ဖာသာရ် Peter ကြည်မောင် (မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ် အင်္ဂါနေ့ ဩဝါဒ ၃၀၊ ၁၊ ၂၀၂၄

30 Jan 2024
ဓမ္မမိတ်ဆွေတို့ဒီကနေ့ကြားနာရတဲ့ပထမကျမ်းစာမှာ ဒေဗစ် ဘုရင်ကြီးဟာ သူ့ကိုသတ်ပြီး နန်းလုဖို့ကြိုးစားတဲ့ သူသား အပ်ဘ်စလုံ သေဆုံးတဲ့သတင်းကိုကြားတဲ့အချိန်မှာပြင်းထန်စွာ ငိုကြွေးခဲ့တယ်။ ငါ့သားလေးအစားငါသာသေပါရစေဆိုပြီး ငိုကြွေးခဲ့တာကို ကြားနာရတယ်။ ဒီနေရာမှာ မိဘမေတ္တာ ကြီးမားပုံဘယ်မိဘမှ သူတဲ့သာသမီးသေတာကိုကြာခြင်မှာမဟုတ်ပါဘူး သား၊ သမီးဆိုးသွမ်းမိုက်ရိုင်းနေရင် တောင် ခွင်လွတ်ချစ်ပေးတပ်တာမိဘတွေပါ။ ဒီကနေ့ ရှင်မာကုရဲ့ဧဝံဂေလိကျမ်း ၅:၂၁-၄၃ ပထမအပိုဒ်မှာလဲး တရားဇရပ်မူးက သူသမီးလေး အသည်းအသန်ဖျားနေလို့ ခရစ်တော်စီမှာ ကုသပေးဖို့လာရောက်တောင်းဆိုတာကို ကြားနာရတယ် ဒီနေရာမှာလဲး ပထမကျမ်းစာလို ဖခင်မေတ္တာကို တွေ့ရပြန်တယ်။ သားသမီး နေကောင်းကျန်းမာဖို့ ဘုရားဆီမှာ လာရောင်တောင်းဆိုခြင်း ဆိုတာလေးက မိဘဖြစ်သူ တွေကို သတိပေးနေတယ်။ မိဘနေရာမှာ တာဝန်ယူထားသူတွေ ခင်ဗျာတို့သားသမီး ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ် ကျမ်းမာဖို့ ဘုးရားဆီမှာ ဆုတောင်းပေးကြဖူးလား။ အရှင်ဘုရား တပည့်တော်ရဲ့သား၊ သမီး ကိုကယ်ပါ သူကျန်းမာရေးမကောင်းဘူး။ သူလမ်းမှားနေပြီ၊ အပြစ်ထဲးကြနေပြီ၊ ဆေးစွဲးနေပြီ၊ လမ်းလွဲးကိုရောက်နေပြီ၊ ကိုယ်တော်နဲ့ဝေးရာကို ဦးတည်နေပြီ ကယ်ပါအုံး ဆိုပြီး ဆုတောင်းပေးကြဘူးလား။ ဧဝံဂေလိကျမ်းစာရဲ့ ဒုတိယ အပိုဒ်မှာတော့ ကြီးမားတဲ့ယုံကြည်ခြင်းကြောင့် တဆယ် နနှစ်ပတ်လုံး သွေးသွန်နာစွဲးနေသူအမျိုး သမီးဟာ သက်သာပြောက်ကင်းခဲ့ရကြောင်းကို ကြားနာခဲ့ရတယ်။ ဂျူးလူမျိုးတွေရဲ့ထုံးစံမှာ သွေးဟာ ညစ်ညူးတယ် မသန့်ရှင်းမူ့ကို ဖြစ်စေတယ် ဒါကြောင့် သွေးသွန်နာရေားဂါရှိသူဟာ လူကြားထဲးမှာ သွားလာခြင်းမျိုးမပြုရဘူး ဆိုတဲ့ထုံးစံရှိတယ်။ သို့သော်လဲး ကုသခြင်းခံရဖို့၊ ဘုရားနဲ့ထိတွေ့ရဖို့၊ ဘုရားနဲ့ထိတွေ့ရရင် ငါခံစားနေရတာတွေအကုန်သက်သာပြီ၊ လောက စည်းမြင်းတွေ၊ အခက်အခဲးတွေ၊ အထင်အမြင်တွေ ဘာတွေဘယ်လိုပဲ ရှိရှိ ပြောဆိုဝေဖန်ကြပါစေ။ ငါဒုက္ခငါသာသိတယ်၊ ငါဝေဒနာငါသာသိတယ်၊ ငါကို ကုသပေးနိုင်သူဟာလဲး ဘုရားပဲးရှိတယ် ဆိုတာ ကို သတိထားထောက်ရှု့ဖို့ သွေးသွန်နာစွဲးသူအမျိုးသမီး ရဲ့ ကြီးမားတဲ့ယုံကြည်ခြင်းက ကျွန်တော်တိုကို သင်ပြပေးနေပါတယ်။ ဓမ္မမိတ်ဆွေတို့ ဒေးဗစ်ဘုရင်ကြီးကဲ့သို့ သားသမီးတိုအပေါ် အဆိုးအကောင်းမခွဲခြားပဲချစ်နိုင်ကြပါစေ။ တရားဇရပ်မူးကဲ့သို့ သားသမီးကောင်းစားရေး ဘုးရားဆီမှာ ဆုတောင်းပေးသူတွေဖြစ်ကြပါစေ။ သွေးသွန်နာစွဲးသူအမျိုးသမီးကဲ့သို့ ဘယ်လိုအခက်အခဲပဲကြုံတွေ့ပါစေ ကြီးမားသောယုံကြည်ခြင်းနှင့် ဘုရားဆီအရောက်သွားနိုင်သူတွေဖြစ်ကြပါစေ။

Add new comment

11 + 3 =