ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၉၊ ၃၊ ၂၀၂၃

ဝါတွင်းကာလပဥ္စမသီတင်းပတ် ဗုဒ္ဓဟူးနေ့ မတ်လ၂၉. ၂၀၂၃ (ရှင်ယောဟန် ၈း၃၁-၄၂)
 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ရှင်ယောဟန်ရဲ့ကျမ်းစာက ဝါတွင်းကာလမှာ သတိပေးနေတယ်။ ငါ၌တည်နေသူတွေဟာငါရဲ့စစ်မှန်သော

နောက်လိုက်တွေဖြစ်တယ်။ သူတို့တွေဟာ သမ္မာတရား အမှန်တရားကို တွေ့ရှိကြမယ် အဲ့ဒီအမှန်တရားက ထိုသူတို့ကို လွတ်

မြောက်စေမယ်တဲ့။ သခင်ခရစ်တော်၌တည်နေခြင်းဆိုတာဘာလဲးသူရဲ့တရားတော်တွေမှာ လိုက်ကျင့်သူ၊ အသက်ရှင်နေထိုင်သူ ၊

သူတရားက ဘာတွေလဲး ချစ်ခြင်းမေတ္တာတရား၊ ခွင့်လွှတ်ခြင်းတရား သည်းခံခြင်းတရား နှိမ့်ချခြင်းတရား၊ ကိုယ် ခြင်းစာခြင်း

တရား၊ အနစ်နာခံခြင်းတရား အဲ့ဒီတရားဓမ္မတွေမှာ အသက်ရှင်နေသူတွေဟာ စစ်မှန်တဲ့ ခရစ်တော်နောက်လိုက်တွေဖြစ်တယ်။

အဲ့တရားတွေမှာ နေထိုင်ရှင်သန်သူတွေဟာ သမ္မာတရား အမှန်တရားဖြစ်တဲ့ဘုရားရှင်ကို တွေ့မြင်ကြရမယ်၊ ဘုရားကိုတွေ့ရှိသူ

တွေဟာ ကယ်တင်ခြင်းကိုရကြမယ်။ ကယ်တင်ခြင်းဆိုတာ အပြစ်တရားက လွတ်မြောက်စေပြီး ဘုရားရှင်နဲ့အတူနေထိုင်ရတဲ့

ဘဝ ပြီးမြောက်ပြည့်စုံတဲ့ဘဝ၊ ဒါကြောင့် အဲ့ဓမ္မတရားက သင့်ကို လွတ်မြောက်စေမယ်၊ ဘုရားက သင့်ကို လွတ်မြောက်စေမယ်

လို့ ကတိပေးလိုက်ခြင်းပါပဲ။ 
 ကျမ်းစာရဲ့ဒုတိယအပိုက်မှာ ငါတို့ဟာ အာဘရာဟံရဲ့မျိုးစက်တွေဖြစ်တယ်။ ဘယ်သူစီမှာမှ ကျွန်ခံနေရသူတွေမဟုတ်ဘူး၊ ဘယ်လို

ငါတို့က လွတ်မြောက်သူတွေဖြစ်မှာလဲးလို့မေးခွန်းထုတ်ခဲ့ကြတယ်။ သခင်ခရစ်တော်ကို ကျွန်ဘဝမှကယ်တင်ပေးမယ် နိုင်ငံရေး

ကယ်တင်ရှင် ဆိုသည့်ပုံစံမျိုးနဲ့ရှုမြင်ခဲ့ကြတယ်။ သခင်ခရစ်တော်က သူတို့ရဲ့မှာယွင်းနေတဲ့အယူအဆ၊ မမြင်တပ်တဲ့ကျွန်ဘဝကို

သူတိုကို ထုတ်ဖေါ်ပြသပေးခဲ့တယ် ။အပြစ်ပြုသူတိုင်း၊ ဘုရားရှင်ရဲ့တရားတော်တွေကို ဆန်ကျင်ဘက်ပြု အသက်ရှင်နေထိုင်သူ

တွေ၊ လောဘဒေါသမောဟ မန်မာန တရားတွေခွင်မလွတ်ခြင်းတွေနဲ့ရှင်သန်နေသူတွေဟာ ကျွန်တွေဖြစ်တယ်။  အဲ့ဒီကျွန်ဘဝ

လွတ်မြောက်ဖို့လိုတယ် ဆိုတာ သတိပေးနေခြင်းဖြစ်တယ်။ လောကမှာ ကိုယ့်ကို ကို ကျွန်ဖြစ်နေလို့ဖြစ်နေမှန်း မသိတဲ့သူတွေ

အများကြီးပဲ၊ အပြစ်သားဖြစ်နေလို ဖြစ်နေမှန်းမသိ၊ နောင်တရဖို့လိုအပ်နေမှန်းမသိတဲ့သူတွေအများကြီးပဲး။ ဒါကြောင့် သားတော်

ဘုရားက ကယ်တင်ပေးသူတွေဟာ လွတ်မြောက်သူတွေဖြစ်လာကြမယ် လို သတိပေးနေတယ် ။ သူ့တရားကို လိုက်နာကြရမယ်၊ 
ကိုယ်ကို ကို မသိတဲ့သူတွေဟာ အပညစ်နွန်မှာ နစ်နေသူတွေဖြစ်တယ်။ ဒီနေ့ခေတ်ကြီးထဲးမှာ နားရှိပြီးမကြား မျက်စိရှိပြီး မမြင်သူ

တွေများလာကြတယ်။ဒါကြောင် ခရစ်ယာန်တရားက ရေနစ်နေသူကို နေရစ်နေချိန်မှာ ဘက်ကို ဟိုလိုလုပ်ခြေကို ဟိုလိုခတ်ဆိုပြီး

ရေကူးသင်ပေးနေရမည့်အချိန်မဟုတ်ဘူးဆိုတာ သိလာတယ်။ ချက်ခြင်းကယ်တင်ပေးမှ ရှင်သန်ခွင်ရကြမယ်။ ကယ်တင်ပြီး မှ

ရေကူသင်ပေးရမယ် ဒါမှ နောက်တခါမနစ်စေရအောင်လို့ ဒီရည်ရွယ်ချက်နဲ့သားတော်က တို့ကို လွတ်‌‌မြောက်စေခဲ့ခြင်းဖြစ်တယ်။။ 
ဓမ္မမိတ်ဆွေတို့ မိမိကိုယ်ကိုယ်ကိုမိမိ ခရစ်တော်တရားတော်တွေနဲ့ နေထိုင်သူ စစ်မှန်တဲ့ နောက်လိုက်ဖြစ်နေပြီလား ဒါမှမဟာတ်ကိုယ်

ကိုကို အပြစ်သားမှန်းတောင်မသိတဲ့သူ ‌ဖြစ်နေသလား ထောက်ရှုကြပါ။

Add new comment

7 + 10 =