ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၁၉) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၈၊ ၈၊ ၂၀၂၂

သြဂုတ်လ (၈) ရက်၊ တနင်္လာနေ့

    တိုင်းသူပြည်သားတိုင်း နိုင်ငံတော်အတွက် အခွန်ဆောင်ရတယ်။ နိုင်ငံတော် ပိုပြီးဖွံ့ဖြိုးတိုးချဲ့လုပ်

ဆောင်နိုင်ဖို့၊ ပညာရေး ကျန်းမာရေး၊ အစစအရာရာ ခေတ်မီတိုးတက်ဖို့အတွက် နိုင်ငံတော်ကို ပြန်ပံ့

ပိုးတဲ့အနေနဲ့ အခွန်ဆောင် ကြရပါတယ်။ ဒီလိုပဲကက်သလစ်ဘာသာဝင်တွေအနေနဲ့လည်းမိမိအသင်း

တော်အတွက် သာသနာအမှုတော် ထမ်းရွက်နေတဲ့ ရဟန်း သူတော်စင်များအတွက် အလှူငွေပေးကြ၊

တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးထည့်ဝင်ကြရတယ်။ ဒါပေမဲ့ တချို့တွေက အခွန်ကင်းလွတ်ခွင့်ရှိတယ်။

သာသနာဝန်ထမ်းတွေဆိုရင် ၊ လမ်းတံတားကြေး မပေးရတာ တို့မျိုးလည်း ရှိတယ်။ ဘာလို့လဲ သာသာ

နာ့ဝန်ထမ်းဆိုတာ ဘုရားနဲ့ ဆက်ဆိုင်တဲ့ သူတွေလို့ မှတ်ယူတယ်။ ရဟန်းသံဃာတော်တွေဆိုရင် ဘုရား

ရဲ့ သားတော်တွေအဖြစ်နဲ့ သတ်မှတ်ထားကြတယ်။ ဒါကြောင့်အခွန်ဆောင်စရာမလိုပါဘူး။ ဘုရားရဲ့သား

တော် သခင်ခရစ်တော်ကလည်း တကယ်ဆိုရင် အခွန်ဆောင်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ကျမ်းစာထဲ

မှာသခင်ယေဇူးက ဗိမ္မာန်တော်အခွန်ကို ပေးဆောင်တဲ့ အကြောင်း ဖတ်ရှုရပါတယ်။ သူများအတွက်

ဥပမာကောင်းတစ်ခုကို ပြသချင်တဲ့စိတ်တစ်ခုနဲ့ပဲ ဗိမ္မာတော်အခွန် ကို သခင်ယေဇူးက ပေးဆောင်ခိုင်း

ခဲ့ပါတယ်။ ရောမအစိုးရက ပြဌာန်းထားတဲ့ ဂျူးလူမျိုးတွေ ပေးဆောင်ရမယ့်အခွန် ၄ မျိုးရှိပါတယ်။

မြေခွန်၊ လူခွန်၊ ပိုင်ဆိုင်ခွင့်အခွန်၊ သယ်ယူပို့ဆောင်ရေးအခွန်ဆိုပြီး ရှိပါတယ်။ ဒီအခွန် ၄ မျိုးအပြင်

ဗိမ္မာန်တော်အခွန်ကိုလည်း တစ်နှစ်မှာ တစ်ခါ ဆောင်ရပါသေးတယ်။ ဗိမ္မာန်တော်ကို ထိန်းသိမ်းခ

စရိတ်စက က နည်းတာမှမဟုတ်တာ။ ဘုရားဖူးလာတဲ့ သူတွေဆီက ရတဲ့ အလှူငွေ၊ အခွန်တွေအား

ဖြင့် ရဟန်းအကြီးအကဲတွေက မှီခိုရပ်တည်ကြ တယ်။ ဒီအခွန်ကို ဒီဒရာမား အခွန်လို့ ခေါ်တယ်။

အသက်၂၀ ပြည့်ပြီး ဂျူးလူမျိုး အမျိုးသားတိုင်းက ဒီဒရားမား အခွန်ကို တစ်နှစ်မှာ ၂ ကြိမ် ပေးဆောင်

ရမယ့် ဝတ္ထရားရှိပါတယ်။ ဒါကြောင့်မို့ မင်းတို့ရဲ့ဆရာသခင် ဗိမ္မာန်တော် အခွန်ကို မပေးဘူးလားဆိုပြီး

လာမေးတယ်။ ငါဟာ ဘုရားရဲ့သားတော် ၊ ဒီဗမ္မာန်တော်ထက် ငါက ကြီးမြတ် တယ်။ ငါအခွန်ဆောင်

စရာမလိုဘူးဆိုပြီး ငြင်းလိုက်ရင်လည်း ဖြစ်တာပဲ။ ဒါပေမဲ့ ခရစ်တော်ဘုရားက သူအများ အထင်မမှား

ရအောင် လမ်းကောင်းပြတဲ့အနေနဲ့ ဘာမှ ဆက်မပြောဘဲ ပေးစရာရှိတာကို ပေးလိုက်တာ။ ကျွန်ုပ်တို့

ဘဝမှာလည်း တချို့သောအရာလေးတွေက အသေးမွှားလေးတွေဖြစ်ပေမဲ့ ငါမှန်တယ်ဆိုပြီး ငြင်းနေ

တာက ပိုပြီအချိန်ကုန်လူပင်ပန်းပါတယ်။ ကိုယ်လုပ်နိုင်တယ်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပဲ

လုပ်ပေး လိုက်ပါ။ ဒါဟာ အပမ်းလည်းမကြီးဘူး။ သူများနဲ့လည်း နားလည်မှုမလွဲတော့ဘူး။ ငြင်းခုံ

နေမယ့်အစား အေးအေးဆေးဆေးလုပ်ပေးလိုက်တာဟာ သခင်ခရစ်တော် ပေးတဲ့ ဒီကနေ့အတွက်

တရားဒေသနာပဲ ဖြစ်ပါ တယ်။ နောက်ပြီးတော့ အလုပ်လည်းကြိုးစားရမယ်။ ဘုရားရှိခိုး၊ နိုဗီနာလုပ်၊

ပုတီးစိပ်ပြီး တန်ခိုးလက္ခဏာ တောင်းနေလို့ မပြီးဘူး။ သခင်ယေဇူးက အခွန်ဆောင်ဖို့ ငါးမျှားခိုင်းတယ်။

အလုပ်လုပ်ခိုင်းတယ်။ အလုပ်ရှိမှ ဝင်ငွေရှိမှာ။ ဝင်ငွေရှိမှ ဆောင်သင့်တဲ့အရာတွေ ဆောင်နိုင်မယ်။

ဘဝရပ်တည်ဖို့ အဆင်ပြေမယ်။ ကိုယ့်အကြွေးတွေကြေဖို့ ဆုတောင်းနေရုံနဲ့မဖြစ်ဘူး။ အလုပ်လုပ်ပါ။

ကြိုးစားပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဓမ္မမိတ်ဆွေတို့ဘဝတွေ ဘေးရန်ကင်းကွာ ကျန်းမာပျော်ရွှင်

နိုင်ကြပါစေ။

Add new comment

7 + 7 =