ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် တနင်္လာနေ့ ဩဝါဒ ၂၈၊ ၈၊ ၂၀၂၃

ဩဂုတ်လ ၂၈ .၂၀၂၃ (ရှင်မာတေဦး ၂၃ဂ၁၃-၂၂)

ဓမ္မမိတ်ဆွေတို ဒီကနေ့ကြားနာခဲ့ရသော ရှင်မာတေဦး  ဧဝံဂေလိ ကျမ်း အခန်းကြီ ၂၃:၁၃-၂၂ မှာ သခင်ခရစ်တော်ကက  “လျှို့ဝှက် ဟန်ဆောင်သော၊ ကျမ်းပြုဆရာ၊ ဖာရိ‌ဇေဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။" သင်သည် လူသားများရှေ့တွင် ကောင်းကင်နိုင်ငံတော်ကို သော့ခတ်ထားကြတယ်။ သင်ကိုယ်တိုင်လဲမဝင်၊ ဝင်ရန်ကြိုးစားသူများကို ဝင်ခွင့်မပြုကြ။ လျှို့ဝှက်သော ဟန်ဆောင်သော ကျမ်းပြုဆရာ၊ ဖာရိ ဇေဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် လူအများကို မိမိတို့ကိုးကွယ်ယုံကြည်ရာထဲးသို့ ပြောင်းလဲဝင် ရောက်လာစေခြင်းငှာ ပင်လယ်နှင့် ကုန်းမြေကို ဖြတ်ကျော်ကာ၊ သွားယောက်ဟောပြောကြသောလဲး ငရဲးသားများကိုသာ၊ အယူလွဲးများကိုသာ ဖြစ်ပေါ်စေကြ၏ ဆိုပြီး ပြင်ထန်စွာ စွတ်စွဲးပြောဆိုထားတာကိုကြားနာခဲ့ရတယ်။ ဗမာစကားပုံတခုဖတ်ဖူးတယ် ဆရာဝန်တခါမှားရင် လူနာတယောက်ပဲသေမယ်၊ ကျောင်းဆရာတခါမှားရင် အနာဂါတ်ပါသေမယ်တဲ့၊ ဘုရားတရား၊ ကျမ်းစာ၊ ဘာသာ သာသနာအကြောင်းသိပါတယ် ဆိုတဲ့ အသိပဲရှိပြီး အကျင့်သီလမရှိတဲ့ အရေခြုံတွေ ကိုယ် ယုံစားမိသူတွေဟာ ပျက်စီးခြင်းကို ရောက်ကြရမယ်၊ တပါးသူကို အပြစ်ထဲးကြအောင်မကောင်းလမ်းပြသော ဘာသာရေး အယောင်ဆောင် ခေါင်းဆောင်တွေတပါးသူ ကို လမ်းကောင်းလမ်းမှန်မပြပဲ၊ မိမိအယူအဆ၊ အမှားအယွင်းတွေကို သွန်သင်နေသူတွေ၊ရရှိထားသော ရာထူးအာဏာ အခွင့်အလမ်းတွေကို အသုံးချပြီး လူတွေကို အပြစ်အမှားထဲးကြအောင်လုပ်ဆောင်နေသူတွေ၊ လူတွေရဲ့ယုံကြည်အားကိုးမူ့ကို အသုံးချပြီး အမှားတွေသွန်သင်နေသူတွေ၊ မိမိကိုယ်ကိုယ်လဲးပျက်စီးစေသူ၊ မိမိကို ယုံကြည်သူတွေကိုလည်းပျက်စီးစေသူ၊ အဲ့လိုလူတွေကို ဒီကနေ့ ဘုရားသခင်က ပြင်ပြင်းထန်ထန် သတိပေးနေတယ်၊ လောက လူပတ်ဝန်းကျင်၊ လူမူ့ရေးအသိုင်းအဝန်း၊ ပညာရေးအသိုင်းအဝန်း၊ ဘာသာရေးအသိုင်းအဝန်း အုပ်ချုပ်ရေးအသိုင်းအဝန်းမှာ အဲ့လိုလူတွေကိုများစွာတွေ့ရတယ်ဓမ္မမိတ်ဆွေ သင်ဟာ သင်အလုပ်မှာ၊ သင့်နယ်ပယ်မှာ၊ သင့်မိသားစုမှာ သင်ဘယ်လိုခေါင်းဆောင်မျိုး ဖြစ်နေသလဲး၊ သင်ဟာ မိသားသုကို ဦဆောင်နေသူဆိုလျှင် သင့်မိသားစုကို သင် ကောင်းမွန်ရာကို၊ အမှန်တရားကို၊ ချစ်ခြင်းမေတ္တာတရားကို၊ ခွင့်လွတ်သည်းခံခြင်းတရားကို၊ နှိမ့်ချခြင်းတရားကို သင်ပြပေးနေသူလားသင့်မိသားစုကို ဘုးရားသခင်စီ ဦးဆောင်ခေါ်သွားနေသူလားသို့မဟုတ်သင့်ရဲ့ ယုတ်မာကောက်ကျစ်မူ့၊ ယုတ်ယင်းကြမ်းတမ်းမူ့၊ ရိုင်းဆိုင်းမောက်မာမူ့တွေနဲ့ နတ်ဆိုး ရဲ့နောက်လိုက် ငရဲးသားလေးတွေမွေးထုတ်ပေးနေသူလားနတ်ဆိုးစီကိုဦဆောင်ခေါ်သွားနေသူလား စဉ်းစာပါ၊ကိုယ်ကို၌က လမ်းကောင်းမလျောက်နိုင် ရင် တပါးသူကိုတော့ မကောင်းလမ်းပြ မဖြစ်ပါစေနဲ့။

Add new comment

3 + 2 =