ဖာသာရ် Peter ကြည်မောင်(မန္တလေး) ဝါတွင်းကာလပထမသီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၂၈၊ ၂၊ ၂၀၂၃

28 February 2023
 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ကျမ်းချက်တွေ ကိုထောက်ရှုကြည့်ရအောင်ပထမကျမ်း ပရော အီဇာအီယ

အခန်းကြီး ၅၅: ၁၀ မှာ ကောင်းကင်က ကျလာတဲ့ မိုးရေစက်တွေဟာ ကမ္ဘာမြေကို အကြိုးမပြုပဲး ပြန်တက်မ

သွားဘူး ဆိုတာလေးကို ကြားနာခဲ့ရတယ်၊ ဓမ္မမိတ်ဆွေ သင်ရော ကျွန်ုပ်ရော ဒီလောကထဲးကို ရောက်လာခဲ့

ကြတယ်။ တပါးသူနဲ့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် ဘယ် လောက်အကြိုပြု နေလည်း၊ ကိုယ်နေထိုင်ရာ

ကိုယ်နဲ့နီးစပ်သော မိသားစုဝင်တွေအတွက်၊ ကိုရဲ့အိမ်းနီးနားခြင်း ပတ်ဝန်ကျင်မိတ်ဆွေညီကိုတွေအတွက်၊

ကိုယ်နဲ့စက်စပ် နေသူတွေအတွက် ဘယ်လောက်အကြိုပြုနေလည်း ၊အကျိုးပြုသူလား အကျိုးပျက်စေသူလား

စမ်းစစ်ဖို့ ပထမကျမ်းစာလေးက သတိပေးနေတယ်။

 ဧဝိဂေလိကျမ်းမှာတော့ သခင်ခရစ်တော်က သူရဲ့တပည်တော်ကြီးတွေကို ဆုတောင်းမေတ္တာ  ကောင်းကင်ဘုံ

မေတ္တာ ကို သင်ကြားပေးခဲ့တာကိုကြားနာခဲ့ရတယ်။ ဒီ ကောင်းကင်ဘုန် မေတ္တာ ဟာ ယုံကြည်သူ ခရစ်ယာန်တွေ

ကြား အထူးသဖြင့် ကက်သလစ် တွေအတွက် တော့ အရွယ်ရောက်သူ လူတိုင်းနီးပါး အလွတ်ရကြတဲ့မေတ္တာဖြစ်

သလို ဆုတောင်းတိုင်းမှာလည်း အကြိမ်ကြိမ်ရွတ်ဆိုကြတဲ့ ဆုတောင်းစာတပုဒ်ဖြစ်တယ်။ 

 ဒီမေတ္တာဟာ သခင်ခရစ်တော်ကိုယ်တိုင် အဖ ခမည်တော်နှင် အတူစကာပြော ဆုတောင်းရွတ်ဆိုခဲ့သော မေတ္တာ၊

ကျွန်တော်တို့လူသားတွေကိုလည်း အဖခမည်းတော်ထံမှာ ဆုတောင်းစကားပြောကြဖိုသင်ပေးခဲ့သော မေတ္တာတပုဒ်ဖြစ်တယ်။ 
ဒီကနေ့ဒီမေတ္တာကို ကမ္မဠါန်းထောက်ရှုသလိုမျိုး ဖြေးဖြေးခြင်း ဆုတောင်းရွတ်ဆိုကြည့်ကြစို့၊ 

 ကောင်ဘုံ၌ကြိမ်းဝတ်တော်မူသော ကျွန်၏အဖ၊ တပည့်တော်ဟာ မထိုက်တန်သော်လည်း ကိုယ်တော်ကို ဖခင်ကဲ့သို့

ယုံကြည်အားကိုးပါတယ်၊ ဖခင်တဦးက သူသားငယ်သမီးငယ်ကို ကာကွယ် စောင့်ရှောက်သကဲ့သိူ့ ကာကွယ်ပေးပါအဖ၊

ကိုယ်တော်၏နာမတော်အားရိုသေးလေးမြတ်ခြင်းရှိပါစေသော်၊ ကိုယ်၏ဘုန်းဂုဏ်တော်ကို မထိုက်တန်သော်လည်း

ချီးမွမ်းပါသည်၊ သားသမီးက ဖခင်းအပေါ်ဂုဏ်ယူဝန်းမြောက်သကဲ့သို့ အဖ ဘုရားသခင်ကို ချီးမွမ်းပါ၏၊ 
ကိူယ်တော်၏နိုင်ငံတော်သည် ရောက်ပါစေသော။ ကိုယ်တော်၏ ငြိမ်းချမ်းသော၊ အေးချမ်းသာယာသော၊ ချစ်ခြင်းမေတ္တာဖုံ

းလွမ်းသော၊ နှိမ့်ချခြင်း သူတော်သူမြတ်များစုဝေးရာ နိုင်ငံတော်သည် ကျွန်ုပ်၏ဘဝ၊ ကျွန်ုပ်မသိသားစုဘဝ၊ ကျွန်ုပ်နှင်

ထိတွေဆက်ဆန်နေရသူ၊ ကျွန်ုပ်နေထိုင်ရာ ရပ်ကွက်၊မြိုနိုင်ငံအတွင်း ကိုယ်တော်၏အေးချမ်းသော နိုင်ငံရောက်ရှိစေပါ၊

ဖြစ်ပေါ်စေပါ၊ တည်ရှိစေပါ။ 
 ကောင်းကင်၌ဖြစ်သကဲ့‌‌ မြေကြီးပေါ်၌လည်း ကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေ၊ ကောင်းကင်ဘုံမှာအေးချမ်း

သာယာသကဲ့၊ ပျော်ရွှင်ကြည်နူးရ ထာဝရပြည်စုံသော ဘုရားရှင်နှင်အတူနေရသော ဘုံသကဲ့သို့ ၏ကမ္ဘာမြေ‌ပေါ်မှာလည်း

အေးချမ်းသာယာမှုပျော်ရွှင်ရမူ့ ကိုယ်တော်ရှင်၏အလိုတော်အတိုင်း ချစ်ခြင်းမေတ္တာ နှိမ့်ချခြင်းတရားသည်းခံခွင့်လွတ်ခြင်း

တရား တည်ရှိရာ ကောင်းကင်ဘုံကဲ့သို့ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေပါ။ နေစဉ်မပြတ်အလိုရှိအပ်သော အရာ

အစတို့ကျွန်ုပ်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ၊ ကျွန်ုပ်တို့နေစဉ်ရှင်သန်နိုင်ရန် ကာယ၏အစာအဟာကို ပေးသနား

တော်မူပါ၊ ကျွန်ုပ်တို့ပတ်ဝန်းကျသ်မှာ ဆာလောင်နေသူ၊ စားစရာမရှိသူတွေကို ဝေမျှပေးကန်းတပ်သောစိတ်ကိုပေးသနား

တော်မူပါ၊ တပည်တော်တို့စားသောက်ရသကဲ့သို့ အတိဒုက္ခရောက်နေကြရသူတွေကိုလည်းကိုယ်တော်ကြည့်ရှု့တော်မူပါ၊

ဝေမျှတပ်သော စိတ်စေတနာကို တပည့်တော်တို့၏စိတ်နှလုံးမှာ‌သွင်းပေးတော်မူပါ၊ ဝိညာဉ်အစာအဟာရအဖြစ်ကိုယ်

တော်ရှင်ကို နေစဉ်ပင်ယူနိုင်သော အခွင်အရေးကိုပေးသနားတော်မူပါ။ 
 ကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သောသူတို့အားခွင့်လွတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်းခွင့်လွတ်တော်မှုပါ၊ 

တပည်တော်‌တို့သည် မပြည့်စုံသောသူများအားနည်းသောသူများအပြစ်အမှာကျူးလွန်မိကြသူများဖြစ်ပါသည်၊ တပည်

တော်တို့တစ်ဦးစီ၏စိတ်နှလုံးထဲး၌ နားလည်းသီးခံနိုင်သောစိတ်၊ စာနာသနားတပ်သောစိတ်၊ လူတိုင်းအမှားနှင့်မကင်း

ကြောင်းဆင်ခြင်သတိရှိသောစိတ်၊ သူတပါးအပြစ်အမှားကို မာန်မနနှင်းမတုန့်ပြန်ပဲ ငါလည်းသူလိုမှားတပ်ပါလား၊ သူ

အပြစ်အမှားကို ငါကခွင့်လွတ်ပေးနိုင်မှ ငါအပြစ်အမှားလည်း ခွင့်လွတ်ပေးခြင်းခံရမှာပါလား ဆိုသောအသိတား၊ ကိုယ့်

ကိုတောင်းတာပေးသူရော၊ မကောင်းတာပေးသူရော လူတိုင်းကို မေတ္တာနှင်ပြန်လည်တုန်ပြန်တပ်သော စိတ်နေစိတ်ထား

ကိုပေးသနားတော်မူပါ။ တပည်တော်ဆုတောင်းသမျှသည် ကိုယ်တော်၏အလို‌တော်အတိုင်းဖြစ်ပါစေသော် အာမင်။ 
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

Add new comment

12 + 2 =