ဖာသာရ် Petre ကြည်မောင် (မန္တလေး) ၂၅ ကြိမ်မြောက်သာမန် စနေနေ့ ဩဝါဒ ၃၀၊ ၉၊ ၂၀၂၃

30 September 2023

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်လုကား ၉: ၄၃-၄၅ မှာ သခင်ခရစ်တော် အဆင်းသဏ္ဌာန်ပြေင်းလဲး ခြင်းအပြီးတောင်ပေါ်က ဆင်လာတဲ့အချိန် လူထုပရိပ်သတ်နဲ့တွေတဲ့အချိန် ဝက်ရူးပြန်ရောဂါဆွဲးကပ်နေသူ လူငယ်လေးကိူ ကုသပေးခဲ့ခြင်ကြောင့် လူတွေကအံဩမှင်သက် ပြီး ဘုရားရဲ့ဘုဏ်းဂုဏ်တော်ကိုချီးမွမ်းခဲ့ကြတယ်။ အဲ့လိုအံဩ မှင်သက်နေကြစဉ်မှာပဲ သခင်ခရစ်တော်က သူရဲ့ အရေးကြီးတဲ့ ဘုရားရဲ့စီမာန်ကိမ်းကိုကြိတင်ပြောပြခဲ့တယ်။ သခင်ခရစ်တော်က သူသစ္စာ‌ေဖါက်ခြင်းခံရမယ်၊ လူတွေက ငြင်းပယ်ကြမယ်၊ အသေသတ်ခြင်းခံရမယ် ဆိုတာကိုပြောတဲ့အချိန်မှာ တပည့်တော်ကြီးတွေနားမလည်ခဲ့ကြဘူး။ တချို့ကလဲး သခင်ခရစ်တော်ကဲ့သို့ သူတို့လည်းခံရလေးမလား ဆိုပြီးကြောက်ရွံ့နေခဲ့ကြတယ်။ ပရောဖက် အိာက်ဇေးယ ဟေားခဲ့တဲ့ ညှင်းပန်းနှိပ်စက်ခံရမည့်အစေခံအကြောင်း၊ လူတွေရဲ့အပြစ်ကိူကယ်ချွတ်ဖို့အတွက် မက်ဆီးယား သခင် ညှင်းပန်း နှိပ်စက်သတ်ဖြတ်ခံရမည့် ဟေားကြားချက်တွေကိူ မေ့လျှော့ပြီး၊ ဘုးဏ်တော်နဲ့ ကြွလာမည့် ကယ်တင်ကိုသာ မျှော်လင်တောင်းတခဲ့ကြတယ်။ သခင်ခရစ်တော်က ထာဝရဘုရားရှင်ရဲ့စည်မံကိန်းဖြစ်တဲ့ သူ၏အသက်သွေး အားဖြစ် တို့ကို မကောင်းတဲ့စွဲးလမ်းမူတွေ၊ အပြစ်ရဲ့ကျေးကျွန်ဘဝကနေ ကယ်တင်ခဲ့ပြီးပြီ တို့က တပည်တော်ကြီးတွေလိုပဲ သခင်ခရစ်တော်ရဲ့လမ်းစဉ်ကိုနားမလည်ခဲ့ကြသေးဘူး။ ဒီကနေ့ ခရစ်တော်နောက်လိုက်တွေ ရှင်သန်နေထိုင်ရမည့်အသက်တာက သခင်ခရစ်တော်ကဲ့သူ တစ်ပါသူအတွက် အနစ်နာခံခြင်း၊ ပေးဆပ်ခြင်၊ ခွင်လွတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးချခံခြင်း အသက်တာမှာရှင်သန်ကြရ မှာဖြစ်တယ်။ ရိုးရိုးရှင်းရှင်ပြောရရင် သင့်ကြောင် တစ်ပါးသူ ဒီနေ့ ဘာ‌ေကာင်းကြိုးတခုခုခံစား သွားရသလဲး ဆိုတာနဲ့ တိုင်းတာပြီး ရှင်သန် အသက်ရှင်ကြဖိုပါပဲ။

 

Add new comment

4 + 0 =