးဇူးတော်မဟုတ်တော့ဘူးလို့ ရှင်သြဂုတ်စတင်းက ရိုးရိုးလေး ဖေါ်မြူလာဖွဲ့ခဲ့တယ်။ 

Add new comment

1 + 3 =