ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၁၉) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၉၊ ၈၊ ၂၀၂၂

သြဂုတ်လ (၉) ရက်၊ အင်္ဂါနေ့
    ဒီယနေ့ ဧဝံဂေလိကျမ်းစာမှာ သခင်ယေဇူးက ဂျေရုဆလင်မှာ အသေခံ၊ အသက်စွန့်မယ်၊ သုံးရက်မြောက်မှာ

ရှင်ပြန်မယ်ဆိုတဲ့စကားတွေကို ကြိုတင်မိန့်မြွက်ပါတယ်။ ကိုယ်တော့်ရဲ့ ဆိုလိုရင်းကို တပည့်တော်ကြီးတွေက

သဘော မပေါက်ကြဘူး။ ဘာလို့ အသေခံရမလဲ။ ဘုရားဖြစ်တဲ့ ကိုယ်တော်က ဒါမျိုး အသေခံစရာလားပေါ့။

အသေခံတာတွေ အသက်စွန့်တာတွေ၊ ဒုက္ခခံတာတွေကို ပြောပြနေတာလည်း သူတို့ နားမဝင်ဘူး။ သူတို့ဆရာ

သခင် ဒီလို ကြုံတွေ့တော့ မှာပါလားဆိုတာကို စိတ်မပူတဲ့အပြင် နေရာလု၊ အာဏာလု နေခဲ့ကြတယ်။ ဘယ်သူ

က အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်မလဲဆိုတာကို တစ်လမ်းလုံး ငြင်းခုံလာခဲ့ကြတယ်။ သူတို့ငြင်းနေတာကို

ကြားပြီး ကာဖာနာအုံမြို့ကို ရောက်တဲ့အခါမှာ ဘာတွေငြင်းခုံနေကြ တာလဲဆိုပြီး မေးခွန်းထုတ်ကာ သူတို့ကို

တရားပြဖို့ ထိုင်လိုက်တယ်။ ကျမ်းစာမှာ ဆရာသမားတွေက အရေးတကြီးဆုံးမစရာရှိပြီဆိုရင် ထိုင်ပြီး

ဆုံးမလေ့ရှိ တယ်။ ကျနော်တို့လည်း အရေးကြီးကိစ္စ ပြောစရာရှိရင် မတ်တပ်ကြီး လမ်းကြုံပြောလေ့မရှိပါဘူး။

အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေကြရပါတယ်။ ကိုယ်တော် ပြောမယ့်စကားတွေက အရေးကြီးလွန်းလို့

ထိုင်ပြီးဆုံးမတဲ့သဘောပါပဲ။ 
    သခင်ယေဇူးက ကလေးတစ်ယောက်ကို ချီပွေ့ပြီး သူ့ရဲ့ နောက်လိုက်အဖွဲ့အစည်းဟာ သူများအဖွဲ့တွေနဲ့

မတူတဲ့ ပြောင်းပြန်တန်ဖိုးတရားတွေ ရှိတယ်ဆိုတာကို သွန်သင်ပါတယ်။ ပထမဆုံးဖြစ်ချင်တဲ့သူက အားလုံးရဲ့

နောက်ဆုံး ဖြစ်ရမယ်။ ဘုရားရဲ့ နိုင်ငံတော်မှာ အကြီးမြတ်ဆုံးသူဆိုတာ သြဇာ၊ အာဏာ၊ ရာထူး အရှိန်အဝါတွေ

ရှိတဲ့သူကို ပြောတာ မဟုတ်ပါဘူး။ နှိမ့်ချစွာနဲ့ မေတ္တာထားပြီး အားလုံးကို အစေခံနိုင်တဲ့သူက အကြီးမြတ်ဆုံး

သူဖြစ်ပါတယ်။ နေရာလု အာဏာပြဖို့ မဟုတ်ဘဲ သူများကို နေရာပေးပြီး အစေခံဖို့ပဲဖြစ်ပါတယ်။ 
သခင်ယေဇူးရဲ့ ဆုံးမ တရားကို အဓိကအားဖြင့် အချက် ၃ ချက်နဲ့ ကျနော်တို့ တွေ့ရပါတယ်။ 
၁။ နောက်ဆုံးသောသူဖြစ်ရမယ်
၂။ အစေခံသောသူဖြစ်ရမယ်
၃။ ကလေးငယ်တစ်ယောက်လို ဖြစ်ရမယ်
    လူ့သဘာဝအရ လူတော်တော်များများက ပထမကိုလိုချင်တယ်။ သူများရှေ့ကနေ သွားချင်တယ်။ သူများ

ထက် အရင်ဖြစ်ချင်တဲ့ သူတွေအများကြီးပါပဲ။ ဘဝရဲ့ မှတ်တိုင်တချို့နေရာမှာတော့ အောင်မြင်မှုရှိဖို့လိုတယ်

ဆိုတာ လူတိုင်း သိပါတယ်။ ယနေ့ခေတ်ကာလကြီးကိုက အပြိုင်ဆိုင်တွေနဲ့ နောက်ကောက်မကျဖို့ အတင်း

ရုန်းကန်နေရတဲ့ ခေတ်ကြီးဖြစ်လာတယ်။ သက်လုံကောင်းတဲ့သူ၊ စွမ်းအားရှိသူက နိုင်မှာပဲ။ မေတ္တာတွေ၊

ကရုဏာတွေက ကြိုးဝိုင်းပေါ်မှာ နေရာမရပါဘူး။ မိမိအောင်မြင်ဖို့ကလွဲရင် တခြားသူ ဘာဖြစ်နေနေ မမှုကြ။

ကိုယ့်ကိုကိုယ်ပဲ ရှေ့တန်းတင်တော့ တခြားသူက ကိုယ့်ရဲ့အနောက်မှာပေါ့။ လောကပြိုင်ပွဲမှာ ရှေ့ဆုံးလို့ထင်

ပေမဲ့ ကောင်းကင်နိုင်ငံတော်ကပြိုင်ပွဲမှာတော့ ဒီလူဟာ နောက်ဆုံးပါပဲ။ ကိုယ့်ကရှေ့မှာနေရင် သူများကို ဘယ်

လိုလုပ် အာရုံစိုက်နိုင်မှာလဲ။ ဒါကြောင့် အရင်ဆုံး ဖြစ်ချင်ရင် နောက်ဆုံးဖြစ်ရမယ်လို့ သခင်ယေဇူးက ဆုံးမ

ထားပါတယ်။လူ့ဆန္ဒက ပြောရတော့ခက်တယ်။ ဘဝမှာ အရင်ဆုံး ဖြစ်ချင်ရုံတင်မကဘူး။ သူများက ကိုယ့်ကို

ပြုစု အစေခံတာကိုလည်း သဘောကျတတ်ကြတယ်။  တခါတလေမှာ ကိုယ်က အစေခံတာထက် သူများက

ကိုယ့်ကို အစေခံတာကို သာယာတဲ့သဘောရှိပါတယ်။ အစေခံဆိုတဲ့ အဓိပ္ပါယ်က တစ်စုံတစ်ယောက်ကို ကျိုး

နွံနာခံခြင်းနဲ့ အလုပ်အကျွေး ပြုစုခြင်းပဲ။ ခရစ်ယာန်တွေအတွက် အစေခံဆိုတဲ့အဓိပ္ပါယ်က ဘုရားကို ကျိုးနွံ့

နာခံပြီး တခြားသူကိုလည်း အလုပ်ကျွေး ပြုစုတတ်ခြင်းဖြစ်ပါတယ်။ သူများအတွက် အကောင်းတစ်စုံ တစ်

ရာဖြစ်စေမယ်ဆိုရင် အနစ်နာခံပြီး လုပ်ပေးဖို့ အသင့်ရှိသူဟာ သူများကို အစေခံတတ်သူပါပဲ။ ကြီးမြတ်တဲ့သူ

ဆိုတာ သူများကို ခါးထောက် စေခိုင်းတဲ့သူမဟုတ်ဘဲ၊ သူများအတွက် လွတ်လပ်စွာ မေတ္တာနဲ့ လုပ်ဆောင်ပေး

ဆပ်ခြင်းပဲဖြစ်ပါတယ်။ 
ယေဇူးဘုရားရှင်က စကားလုံးတွေနဲ့ ပြောရတာ အားမရလို့နဲ့ တူပါတယ်။ နံဘေးနားက ကလေးတစ်ယောက်ကို

လက်ထဲမှာ ချီပွေ့ပြီး ဥပမာလေးနဲ့ ထပ်ဆုံးမပေးပါတယ်။ “ကောင်းကင်နိုင်ငံတော်မှာ တစ်စုံတစ်ယောက်အဖြစ်

နေရာယူချင်ရင် ဒီလောကမှာ ကလေးတစ်ယောက်လို ဘာမှ မဟုတ်တဲ့သူ တစ်ယောက်လိုဖြစ်ရမယ်” တဲ့။

သခင်ယေဇူးက ကလေးကို ညွှန်ပြရုံတင်မက အလယ်မှာထားပြီး စံနမူနာ ပေးခဲ့တာပါ။ ကလေးငယ်တစ်ယောက်

မှာ အာဏာဆိုတာမရှိဘူး။ နေရာဆိုတာ မသိဘူး။ အခွင့်ရေးဆိုတာ နားမလည်ဘူး။ ကလေးတွေမှာ နှိမ့်ချခြင်း၊

အားကိုးယုံကြည်ခြင်း၊ ဖြူစင်ရိုးသား ခြင်းတွေသာ ရှိပါတယ်။ သူ့နောက်လိုက်တဲ့ တပည့်တော်တွေဖြစ်တဲ့

ကျနော်တို့လည်း သခင်ယေဇူးရဲ့ သွန်သင်ချက်ကို နားလည်ပြီး လိုက်လျှောက်ဖို့ လိုပါတယ်။ ကလေးတစ်

ယောက်လို ဘုရားကို ယုံကြည်အားကိုးပြီး သူတစ်ပါးအတွက် နောက်ကွယ်ကနေ အစေခံ ပေးဆပ်တတ်တဲ့သူ

ဟာ စစ်မှန်တဲ့ ဘုရားရဲ့ နောက်လိုက်တပည့်ဖြစ်ပြီး ကြီးမြတ်တဲ့သူ တွေဖြစ်အောင် ကြိုးစားအားထုတ်ကြပါစို့။
 

Add new comment

11 + 5 =