ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလပထမ သောကြာနေ့ သြဝါဒ ၁၃၊ ၁၂၊ ၂၀၂၃

ဇန်နဝါရီလ ၁၃ ရက် (သောကြာနေ့)
အဆိုလေးတစ်ခုရှိပါတယ်။ အရာအားလုံးက ဘုရားပေါ်မှာ မူတည်တယ်ဆိုတဲ့ စိတ်ကို ထားပြီး ဆုတောင်းပါ။

အရာအားလုံးက ကိုယ့်အပေါ်မှာ မူတည်နေတယ်နေဆိုတဲ့ စိတ်ကို ထားပြီး အလုပ်လုပ်ပါတဲ့။ ဒီနေ့ကြားရတဲ့

ဧဝံဂေလိ ကျမ်းစာတော်မြတ်ထဲမှာ လေဖြတ်နေတဲ့ လူနာကို ယေဇူးဘုရားဆီ လူလေးယောက်က ထမ်းသယ်

လာပြီး ခေါင်မိုးပေါ် ကနေ လျှောချပေးကြတယ်။ ဒီအဖြစ်ပျက်ကို ကြည့်ခြင်းအားဖြင့် တရားထောက်ရှုမိတာ

လေးတစ်ခုက ဆုတောင်းခြင်းဆိုတဲ့ အကြောင်းလေးပါ။ ဆုတောင်းတဲ့အခါမှာ စကားတွေ အများကြီး ပြောဖို့

မလိုအပ်ပါဘူး။ စကားနည်းနည်းပြောလေ ဆုတောင်းခြင်းက ပိုထိရောက်လေပဲလို့တောင် တွေးမိပါတယ်။

လေဖြတ်နေတဲ့ လူနာက ကောင်းကောင်း စကား မပြောနိုင်ပါဘူး။ ကုသခြင်းရချင်လို့ ယေဇူးဘုရားဆီ ခေါ်

သွားပေးပါလို့လဲ မတောင်းဆိုခဲ့ပါဘူး။ သူငယ်ချင်းမိတ်ဆွေတွေက လည်း သူ့ကို ကုပေးပါလို့ ပြောတာလည်း

မတွေ့ရပါဘူး။ စကားတွေ များများ ဘာမှ ပြောစရာမလိုဘဲ ဘုရားဆီကို ခေါ်ယူ လာခဲ့ခြင်းကိုက ဆုတောင်း

ခြင်းဖြစ်လို့နေပါပြီ။ ဆုတောင်းတဲ့အခါ စကားလုံးတွေ များများသုံးတာထက် ယုံကြည်တဲ့ စိတ်နှလုံးသားက

ပိုလိုအပ်ပါတယ်။ တခါတလေမှာ စာအုပ်ထဲရှိသမျှ ဆုတောင်းမေတ္တာတွေ အကုန်ဖတ်ပြီးတော့ ယုံကြည်တဲ့

နှလုံးသားက ပါမလာခဲ့ဘူးဆိုရင် အချည်းအနှီးပါပဲ။ ငါဆုတောင်းတာ ဘုရားက ဘာလို့ နားမညောင်းတာလဲ

လို့ ခံစားနေရပြီဆို ပြန်စဉ်းစားကြည့်ပါ။ ယုံကြည်တဲ့စိတ်ထက် ပါးစပ်ကနေ တတွတ်တွတ်နဲ့ ကြက်တူရွေးနှုတ်

တိုက်ရွတ်သလို မေတ္တာတွေ ဆိုနေတာပဲ များနေပြီလား။ ဒါမှမဟုတ် ယုံကြည်ခြင်းတွေမဲ့နေလို့များလားဆိုတာ

မိမိကိုယ်ကို ပြန်ဆန်းစစ် ကြည့်လို့ရပါတယ်။ 
ဒုတိယအချက်အနေနဲ့ တရားပေးချင်တာက ဘာလဲဆိုရင် ကိုယ့်ရဲ့ ဆုတောင်းသံတွေ ပြည့်မပြည့်ဆိုတာ ဘုရား

နဲ့ပဲ ဆိုင်ပါတယ်။ လေဖြတ်တဲ့သူကို လူလေးယောက်က ခေါ်လာပြီးတဲ့အခါ ဘုရားရှေ့မှာ ချထားတယ်။

ဘာမှ မပြောတော့ဘူး။ အဓိပ္ပါယ်က ကိုယ်တော်ရေ တပည့်တော်တို့တော့ အတတ်နိုင်ဆုံး ကိုယ့်အပိုင်ကို

လုပ်ခဲ့ပြီ။ အခု ကိုယ့်တော်အပိုင်း ရောက်ပြီ။ ကိုယ်တော် ကြိုက်သလိုသာ လုပ်တော့ဆိုတဲ့ ပုံစံမျိုး။ ကျွန်ုပ်တို့

ဆုတောင်းတဲ့အခါမှာလည်း ဘုရားကို အတင်းနားပူနားဆာတိုက်လို့မရဘူး။ ဘုရားက သိတယ်။ ယုံကြည်စွာ

နဲ့စောင့်စားဖို့လိုတယ်။ အချိန်တန်ရင် ဘုရားက ဆုံးဖြတ်ပေးလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ဖာသာရ်ပြောချင်

တာကတော့ ဆုတောင်းတဲ့အခါ ကိုယ်တစ်ယောက်ထဲရဲ့ အားနဲ့ မရရင် တစ်ခြားသူရဲ့ အားကိုပါ အသုံးပြုရ

တယ်။ ဒါကြောင့် ရဟန်းဘုန်းကြီးတွေ သီလရှင်တွေကို တွေ့ရင် ဆုတောင်းပေးပါဦး ဖာသာရ်ရေ၊ ဆုတောင်း

ကူပါဦး စစ္စတာရ်ရေ ဆိုပြီး တစ်ပါးသူကို ဆုတောင်းကူခိုင်းတယ်။ ကိုယ့်တစ်ယောက်ထဲရဲ့ ယုံကြည်ခြင်းအား

က မပြည့်ဝသေးတဲ့အခါ သူတစ်ပါးရဲ့ ယုံကြည်ခြင်းအကူညီကို တောင်းခံသလိုပါပဲ။ တခါတလေမှာ ကိုယ်မသိ

လိုက်ဘဲ ကိုယ်တောင် ဆုမတောင်းရဘဲ လိုချင်တဲ့ဆုတွေက ပြည့်သွားသလိုမျိုးရှိတဲ့အခါ မတောင်းဘဲ ရတယ်

လို့ ထင်တတ်ကြပါတယ်။ ကိုယ်မသိဘဲ ကိုယ်အတွက် ဆုတောင်းပေးနေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလိုပဲ

သူများအတွက် ကျွနု်ပ်တို့လည်း ဆုတောင်းပေးဖို့လိုတယ်။ ကိုယ်ရှေ့မှာ မမြင်မတွေ့ရလည်း ဘုရားက မသိ

မသာနဲ့ ဆုတောင်းသံတွေကို နားညောင်းဖြည့်ဆည်းပေးနေတတ်ပါတယ်။ ဒါကြောင့်မို့ ဆုတောင်းတွေ မပြည့်

တဲ့အခါ စိတ်ဓါတ် မကျပါနဲ့။ ယုံကြည်ခြင်းတွေအားဖြည့်ပါ။ တစ်ယောက်ထဲအားနည်းရင် ဝိုင်းဝန်းပြီး ဆုတောင်း

ကူပါ။ ဘုရားသခင်ဆုံးဖြတ်ပါ စေ။ ဘုရားသခင်ပေးလာမယ့်အချိန်ထိ ယုံကြည်စွာ စောင့်စားရင်း ဆက်လက်

အသက်ရှင်ကြရအောင်ပါ။ 

 

Add new comment

12 + 2 =