ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း အင်္ဂါနေ့ သြဝါဒ ၁၄၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ၊ အင်္ဂါနေ့
ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ကတော့ မနေ့က ကြားနာခဲ့ရတဲ့ ကျမ်းစကားရဲ့ အဆက်ပဲဖြစ်ပါတယ်။ မနေ့က ဖာရီဇေဦး

တွေက သံသယစိတ်တွေနဲ့ ခရစ်တော်ဆီက နိမိတ်လက္ခဏာကိုတောင်းခဲ့ပါတယ်။ ဒါကြောင့် ခရစ်တော်က ဒီနေ့မှာ အဲ့လို

မယုံကြည်တဲ့ ဖာရီဇေဦးတွေရဲ့ တစေးနဲ့တူတဲ့ စိတ်သဘောထားမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးဆုံးမတာ ကို တွေ့ရပါ

တယ်။ တပည့်တော်ကြီးတွေက စားစရာ ယူလာဖို့မေ့သွားခဲ့ပါတယ်။ ရှိတဲ့ ပေါင်မုန့်လေးတစ်ခုကို သူတို့စားဖို့ ပေးရင်း

ဖာရီဇေဦးတွေရဲ့ တစေးကို သတိထားပါလို့ မှာကြားတယ်။ သခင်ယေဇူး ဘာကို ဆိုလိုတာလဲဆိုတာ တပည့်တော်ကြီးတွေ

က သဘောမပေါက်ကြဘူး။ တစေးဆိုတာ မုန့်ထဲမှာထည့်ရင် မုန့်ကိုပွားစေတယ်။ နဂိုမူရင်း မုန့်ပုံစံ အတိုင်းမဟုတ်တော့ဘဲ

ပွပွဖောင်းဖောင်းနဲ့ ပုံစံပြောင်းသွားပါတယ်။ ဓမ္မဟောင်းကာလမှာဆိုရင် တစေးမပါတဲ့မုန့်ကိုပဲ ဘုရားကိုပူဇော်ဖို့ အသုံးပြု

ကြရတယ်။ အီစရာအဲလူမျိုးတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီး ကတိထားရာ ခါနန်ပြည်ကို သွားတဲ့ခရီးမှာ စားဖို့ ပြုလုပ်

ရတဲ့မုန့်ကလည်း တစေးမထည့်ရပါဘူး။ တစေးက ပွစေတယ်။ ပျက်စီးလွယ်တယ်။ ဒါကြောင့် ဂျူးတွေအတွက်က တစေ

းဆိုတာ မကောင်းတဲ့လက္ခဏာပဲ။ ဒီနေရာမှာ အပြုသဘောဆောင်တဲ့ တဆေးရဲ့ ကောင်းခြင်း တွေလည်း ရှိပါတယ်။

အမျိုးသမီးတစ်ဦးက မုန့်ညက်သုံးတင်းမှာ တစေးထည့်ပြီး နယ်တဲ့အခါ ပွားလာစေသလိုမျိုး ကောင်းကင်နိုင်ငံတော်ဟာ

လည်း တဖြေးဖြေးနဲ့ လူတွေရဲ့ဘဝထဲမှာ မသိမသာနဲ့ ကြီးထွားရှင်သန်ဖြစ်တည်လာတဲ့ဆိုတဲ့ အကြောင်း တစ်နေရာမှာ

ခရစ်တော်က ဥပမာပေးလို့ ဆိုထားတာလည်း ရှိပါတယ်။ တစေးကဲ့သို့ လူအများအတွက် ကောင်းကျိုးတွေပြုရင်း ကောင်

းတဲ့ဘက်မှာ ကြီးထွားစေတယ်ဆိုရင် ဒါ ကောင်းတဲ့သဘောပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ ခရစ်တော် ပြောချင်တာက ဖာရီဇေဦး

တွေရဲ့တစေး။ သူတို့ရဲ့ မယုံကြည်တဲ့ စိတ်က လူတွေကြားထဲရောက်သွားရင် တခြားသူတွေကိုလည်း လွှမ်းမိုးနိုင်တယ်။ ရှိပြီ

းသား ယုံကြည်ခြင်းတွေတောင် ပျက်စီးသွားနိုင်တာမို့ သူတို့ရဲ့ တဆေးကို သတိထားပါလို့ မှာကြားခြင်းဖြစ်ပါတယ်။ ဘုရား

ရဲ့ အကြံအစည်ထက် ကိုယ့်ရဲ့ စိတ်သဘောအတိုင်း လိုက်လုပ် တတ်တဲ့ ဖာရီဇေဦးတွေရဲ့ ပုံစံတွေကို လိုက်မလုပ်ကြဖို့ ဖြစ်ပါ

တယ်။ မတရားမှုတွေ၊ ဒုစရိုက်တွေကို ရှောင်ရှားဆင်ခြင်နိုင်ဖို့ ဘုရားက ဒီယနေ့ ဖာသာရ်တို့ကို တရားပေးပြီး ဆုံးမနေပါ

တယ်။ 
ဒီလိုဆိုရင် ဖာရီဇေဦးတို့ရဲ့ တဆေး တစ်နည်းအားဖြင့်ပြောရရင် မကောင်းတဲ့ လမ်းစဉ်တွေကို ဘယ်လို ရှောင်ရှား လို့ရနိုင်မ

လဲ။ နံပါတ်တစ်အချက် မကောင်းတဲ့ဒုစရိုက်ကို ကိုယ့်ဘဝထဲဝင်မလာအောင် ငြင်းဆန်ရပါမယ်။ မကောင်းတဲ့ ဒုစရိုက်တွေ၊

အကျင့်ပျက်ခြစားခြင်းတွေ၊ မတရားမှုတွေဟာ မငြင်းဆန်ရင် တဖြေးဖြေးနဲ့ ကိုယ့်မှာ ကူးစက်လာနိုင်တယ်။ ကိုယ့်အပေါ်

လွှမ်းမိုးသက်ရောက်နိုင်ပါတယ်။ ဒါဟာ မလွယ်ကူတာမှန်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒုတိယ အနေနဲ့ ဘာလုပ်

လို့ရနိုင်မလဲဆိုရင် ဘုရားရဲ့ လုပ်ဆောင်မှုတွေကို သတိရအောက်မေ့ရင် ဆင်ခြင်နှလုံးသွင်းထားဖို့လို တယ်။ ခရစ်တော်က

သူ့တပည့်တော်ကြီးတွေကို မှာကြားတယ်။ သူလုပ်ခဲ့တဲ့အရာတွေကို ပြန်စဉ်းစားကြည့်ပါ။ မုန့်တွေ ပွားများခဲ့တယ်။ တန်ခိုး

လက္ခဏာတွေအများကြီး မြင်တွေ့ခဲ့ကြတယ်။ ဒါတွေကို သတိရပြီး ဘုရားရဲ့ အမြင်နဲ့ ရှု့မြင်သုံးသပ် တတ်ဖို့ သင်ပေးပါတယ်။

ဘုရားသခင်က ဖာသာရဲ့ဘဝမှာ လုပ်ဆောင်ခဲ့တာတွေ အများကြီးရှိပါတယ်။ လွယ်လွယ်လေးနဲ့ ဘုရားသခင် ပြုခဲ့တဲ့အရာတွေ

ကို မမေ့လိုက်ကြပါနဲ့။ ဘုရားက ကျွန်ုပ်တို့ဘဝမှာ ကောင်းတဲ့အရာတွေ အများကြီးပေးခဲ့ တယ်။  ဒါတွေကို ကျော်ပြီး မကောင်း

မြင်တဲ့စိတ်နဲ့ မာနတွေ၊ သံသယတွေ၊ မုန်းတီးခြင်းတွေနဲ့ ဘဝကို အသက်မရှင်ကြဖို့ လိုတယ်။ မကောင်းတဲ့ဖက်မှာ ကြီးထွားရမှ

ာမဟုတ်ဘဲ ကောင်းတဲ့အရာတွေဖက်မှာ ကြီးထွားခြင်းအားဖြင့် မှန်ကန်ပြည့်ဝတဲ့ ဘဝအသက်တာကို လျှောက်လှမ်းအသက်ရှင်

နိုင်တဲ့သူတွေဖြစ်အောင် ယုံကြည်ခြင်းခွန်အားကို ဒီယနေ့ တောင်းခံကြပါစို့။

 

Add new comment

2 + 1 =