ဖာသာရ် Peter ကြည်မောင် (မန္တလေး)  ၃၄ ကြိမ်မြောက်သာမန် အင်္ဂါနေ့ ဩဝါဒ ၂၈၊ ၁၁၊ ၂၀၂၃

28 Nov 2023
ဓမ္မမိတ်ဆွေတို့ နှစ်စဉ်နှစ်စဉ်တိုင်းကြားနာနေကြဖြစ်တဲ့ liturgical calendar လို့ခေါ်တဲ့ သာသနာတော်ရဲ့ တနှစ်တာပြက္ခဒိန် နောက်းဆုံးနေရက်တွေမှာ ကပ်ကမ္ဘာကုန်မည့်အကြောင်း၊ အဆုံးတိုင်တည်ကြည်ကြဖို့ ယုံမှာလမ်းလွဲးမသွားဖို့၊ ထူခြားတဲ့နမိတ်လက်ခဏ္ခာတွေတွေမြင်ကြရမည့်အကြောင်းတွေကိူ နှစ်စဉ်နှစ်တိုင်းကြားနာနာယူကြရပါတယ်။ ဒီကနေ့ရှင်လုကား ၂၁: ၅-၁၁ မှာ တမာန်တော်ကြီးတွေက ဂျေရုစလင် ဗိမာန်တော်ကြီးကိုကြည့်ပြီး လှပကြောင်းသပ်ပယ်ကြောင်းလက်ရာမျောက်ကြောင်းကြည်ညိုဖွယ်ရာကောင်းကြောင်းတွေချီးမွမ်းနေချိန်မှာ သခင်ခရစ်တော်က သင်တို့ယခုမြင်တွေနေရသောအရာအာလုံး၊ ကျောက်တုံးတတုံးပေါ်တတုံးတင်ကျန်မနေရအောင်ပျက်စီသောနေရောက်လာမယ်။ အားလုံးပျိုကျပျက်စီသောနေ့ရောက်လာမယ် ဆိုပြီး သတိပေးခဲ့တာကိုကြားနာခဲ့ရတယ်။ ထိုသိုသောအရာတွေဘယ်တော့ဖြစ်မလဲး လို့ တပည့်တော်ကြည်းတွေကမေးကြအချိန်မှာ သခင်ခရစ်တော်က ငါ၏အမည်နာမ၌ ငါ့အယောင်ဆောင်သောသူတွေလာကြမယ် မယုံကြည်မိကြစေနဲ့၊ လောကအရာတွေ၊ တီထွင်ကြံဆမှု့တွေ၊ နတ်ဆိုးနတ်မိတ်ဆာတွေကို ဘုရားနေရာ အစားထိုးလာကြတယ်၊သခင်ခရစ်တော်ဆိုလိုတာကမယုံကြည်သင်တာကို ယုံကြည်ကြတဲ့အချိန်ဟာ နောက်ဆုံးသောအချိန်ပဲ။ နောက်တချက် သခင်ခရစ်တော် ရဲ့ဆိုလိုရင်းက၊ ရှင်ယောဟန် အခန်းကြီး ၄: ၂၁ ဆာမာရီတန် အမျိုးသမီးထံမှ ရေးတောင်းသောက်ခြင်းမှာ သခင်ခရစ်တော်ပြောခဲ့တာက အဖခမည်းတော်ကို ဂျေရုစလင်မာလည်းမဟုတ်၊ တောင်ပေါ်မှာလည်းမဟုတ် နေရာတကာမှာဘုရားကို ကိုးကွယ်ရမည့်အချိန်ရောက်လာပြီ၊ သခင်ခရစ်တော် ဆိုလိုတာက သာသနာ၊ ယုံကြည်ကိုးကွယ်မူ့ဆိုတာ ယုံကြည်သော နှလုံးသားမှာ အဓိကတည်ရမယ်၊ နေရာ၊ အဆောက်အအုံးဟာ အချိန်တန်ရင် ပျိုပျက်သွားမယ် ၊ ပုံစံတွေပြောင်းလဲးသွားမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘုရားပေါ်မှာထားတဲ့ယုကြည်ခြင်းက မပျိုပျက်စေဖို့၊ မယိုင်လဲးစေဖို့၊ မမှားယွင်းစေဖို့ သတိပေးနေခြင်းဖြစ်တယ် ၊

Add new comment

1 + 4 =