ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလအဠမမြောက်သီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၁၊ ၅၊ ၂၀၂၃

၃၁/၅/၂၀၂၃
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာသာသနာတော်ကြီးက Visitation လို့ခေါ်တဲ့ အမိမယ်တော်က သူ့ ဝမ်းကွဲးအမတော်စပ်သူ

အသက်ကြီးမှ ဘုရားရဲ့ဘုန်းတခိုးတော်ကြောင့် ကိုယ်ဝန်ရခဲ့သူ ဧလိဇဘက်ထံမှာ သွားရောက်ကူညီလုပ်ဆောင်ပေးဖို့

သွားခြင်းပွဲးတော်နေ့ကို ကျင်းပစေပါတယ်။ အဲ့လိုသွားခဲ့တဲ့အချိန်မှာ မယ်တော်နဲ့ဧလိဇဘက်တို့ တွေ့ဆုံနှုတ်ဆက်ကြခြင်း

အကြောင်းလေးကို ကြားနာခဲ့ရတယ်။ ဧလိဇဘက်က သူမရဲ့ဝမ်းကြာတိုက်မှာ အကြီးဆုံးပရောဖက်ဖြစ်တဲ့ယောဟန်

ဗတ္တိစ္စတားစတား လွယ်ထားတယ်။ အမိမယ်တော်ကတော့ သားတော်ဘုရားကို ဝမ်းမှာလွယ်ထားတယ်။ကျေးဇူးတော်

တွေနဲ့ပြည့်ဝနေသူဒီပုဂ္ဂိုလ် နှစ်ဦးတွေကြတဲ့အခါ လူးသားမိခင်ဖြစ်တဲ့ ဧလိဇဘက်က နှိမ့်ချခြင်းနဲ့ စတင်နှုတ်ဆက်တယ်။

ငါအရှင်သခင်ရဲ့မိခင်က ငါစီကြွလာဖိုမထိုက်တန်ဖူး လို့ နုတ်ဆက်ပြီးအမိမယ်တော်ရဲ့နုပ်ဆက်သံကိုကြားရုံမျှဖြင့် ဝမ်းတွင်း

မှသားငယ်ဟာခုန်မြူးတယ်။ အမမယ်တော်ကလည်း ဘုရားရဲးကျေးဇူးတော်ကိုချီးမွမ်းတဲ့ မာညီးဖီကပ်ဆိုတဲ့ ချီးမွမ်းခြင်း

သီခြင်းကိုရွတ်ဆိုခဲ့တာကိုကြားနာခဲ့ရတယ်၊။ဘုရားနဲ့ပြည့်ဝနေသူတွေတွေ့ကြတဲ့အခါ ဘုရားတရားအကြောင်း နှိမ့်ချခြင်း

နဲ့ပြောဆိုကြတယ်၊ ခင်များတိုကျွန်တော်တို့တွေကြတဲ့အခါ ဘာတွေပြောကြလဲး၊ လောကအကြောင်းတွေ၊ သူများမကောင်း

ကြောင်းငါ့ကောင်းကြောင်းတွေပြောကြတာများပါတယ်။ဘုရားမယ်းတော်ဖြစ်တဲ့ အမိမယ်တော်ဟာ လူးသားမိခင်ဖြစ်တဲ့

ဧလိဇဘက်စီမှာ သုံးလ ခန့်နေပြီးကူညီလုပ်ကိုင်ပေးခဲ့တယ်၊ အမိမယ်တော်က ရာထူးကြီးတယ် မြင်မားတယ် မြင့်ရာက

နိမ့်ရာကို ဆင်းပြီး နှိမ့်ချစွာနဲ့သွားရောက်လုပ်ကိုင်ပေးတယ်၊ တို့လူသားတွေမှာတော့ အမြင်ကို ရောက်သွားတဲ့သူက နိမ်ရာကို

ဆင်းလာဖို့အရမ်းခက်ခဲးကြတယ်၊ ချမ်းသာသူက ဆင်းရဲးသူကို သွားရောက်ကူညီလုပ်ကိုင်ပေးဖို့၊ ရာထူးကြီးတဲ့သူက ရားထူးငယ်

သူကို သွားရောက်ကူညီပေးတာ၊ အလုပ်ရှင်က အလုပ်သမားကိုသွားကူညီလုပ်ပေးတာ မရှိသလောက်ရှားပါးပါတယ်။ 
တပါးသူစီကိုသွားလည်တဲ့အခါ ဘုရားကိုသယ်သွားသူဖြစ်ပါစေ၊ အမိမယ်တော်ကဲ့သို့နှိမ့်ချနိုင်သူတွေဖြစ်ကြပါစေ။

Add new comment

1 + 18 =