ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလပထမ စနေနေ့ သြဝါဒ ၁၄၊ ၁၂၊ ၂၀၂၃

ဇန်နဝါရီလ ၁၄ ရက် (စနေနေ့)
ယေဇူးဘုရားရှင် ချဉ်းကပ်ပြီး လူရာသွင်းတဲ့သူတော်တော်များများက လူရာအသွင်းမခံရတဲ့သူတွေများတယ်။

လူ့အသိုင်းဝိုင်းမှာ ပယ်ကျဉ်ခံထားရသူတွေပိုများပါတယ်။ ဒုက္ခိတ၊ မျက်မမြင်၊ အခြေအနေမဲ့၊ မုဆိုးမ၊ မိဘမဲ့၊

ပြည့်တန်ဆာ၊ အခွန်ခံ တို့လို လူမျိုးတွေဟာ အသိုင်းအဝိုင်းမှာ မျက်နှာသာပေးမခံရပါဘူး။ ဒီနေ့ ကျမ်းစာထဲမှ

ာ ခရစ်တော်ဘုရားက အခွန်ခံမာတေဦးကို သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အခွန်ခံဆိုတာ ရောမအစိုးရ

တိုင်းတစ်ပါးသားကို အလုပ် ကျွေးပြုပြီး ကိုယ့်လူမျိုး ကို ဂုတ်သွေးစုပ်တဲ့သူလို လူတွေက ထင်မှတ်ထားကြတယ်။

ရွံရှာမုန်းတီးကြတယ်။ အဲ့လိုလူကိုမှ ဘုရားက ရွေးပြီး ခေါ်တာ အံ့သြစရာတော့ ကောင်းလှတယ်။ တပည့်တော်ကြီး

တွေအားလုံးက မတူညီ ကွဲပြားတဲ့ အသိုင်းအဝိုင်းတွေကနေ အခေါ်ခံခဲ့ရတယ်။ အလုပ်တွေ မတူဘူး။ စိတ်ဓါတ်တွေ

မတူဘူး။ အတွေးအခေါ်၊ အပြောအဆိုက လည်း ကွဲမှကွဲ။ မာတေဦးကလည်း သူ့လိုလူ နှစ်ယောက်မရှိပဲ။ ဒီလိုလူကို

ခရစ်တော်က ရွေးခဲ့တာဟာ သူများတွေ မြင်တာထက် သူကို ပိုမြင်တွေ့ခဲ့လို့ပဲ။ သူများတွေက မာတေဦးရဲ့ အပြစ်တွေ

ကိုပဲမြင်တယ်။ ခရစ်တော်က အပြစ်ရဲ့ အလွန်က အချစ်ဆိုတာကိုပါ ကျော်ပြီးမြင်တယ်။ နှလုံးသားကိုပဲကြည့်ပြီး ဆုံး

ဖြတ်တဲ့ဘုရားရှင်ဖြစ်ပါတယ်။
ခရစ်တော်က ကျွန်ုပ်တို့အားလုံးကိုလည်း ဒီယနေ့ ငါ့နောက်လိုက်ပါလို့ ဖိတ်ခေါ်နေပါတယ်။ ရဟန်းသူတော်စင် ဘောင်

ဘဝကို လိုက်လျှောက်ဖို့ တစ်ခုထဲပြောတာမဟုတ်ပါဘူး။ ကိုယ်ရရှိထားတဲ့ ဘဝခေါ်တော်မူခြင်း အခြေအနေ အလိုက်

ဘုရားရဲ့ ခေါ်သံကို တုန့်ပြန်ကြရမှာဖြစ်ပါတယ်။ ဘုရားက ခေါ်ရင် ချက်ချင်းတုန့်ပြန်ဖို့လိုတယ်။ နောက်မှ နောက်မှ

ဆိုရင် ခေါ်သံက တဖြေးဖြေးဝေးကွာသွားနိုင်တယ်။ အခွင့်ရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့အား

လုံးကို ခေါ်တဲ့အခါ ယုတ် လတ် မြတ်မရွေး ရက်ရောစွာခေါ်ပါတယ်။ ကိုယ့်ဟာကို ဘယ်သူကြီးပဲဖြစ်နေနေ၊ မိုးထိအောင်ပဲ

ကောင်းနေကောင်းနေ၊ အဝီစိဂျိုးကပ်အောင် ဆိုးမိုက်နေပါစေ၊ ကျွန်ုပ်တို့ရဲ့ အပြစ်တွေအထက် ချစ်လို့ ခေါ်နေတယ်ဆိုတာ

ကို နားလည်သဘောပေါက်ဖို့ လိုတယ်။ အပြစ်ကိုမုန်းပြီး အပြစ်သားကို ချစ်တဲ့ဘုရားရှင်က သူ့နောက် လိုက်ဖို့ ဖိတ်ခေါ်

နေတယ်။ ပြောချင်တာက သူနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်အောင် ဖိတ်ခေါ်ခြင်းဖြစ်တယ်။ စုံလင်ပြည့်ဝတဲ့အသက် တာကို ရရှိဖို့

လာ အတူတူလျှောက်ခဲ့လို့ ဖိတ်ခေါ်လိုက်သလိုပါပဲ။ ဒီအတိုင်းလိုက်လျှောက်ရုံသက်သက်တော့ မဖြစ်ဘူး လေ။ မာတေဦး

လို သူ့ရဲ့ အရင်လုပ်နေကျဘဝကို ထားခဲ့ပြီး ဘဝအသစ်ကို  လှမ်းလျှောက်ခဲ့တာ နည်းနည်းနောနော ဆုံးဖြတ်ချက်မဟုတ်

ဘူးနော်။ ဒါကြောင့်လည်း ခရစ်တော်က သူ့ကို ခေါ်တာနေမှာ။ မာတေဦးစိတ်က ပြတ်သားတယ်။ လိုက်မယ်ဆိုလည်း

အသဲတစ်ခြမ်းနဲ့ အစွဲအလန်းတွေ ရစ်ပတ်မနေဘူး။ ချက်ချင်းထလိုက်ခဲ့တယ်။ ဒါကို ကျွန်ုပ်တို့တွေလည်း အတုယူဖို့

လိုတယ်။ ခရစ်တော်နောက်လိုက်တဲ့အခါ အရင်လို အတွေးဟောင်းတွေနဲ့ အကျင့်ဟောင်း တွေပဲ ထပ်ခါထပ်ခါ လုပ်နေ

လို့ မရတော့ဘူး။ ပုံစံအသစ်နဲ့ ဘုရားရဲ့ အသက်တာထဲမှာ ပါဝင်ရှင်သန်လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတော့

ပြင်းတယ်။ ခရစ်တော်ကတော့ ဘဝသစ်ကိုလျှောက်ဖို့ ငါ့နောက်လိုက်ခဲ့ပါလို့ ဖိတ်ခေါ်နေတယ်။ ဘယ်လိုလဲ လိုက်ရဲလား

ဓမ္မမိတ်ဆွေတို့။ ဆုလာဘ်ကတော့ ထာဝရအသက်နော်။

 

Add new comment

8 + 3 =