ဖာသာရ် Paschal သီကိုရှင် (SDB) ပါစကားကာလပထမသီတင်းပတ် ကြာသပတေးနေ့ သြဝါဒ ၁၃၊ ၄၊ ၂၀၂၃

ဧပြီလ (၁၃) ရက် ၊ ကြာသပတေးနေ့

ဒီယနေ့ဧဝံဂေလိကျမ်းစာမှာ ယေဇူးဘုရားရှင်က  ဧမာဦးမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ တပည့်တော် ၂ပါးနှင့်အတူ

ခရီးပြုပေးပြီး  ကျမ်းစကားကို နားလည်ဖို့ တပည့်တော်ကြီး ၂ ပါးရဲ့ စိတ်နှလုံး တွေကို ဖွင့်ပေးလိုက်တဲ့ အကြောင်းကို

ကြားနာရပါတယ်။ ကျမ်းစကားရဲ့ ဖွင့်ဆိုမိန့်မှာချက်တွေနဲ့ ရင်းနှီးနေကြသော်လည်း နားမလည်ကြတဲ့ အချက်တွေလည်း

အများကြီးရှိတယ်။ တစ်ဦးတစ်ယောက်က အလင်းပြ အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်မှ နားလည်နိုင်တာမျိုး။ ရှင်ပြန်တော်မူတဲ့

ခရစ်တော်ကြောင့် ကျမ်းချက်တွေက ပြည့်စုံသွားတယ်။ ခရစ်တော်က အလင်းပေးလိုက်တဲ့အခါမှသာ ဆိုလိုရင်းကို

နားလည်သဘောပေါက်သွားကြရတယ်။ ခရစ်တော်ရဲ့ သေခြင်း နဲ့ ရှင်ပြန်ခြင်းတွေကိုလည်း ကျမ်းစကားမှာ ကြိုတင်မိန့်

ထားခဲ့ပြီးသားပါ။ ခရစ်တော်ရဲ့ ပါစကားနက်နဲဖွယ်ရာဖြစ်တဲ့ ဒုက္ခစရိယာခံခြင်း၊ အသေခံခြင်းနဲ့ ရှင်ပြန်ခြင်း အားဖြင့်

ဘုရားသခင်က ကျမ်းစကားနဲ့ ကတိပေးမိန့်ကြားထားသမျှကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ လောက လူသား တွေအတွက်

ဘုရားသခင်ရဲ့ စီမံကိန်းကြီးက ခရစ်တော်အားဖြင့် ပြည့်စုံခြင်း ကို ရောက်ခဲ့ပါတယ်။ 

ဒီတော့ ခရစ်တော်ရဲ့ ဘဝသက်တော်စဉ်နဲ့ ဆောင်ရွက်တော်မူသမျှအားလုံးကို နားလည်ဖို့အတွက် ကျမ်းစာ ဆိုတာ လိုအပ်

လာပါတယ်။ တစ်ချိန်ထဲမှာ ခရစ်တော်က ကျမ်းစာထဲမှာ ဝှက်ထားတဲ့ နက်နဲဖွယ်အချက် တွေက ဖွင့်ဟပေးလိုက်တဲ့ သော့

တစ်ချောင်း ဖြစ်နေပြန် ပါတယ်။ ဧမာဦးသို့ သွားတဲ့လမ်းမှာ မုန့်ဖဲ့ခြင်းအားဖြင့် ခရစ်တော်က တပည့်တော်ကြီးတွေရဲ့ စိတ်

နှလုံးတွေကို ဖွင့်ပေးလိုက်ပါတယ်။ ဖွင့်ပေးတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က ကျမ်းစကားကို နားလည်ဖို့ အလင်းပေးလိုက်

ခြင်းသာ ဖြစ်ပါတယ်။ ကျမ်းစာကို ဖတ်ရှုနားလည်ခြင်း အားဖြင့် ခရစ်တော်နဲ့ ဆုံဆည်းနိုင် စေသလို ခရစ်တော်နဲ့ တွေ့ကြုံ

ခြင်းကလည်း ကျမ်းစကားကို ဘဝထဲ ရှင်သန်နိုင်စေပါတယ်။ ခရစ်တော်ကို ပုံစံအမျိုးမျိုး နည်းအဖုံဖုံနဲ့ ဆုံတွေ့နိုင်တာ မှန်ပေ

မဲ့ ကျမ်းစကားအားဖြင့် ပိုပြီး တွေ့ဆုံနိုင်ခွင့်ရှိပါတယ်။ ကျမ်းစာထဲမှာ ဘဝပေါင်းများစွာ ရှိပါတယ်။ ဘဝပေါင်းများစွာထဲမှာ

လည်း ခရစ်တော်က ရှိနေပါတယ်။ ဧမာဦးကို သွားတဲ့ တပည့်တော်ကြီး ၂ ပါးရဲ့ဘဝကို ကြည့်ကြည့်ပါ။ ဆုံးရှုံးခြင်း၊

မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ နာကြည်းခါးသီးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း စတဲ့  ကြောက်ရွံ့ သံသယ စိတ်ခံစားချက် တွေနဲ့

ရှောင်ပြေးနေသူတွေရဲ့ဘဝထဲကို ကိုယ်တော်က ငြိမ်သက်ခြင်းရှိပါစေလို့ နှုတ်ဆက်ပြီး ဝင်ရောက်ခဲ့တယ်။ လူတွေရဲ့ ဘဝ

အတွေ့ ကြုံတွေရဲ့ အလယ်မှာ ကိုယ်တော်ရှိနေ ပါတယ်။ ကြောက်ရွံခြင်းအစား၊ ငြိမ်းချမ်းခြင်းကို ပေးဖို့၊ ချစ်ခြင်းမေတ္တာနဲ့

သံသယတွေကို ကုစားပေးဖို့ ခရစ်တော်က လူတွေရဲ့ ကြားမှာ ရှိနေပါတယ်။ 

ဧမာဦးကိုသွားတဲ့ တပည့်တော်ကြီး ၂ပါးက ရှင်ပြန်တော်မူတဲ့ ခရစ်တော်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ လိုက်ရ ပါတယ်။

ခရစ်တော်နဲ့ ဆုံတွေ့ခဲ့တဲ့ အတွေ့ကြုံကို အခြားတပည့်တော်တွေနဲ့ ပြန်လည်ဝေမျှဖို့ ခရစ်တော်က သူတို့ကို စေခိုင်းခဲ့ပါ

တယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ခြင်းအတွေ့ကြုံက စေလွှတ်ခြင်းနဲ့လည်း ဆက်ဆိုင်နေတယ်။  ခရစ်တော်က ရှင်ပြန်ပါပြီ။ ဒီရှင်

ပြန်တဲ့ခရစ်တော်ကို  ကျမ်းစာထဲမှာ၊ ကိုယ်တော်မြတ်စက္ကရမင်တူးထဲမှာ တင်တွေ့ရရုံမဟုတ်ဘဲ ကျနော် တို့က

နှုတ်ကပါတ်တော်ကို ဘဝပုံစံကောင်းတွေနဲ့ ဟောပြောသက်သေခံခြင်းတွေမှာလည်း တွေ့မြင်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့်

ခရစ်တော်က တပည့်တော်ကြီးတွေကို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။  ကျနော်တို့ရဲ့ ဘဝ၊ နေပုံထိုင်ပုံ တွေကို ကြည့်ပြီး ခ

ရစ်တော်ကို လူအများ သိစေဖို့ ကိုယ်တော်က အလိုရှိပါတယ်။ ဘုရားရဲ့ စကားကို နားထောင်လိုက်ကျင့် လျှောက်လှမ်းပြီး

သူအများကို လည်း ဝေမျှ သက်သေခံခြင်းအားဖြင့် ရှင်ပြန်တော်မူတဲ့ခရစ်တော်ကို ဆက်လက် ဘုန်းထင်ရှားစေကြရအောင်။

 

Add new comment

2 + 10 =