ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် အင်္ဂါနေ့ ဩဝါဒ ၂၉၊ ၈၊ ၂၀၂၃

29. August 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသနာတော်ကြီးက ယောဟန် ဗတ္တတစ်စတား ‌‌ခေါင်းဖြတ်သတ်ခံရတဲ့ ‌ပွဲတော်နေ့ကိုကျင်းပပါတယ်။ ဒီကနေ့ ဟေရုတ်မင်းက သူရဲ့ညီတော်သူ ဖိလစ်ရဲ့မယားကို တရားမဝင် ဥပဒေကို ဆန်ကျင်ပြီယူခဲ့တဲ့အတွက် ယောဟန်က ထောက်ပြပြစ်တင်ပြောဆိုခဲ့တာကို မကြေနတ်ပြီး ထောင်ချခဲ့တယ်။ အာဏာရှင်တွေဟာ အမှားကိုဆက်တိုက်ကျူးလွန်ဖို့ဝန်မလေးကြဘူး ဆိုတာကိုဖော်ပြနေခြင်ဖြစ်တယ်။ တဆက်တည်မှာပဲ သူတိုကိုသူတို့ဂုဏ်သိက္ခာရှိသူလို့လည်းထင်မြင်နေကြတယ်။ ဒါကြောင့်လည်း ဟေရုတ်မင်းက သူရဲ့မွေးနေ့ပွဲးမှာ မယားပါသမီးဖြစ်သူ ရဲ့ဖျော်ဖြေမူမှာသာယာပြီး လိုရာဆုကိုတောင်းစေ ဆိုရာကနေ ‌ယောဟန်ရဲ့ ဦခေါင်ကို လိုခြင်ပါတယ်လို့တောင်းခံတဲ့အခါမှာ အမှာပေါ်အမှားထပ်ဆင့်ပြီး ယောဟန်ကို ခေါင်းဖြတ်သတ်စေခဲ့တယ်။ "ယောဟန်က သူအလုပ်သူလုပ်တယ်၊ ဟေရုတ်မင်းကလဲးသူအလုပ်သူလုပ်တယ် ကွာခြားတာက ကောင်းတာလုပ်တဲ့သူနဲ့မကောင်းတာလုပ်တဲ့သူပဲကွာခြားသွားတယ်"။ ယောဟန်က သခင်ခရစ်တော် ကယ်တင်ရှင်ကြွလာဖို့ လမ်းပြင်ပေးတယ်၊ ဘုရားကြွလာဖို့ မကောင်းတာတွေရှောင်ကျင်ကြဖို့၊ အပြစ်အမှားတွေကို မလုပ်ကြဖို့ နောင်တရကြဖို့ဟေားပြောတယ်။ သူရဲ့တာဝန်က လူတိုင်းကယ်တင်ခြင်းရဖို့၊ ဆင်းရဲးသားရော၊ ချမ်းသာသူရော၊ အရာရှိရော၊ သာမာန်လူတန်းစားရော၊ ရှင်ဘုရင်ရော ၊ တိုင်သူပြည်သားရောကို တန်တူဟောပြောတယ်၊ အမှန်တရားကိုပြပေးတယ်။ ဒါပေမဲ့ ဟေရုတ်မင်းက အမှန်တရားကိုနောင်တတရားနဲ့လက်မခံခဲ့ပဲ အမှန်တရားပြောသူကိုသာ ဖျက်စီးပြစ်ခဲ့တယ်။ ဒီနေ့ခေါတ်ကြီးမှာလဲး အတူတူပါပဲ လူတွေက အမှန်တရာပြောပြရင် ရန်လိုခြင်ကြတယ်၊ လက်မခံနိုင်ကြဘူး၊ အမှန်တရားပြောသူကို ရန်သူလိုသတ်မှတ်ပြီး ဖျက်စီးပြစ်ဖို၊ ပျက်စီးစေဖို့ကြံစည်လုပ်ဆောင်ကြတာ လူတွေရဲ့သဘောသဘာဝပါပဲ။။ အထူးသဖြင့် မကောင်းတဲ့စိတ်များသူ၊ မိမိအမှားကိူ ဖုံးကွယ်ခြင်သူ၊ မာန်မနကြီးသူ၊ ရာထူး အာဏာ ကို အလွဲးသုံးစားလုပ်သူတွေမှာ များစွာတွေရပါတယ်။ လူတွေဟာ သူတို့ကောင်းကြောင်းကိုသာ ပြောဆိုစေခြင်တယ် အပြစ်အမှားထောက်ပြသူကို လက်မခံနိုင်ကြတာက နှလုံးသားထဲးမှာ ဘုရားမရှိပဲး နတ်ဆိုပဲးရှိနေလို့၊ မိမိကိုယ်ကိုယ် အရှိအတိုင်း လက်မခံနိုင်လို့၊ မာန်မာန တရားကြီးမားလိုသာ အမှားပေါ်မှာ အမှာကို ထပ်ခါထပ်ခါကျူး လွန်မိကြတာပဲဖြစ်တယ်။ ဓမ္မမိတ်ဆွေ သင့်ကို ကောင်းမွန်သော စိတ်နေစိတ်ထားနဲ့ ယုံကြည်လေးစားထိုက်သူတယောက်က အမှားထောပြပြောဆိုပြုပြင်ပေးလာရင် လက်ခံနိုင်သူဖြစ်အောင်ကြိူးစာပါ။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖျာကျန်းမာချမ်းသာတေယ်မူကြပါစေ။။

Add new comment

6 + 12 =