ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၄၊ ၇၊ ၂၀၂၂

၁၄ ဂျူလိုင် ၂၀၂၂

           ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်သင်တို့ကိုအားဖြည့်ပေးမည်။

သမ္မာကျမ်းစာက ဘုရား၏နှုတ်ကပါဌ်တော်ဖြစ်ပြီး၊ သမ္မာကျမ်းစာထဲမှာ ကျွန်တော်တို့တွေ့ရတာတွေက

ထိုအထဲမှာ ရှိနေဖို့ ဘုရားကအလိုရှိတာကြောင့် ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ ငိုကြွေးခြင်း၊ ဆန့်ကျင်ခြင်း၊ ဒေါသ၊

ရှုပ်ထွေးတဲ့မေးခွန်းတွေ အများအပြား ပါဝင်နေတာဖြစ်တယ်။ ဒီအရာတွေအားလုံးက ဘုရားဆီကိုဦးတည်တဲ့

အရာတွေဖြစ်တယ်။ ရန်သူတွေက ပြုလုပ်ကြတာမဟုတ်ပါဘူး၊ ဘုရားကိုချစ်မြတ်နိုးကြတဲ့၊ ဘုရားကိုအယုံကြည်

ဆုံးဖြစ်ကြတဲ့ သူတွေကပြုလုပ်ကြတာဖြစ်ပါတယ်။ .ဘုရားနဲ့အနီးကပ်ဆုံး၊ အရင်းနှီးဆုံးဆက်ဆံရေးရှိတဲ့သူတွေက

အပြစ်တင်ခံရမှာ စိုးရိမ်စရာမလိုပဲ ဒုက္ခတွေအတွက် ဘုရားထံတော်သို့ ခံစားချက်တွေကိုသွန်ချနိုင်ကြတယ်၊ ကန့်

ကွက်နိုင်ကြသလိုဖြစ်နေတာကို တွေ့ရတယ်။ ပူဆွေးမှုဖြင့် ပြင်းပျစွာဖေါ်ပြခြင်းကို သမ္မာကျမ်းစာထဲမှာ ခွင့်ပြုထား

ရုံတင်မကပဲ၊ ယုံကြည်သူများအတွက် စံအဖြစ်အများအပြားဖေါ်ပြထားတာကိုတွေ့ရပါတယ်။

        ယောဘဝတ္တုကျမ်းတစ်အုပ်လုံးက ထိုကဲ့သို့သောပြစ်တင်ခြင်းတွေနဲ့ ပြည့်နေတဲ့ကျမ်းစာဖြစ်တယ်။ ယောဘ

ကိုယ်တိုင်က ဘုရားအကြောင်းနဲ့ ဘုရားကို အလွန်အမင်းကိုရဲတင်းစွာ ပြစ်တင်ခဲ့တာဖြစ်တယ်။မြည်တမ်းခြင်းလို့

ခေါ်တဲ့ ကျမ်းစောင်တစ်အုပ်လုံးတောင်မှ သမ္မာကျမ်းစာထဲမှာ ရှိနေတာဖြစ်တယ်။ ဘုရားထံတော်ကနေ ဒဏ်ခတ်

ခြင်းကိုတိုက်ရိုက်ခံရတာကြောင့် အဖြစ်ဆိုးကြီးဖြစ်နေတဲ့အချိန် မြည်တမ်းခြင်းကိုရေးခဲ့တာဖြစ်တယ်၊ ဒါပေမဲ့

အဲဒီလိုအချိန်မှာတောင်မှ ဒီလိုမျိုးတွေမဖြစ်သင့်ဘူးလို့ ဆန့်ကျင်ကန့်ကွက်ခြင်းနဲ့ သနားခံတောင်းလျောက်ခြင်း

တွေရောပြီး ဘုရားထံတော်သို့သွန်ချဖို့ ကျမ်းရေးပုဂ္ဂိုလ်က လွတ်လပ်စိတ်ရှိခဲ့တာဖြစ်တယ်။

       ဘုရားဝိညာဉ်တော်နှိုးဆော်ခြင်းဖြင့်ရေးသားထားတဲ့ ဆာလံကျမ်းစာမှာ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတင်ချီးမွမ်

းထောမနာပြုခြင်းများထက်၊ ပူဆွေးဝမ်းနည်းခြင်း၊ ပြင်းထန်တဲ့နာကျင်မှုဝေဒနာအကြောင်းတွေပိုများနေတာက

မတော်တဆရှိနေတာမဟုတ်တာသေချာပါတယ်။ ဒါတွေက ဘုရားက ကျွန်တော်တို့ကိုအမှန်တကယ်ပေးထားတဲ့

စကားလုံးတွေဖြစ်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ရှင်သန်နေကြတဲ့အချိန်မှာ ဝမ်းမြောက်ခြင်းဖြင့် ကျေးဇူးတင်ချီးမွမ်း

ခြင်းရော၊ ပူဆွေးညီးတွားခြင်းနဲ့‌ရော ဘုရားကိုရှိခိုးကိုးကွယ်ခြင်း နှစ်မျိုးစလုံးကို အလျံပယ်အများအပြားလိုအပ်

တာဖြစ်တယ်။သူတို့သိတဲ့ဘုရား၊ အရမ်းချစ်မြတ်နိုးတဲ့ဘုရားက ဘာကြောင့်အခုလိုပြုမူရတာလဲ။ ညီးတွားမြည်

တမ်းခြင်းက အဖြေမရှိတဲ့မေးခွန်းတွေ၊ ရှင်းပြခြင်းမရှိတဲ့ ဝေဒနာတွေနဲ့ အတူရှင်သန်နိုင်ဖို့ ရုန်းကုန်နေတဲ့ ယုံကြည်

ခြင်းရဲ့အသံဖြစ်တယ်။ ထိုကဲ့သို့ညီးတွားမြည်တမ်းခြင်းတွေကို ဘုရားကလက်ခံရုံ၊ နားလည်ရုံတင်မကပဲ၊ အဲဒီလို

မြည်တမ်းနိုင်ဖို့ စကားလုံးတွေကိုသမ္မာကျမ်းစာထဲမှာပေးထားတယ်။ အဲဒီလိုဆိုရင် ဝေဒနာကြားကနေယုံကြည်ခြင်း

ဖြင့် ကျွန်တော်တို့အတွက် ကျမ်းရေးပုဂ္ဂိုလ်တွေရေးထားတဲ့ စကားလုံးတွေကိုသုံးပြီး၊ ဘုရား၏နှုတ်ကပါတ်တော်ထဲ

မှာခွင့်ပြုပေးထားတဲ့ စကားလုံးတွေနဲ့ ငိုကြွေးမြည်တမ်းခြင်းပြုလုပ်ဖို့ ဘာလို့ကြောက်နေကြမလဲ။အဖြစ်ဆိုးတွေကို

ကြုံရတဲ့အခါ ကိုယ့်မှာဖြစ်နေတဲ့ခံစားချက်အတိုင်း ဘုရားကိုလျောက်မယ်။ အဲဒီခံစားချက်တွေမှာ ဒေါသတွေပါမယ်၊

နားမလည်နိုင်ခြင်း၊ မယုံနိုင်ခြင်း၊ ဝိရောဓိဖြစ်နေတဲ့အရာတွေကို ရင်ဆိုင်ရခြင်းကြောင့် ဖြစ်နေတဲ့ ဝေဒနာတွေပါမယ်။

အဲလိုမှသာ ခိုင်မာခြင်းနဲ့ ဘုရားထံတော်သို့ပြန်လာပြီး ချီးမွမ်းနိုင်မှာဖြစ်တယ်။ ချီးမွမ်းခြင်းပြုတာနဲ့ အခုနလိုမျိုးခံစား

ချက်တွေကို ပျောက်ကွယ်သွားစေမှာ၊ ဖုံးလွှမ်းပစ်လိုက်မှာမဟုတ်ပါဘူး။ အဲလိုမဟုတ်ပဲ ချီးမွမ်းခြင်းက ဘုရားထံ၌

အပြည့်အဝမှီခိုအားကိုးခြင်း၊ ဘုရားကိုလုံးလုံးလျားလျား အသိအမှတ်ပြုခြင်းဖြစ်တယ်။ ဒီလိုလုံခြုံတဲ့ဘောင်အတွင်း

မှာ ကိုယ့်ရဲ့ခံစားချက်အမှန်တွေကို အပြည့်အဝဖေါ်ထုတ်နိုင်တာဖြစ်တယ်။

Add new comment

5 + 8 =