ဖာသာရ် Rev. Fr. Peter ကြည်မောင် (မန္တလေး) (၁၂)ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၂၈၊ ၆၊ ၂၀၂၃

28 June 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရမည့်တရားတော်မှာ သခင်ခရစ်တော်က ပရောဖက်အတုတွေကိုသတိထားဖို့၊

အပြင်မှာတော့ သိုးသူငယ်လိုဖြူစဉ်ပြ ဟန်ဆောင်ပြ အတွင်းစိတ်မှာက ငမ်းငမ်းတက်ဆာလောင်နေတဲ့ မြေခွေး

လို စားသောက်ဖို့ချောင်းနေတဲ့ သူတွေကိုသတိထားပါတဲ့။ အစပိုင်းမှာတော့ လူတွေရဲ့ယုံကြည်မှုရဖို့ ရိုးသားသလို

လို၊ တကယ်ပဲး ဖြူစဉ်သလိုလို၊ မာနကင်းမဲ့သူလိုလို နဲ့ ဟန်းဆောင်မှု့တွေနဲ့ ဖုန်းကွယ်ထားတဲ့  ပရောဖက်အတုတွေ

လို ဘာသားရေးခေါင်းဆောင်အတုတွေ၊ ကိုယ့်အတွက်ပဲကြည့်ပြီး အိပ်ထဲထဉ့်ဖို့ လုပ်နေတဲ့ လှုမှုကယ်ဆယ်ကူညီ

ရေးအမည်ခံ အဖွဲးခေါင်းဆောင်တွေ၊ အများအကျိုးအတွက်ပါဆိုပြီး သူကိုယ်ကြိုးအတွက် အများပြည်သူကို

ချနင်းနေတဲ့ ‌နိုင်ငံရေးခေါင်းဆောင်အတုတွေ၊ ဒီလူတွေကို သတိနဲ့ မလက်ခံကြဖို့သတိပေးနေတယ်။
အတွင်းစိတ်ကောက်ကျစ်သူ၊ လောဘကြီးသူ၊ မနာလိုစိတ်များလွန်းသူ၊ ယုတ်မာသူတွေဟာ ကြောင်ကြာကြာရေ

မငြုပ်နိုင်သလို့၊ အချိန်တန်ရင် ဇာတိပြလာတယ်၊ မကောင်းတဲ့ဗီဇက ဖြစ်တဲ့အတွက်မကောင်းတဲ့အသီးပဲးသီးလာ

မယ်။ အချိန်တန်ရင်၊ လူတွေရဲ့ယုံကြည်မူ့ရလာရင်၊ အာဏာပါဝါရလာရင်၊ ကြော်ဇောထင်ရှားမှု့တွေရလာရင် ဗီဇမကောင်း

သူတွေဟာ သူတို့အကြိုးကိုစတင်ဖေါ်ဆောင်တော့တာပဲ။  သူရဖို့ပဲ မရိုးမသားမသမားနည်းတွေ အသုံးပြုလာကြတယ်၊

လူတွေတော့ လောကတပ်မက်မူ့တွေ ကင်ကြပါဆိုတဲ့ ကားအကောင်းစား အိမ်အကောင်းစား ဘာသာရေးခေါင်းဆောင်

တွေ၊  တွေ့ဖူးကြတယ်မဟုတ်လားလူမှု့ကယ်ဆယ်ရေးလုပ်တာပါဆိုပြီး ဆင်းရဲးတဲ့နိုင်ငံမှာ နိုင်ငံတကာ အဆင့်မှီ

အလူငွေထဲးက လစာဖြတ်ယူနေကြတဲ့ နာမည်ကောင်းတပ် လုပ်စားခေါင်းဆောင်တွေ၊ တွေ့ဖူးကြတယ်မဟုတ်လား

တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်ပါဆိုပြီး ဘီလျှံခြည်ပြီး ချမ်းသာနေကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တွေ့ဖူးကြတယ်

မဟုတ်လားမကောင်းတဲ့အပင်က မကောင်းတဲ့အသီးသီးလာတာပါပဲး၊ ကောင်းတဲ့အပင်ကတော့ မကောင်းတဲ့အသီး

မသီးနိုင်ဘူး။ ကောင်းတဲ့ မျိုးစေ၊ မျိုးစေမှန်တယ် ကောင်းတဲ့အပင်ဖြစ်တယ်၊ ပတ်ဝန်းကျင်ကောင်းမှာရှင်သန်ကြီးထွား

ခွင်ရကြသူတွေ၊ ဒီပုဂ္ဂိုလ်တွေဟာ၊ သိက္ခာတရား၊ ကိုယ်ကျင်တရား၊ အမှန်တရားနဲ့ ပညာပါရမီ၊ သည်ခံနိုင်ခြင်း၊

အမှန်တရား၊ တရားမျှတမှု့အတွက် အရားရာကိုယ် စွန်လွတ်ရဲးသူတွေ၊ အနစ်နာခံရဲးသူတွေ၊ 

သူတို့ကိုယ်၌က ကိုယ်ကျင်သိက္ခာကိုတန်ဖိုးထားသူ၊ ပညာသတိရှိသူတွေဟာ၊ အများအကျိုးအတွက်၊ ကောင်းတဲ့အသီး

တွေကိုသီးပေးကြသူတွေဖြစ်တယ်။ ဓမ္မမိတ်ဆွေ သင့်စီကနေရော ဘယ်လိုအသီးမျိုးတွေ သီ‌နေသလဲး၊ သင်ဘယ်လို

လူစားလဲး ဆိုတာ အာမနာတန်းဝေဖန်ကြည်ပါ၊ အချိန်ရှိသေးတယ်၊ ကောင်းသူလား၊ မကောင်းသူလား အချိန်တခုလောက်

စကာပြောကြည့်ပေါင်းကြည်ရင် သူရဲ့ အပြုအမူ၊ အပြောအဆို စိတ်နေစိတ်ထားကနေ ကောင်းတဲ့အသီးသီးတဲ့အပင်လား။

မကောင်းတဲ့အသီး သီးတဲ့အပင်လား ခွဲးခြားလို့ရနိုင်ပါတယ်။ သတိတော့ထားပေါ့ ဒီကနေ့ ရှင်မာတေဦးကျမ်းစာရဲ့ နောက်ဆုံး

အကြောင်းလေးက၊" ကောင်းသောအသီးမသီးသော အသင်မှန်သမျှ ခုတ်လှဲးပြီး မီးထဲးကိုပြစ်ထဲ့ခြင်းခံရမယ် တဲ့။

Add new comment

7 + 9 =