ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် သောကြာနေ့ သြဝါဒ ၁၄၊ ၄၊ ၂၀၂၃

ဧပြီလ (၁၄) ရက်၊ သောကြာနေ့

            သခင်ယေဇူး ကားတိုင်ထက်မှာ အသက်တော်စွန့်ပြီးတဲ့နောက်ပိုင်း နီးနီးကပ်ကပ်နေခဲ့တဲ့ တပည့်တော်ကြီး

တွေက အရင်ဆုံး စိတ်ဓါတ်ကျသွားခဲ့ပါတယ်။ အကြီးကြီးမျှော်လင့်ထားခဲ့ပြီးမှ ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ

လူတော်တော်များများက စိတ်ဓါတ်ကျတတ်ကြတယ်။ အလွယ်တကူနဲ့ အလျော့ပေးချင်ကြတယ်။ တချို့တွေက

မျှော်လင့်ချက်သာ ရှိတာ ယုံကြည်ချက် မပါကြဘူး။ ဆယ်တန်းကျောင်းသားတစ်ယောက်က ဆယ်တန်းအောင်ဖို့

မျှော်လင့်ထားပေမဲ့ ကိုယ့်အကြောင်းကို အသိဆုံးပဲ ။ ကိုယ်ဘယ်လို ဖြေခဲ့လည်း စာတွေဘယ်လိုကျက်ခဲ့လဲဆိုတာ

သိတယ်။ ဆယ်တန်းအောင်ဖို့သာ မျှော်လင့်နေတာ ကိုယ်ကျက်ခဲ့တဲ့စာတွေကို နားမလည်ဘူး။ မိမိကိုယ်ကိုလည်း

ယုံကြည်ချက်မရှိဘူး။ ဒီတော့ ရှုံးသွားခဲ့ရင်လည်း အလွယ်လေးပဲ လက်လျော့ချင်တဲ့စိတ်က ဝင်လာတယ်။ ဒီလိုမျိုးပဲ

တပည့်တော်ကြီးတွေလည်း  ၃ နှစ်၃မိုး ခရစ်တော်ရဲ့ နောက်ကိုလိုက်ပြီး တရားဒေသနာတွေ ကြားနာခဲ့တယ်။

ခရစ်တော် ဆီကနေ နီးနီးကပ်ကပ်သင်ယူခဲ့ပြီးတာတောင်မှ ခရစ်တော်ကို သေပြီလို့ ထင်သွားတဲ့အခါ အရင်လို

လုပ်နေကျ တံငါးသည်ဘဝကို ပြန်သွားကြတယ်။ ခရစ်တော်အပေါ်မှာ ထားရှိတဲ့ ယုံကြည်ခြင်းတွေ ဘယ်ရောက်

ကုန်လဲမသိဘူး။ ငါဘယ်သူလဲလို့ခရစ်တော်မေးတဲ့အချိန် ကိုယ်တော်က အသက်ရှင်တော်မူသော ဘုရားရဲ့ သားတော်

ဖြစ်ပါတယ်လို့ ဖြေခဲ့တဲ့ ပေတရုကစပြီး ငါးဖမ်းသွားမယ် လိုက်မလားခေါ်လိုက်တဲ့အခါ ကျန်တဲ့သူတွေလည်း အလွယ်

လေး လိုက်သွားကြတယ်။ တစ်သက်လုံး ငါးဖမ်းစားလာတဲ့ သူဆိုတော့ ငါးဖမ်းတဲ့ အလုပ်က လွဲလို့ တခြားလည်း

မလုပ်တတ်ဘူး။

သူတို့သွားတဲ့အချိန်က ညအချိန်။  ငါးဖမ်းတဲ့သူတော်တော်များများက ညအချိန်မှာ ဖမ်းကြတယ်။ နေ့ခင်းပိုင်း ထက် ညမှာ

ငါးပိုမိတဲ့ အတွက်ကြောင့် ညအချိန်မှာ ငါးဖမ်းကြတယ်။ တစ်သက်လုံး ဒီအလုပ်နဲ့ကျင်လည်ခဲ့တာ ဘယ်အချိန်၊ ဘယ်နေရာ

မှာ ပိုက်ကွန်ချရင် ငါးမိနိုင်လဲဆိုတာ ကောင်းကောင်းကြီးသိပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်း တာက တစ်ညလုံးဖမ်းတာ

ငါး တစ်ကောင်မှ မမိဘူး။

            ဒီနေ့ကျမ်းစာထဲမှာ တပည့်တော်ကြီးတွေပဲ ရှိနေတဲ့အချိန်၊ ငါးဖမ်းတဲ့အချိန်က ညအချိန်၊ ခရစ်တော် မရှိဘူး။

ခရစ်တော်က နံနက်အချိန်မှ ကမ်းစပ်နားမှာ ရပ်နေခဲ့တယ်။ နံနက်အချိန်၊ ညအချိန်တို့ကို ကျမ်းစာထဲမှာ ထည့်ရေးထားတာ

အလကားသက်သက်မဟုတ်ဘူး။ အဓိပ္ပါယ်ရှိတယ်။ ခရစ်တော်မပါရင် ဘဝက အမှောင်ညပါပဲ။ ဘုရားမရှိရင် ဘဝက

မှောင်တယ်။ အမှောင်ထဲမှာ လမ်းပျောက်တယ်။ မျှော်လင့်ချက်မဲ့တယ်။ ဒါပေမဲ့ ဘုရားပါတဲ့အခါ အလင်းရှိတယ်။

လမ်းစကို မြင်တယ်။ တစ်ညလုံး ဖမ်းလို့မမိတဲ့ ငါးတောင်မှ ခရစ်တော်ဘုရားက ပိုက်ကွန်ချလို့ ပြောလိုက်တဲ့အခါ

ငါး ၁၃၅ ကောင်တောင် မိပါတယ်။ ဘုရားကို ယုံကြည်ခြင်းနဲ့ နားထောင်လိုက်တဲ့အခါ ကြိုးစားလို့ မဖြစ်ခဲ့တာတောင်

ဖြစ်သွားခဲ့တာ ဒီယနေ့ကျမ်းစာက သက်သေပါပဲ။ ကျွနု်ပ်တို့ဘဝတွေမှာလည်း ဘုရားရှင်သာ မပါရှိခဲ့ရင်၊ တရားတွေ

လည်း ရှာမသိခဲ့ရင် ဘဝက မှောင်နေဦးမှာပဲ။ ဘုရားရှင်ကို ယုံကြည်မျှော်လင့်ရင်း တရားအသိနဲ့ ဘဝကို ဆင်ခြင်

ထိန်းညှိပြီး လျှောက်လှမ်းနိုင် မယ်ဆိုရင် လမ်းစပျောက်တဲ့ဘဝဆိုတာ ကျွနု်ပ်တို့ခရစ်ယာန်အသက်တာမှာ ဖြစ်လာ

စရာ အကြောင်း မရှိပါဘူး။ ဓမ္မမိတ်ဆွေတို့လည်း ဘုရားပါတဲ့ဘဝ၊ တရားရှာတဲ့ဘဝအသက်တာကို ရှင်သန်လျှောက်

လှမ်းနိုင်ကြပါစေ။

Add new comment

1 + 4 =