ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၅၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့
 ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ ခရစ်တော်နဲ့ တပည့်တော်ကြီးတွေက ဘက်ဇိုင်းဒါးရွာကလေးကို ရောက်ရှိလာကြပါ တယ်။

မျက်မမြင်တစ်ဦးကို လူတချို့က ခရစ်တော်ထံ ခေါ်လာကြတယ်။ အရင်တုန်းက မျက်မမြင်ဆိုရင် ဒဏ်ခတ်ခံသလို မျိုး

သတ်မှတ်ခဲ့ကြတယ်။ ဒီလိုမျက်မမြင်တစ်ဦးကို သူ့ရဲ့မိတ်ဆွေတွေက ယေဇူးဘုရားဆီ ခေါ်ဆောင်လာကြတယ်။ မိတ်

ဆွေကောင်းတွေရဲ့ ယုံကြည်ခြင်း ကူညီခြင်းတွေက မျက်မမြင်တစ်ယောက်အတွက် ခရစ်တော်ရဲ့ ကုသခြင်းရရှိစေဖို့ 

အထောက်အပံ့ဖြစ်လာခဲ့တယ်။ မျက်မမြင်ကို ကုသပေးတဲ့နေရာမှာ ဗြုန်းစားကြီး ချက်ချင်းပျောက်သွားတာမဟုတ်ဘဲ

တစ်ဆင့်ပြီးတစ်ဆင့် ကုသပျောက်ကင်းလာတာကို တွေ့ရတယ်။ မျက်မမြင်ရဲ့ မျက်လုံးတွေကို တို့ထိပြီး အခု မင်းမြင်ရ

ပြီ လားလို့ မေးတဲ့အခါ မျက်မမြင်က မြင်တော့မြင်ရတယ် လူတွေက သစ်ပင်တွေလိုပဲ လှုပ်ရှားနေကြတယ် ဆိုတဲ့အဖြေ

ကို ပေးပါတယ်။ ချက်ချင်းကြီး ရှင်းရှင်းလင်းလင်း မမြင်ရသေးဘဲ ဝိုးတိုးဝါးတားလေး မြင်လာရတဲ့သဘော။ ကျွန်ုပ်တို့

တွေ အပြင်မှာ မျက်စိခွဲတဲ့အခါမှာလည်း ချုပ်ရိုးဖြည်ပြီး ချက်ချင်းမကြည့်ခိုင်းဘူး။ ဖြေးဖြေးချင်းကြည့်ခိုင်းတယ်။

နေကာမျက်မှန် တပ်ခိုင်းတယ်။ ပြင်းပြစူးရှတဲ့အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ခိုင်းတယ်။ တဖြေးဖြေးနဲ့

ခရစ်တော်က ကုသ ပေးလိုက်တဲ့အခါ မျက်မမြင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ မြင်တွေ့သွားခဲ့ပါတယ်။ ဒီလို

ထူးခြားတဲ့ တန်ခိုးကို ပြသပြီးတဲ့နောက် ခရစ်တော်မှာကြားတဲ့စကားလေးတစ်ခွန်းက နည်းနည်းတော့ ထူးဆန်းတယ်။

ရွာထဲကိုတောင် မသွားနဲ့ တဲ့။ ဘာကြောင့်များပါလိမ့်။ အရှေ့ရက်တွေက ကြားခဲ့ရတဲ့ ကျမ်းစာတွေနဲ့ ဆက်စပ်ကြည့်ရင်

အဓိပ္ပါယ်ရှိပါတယ်။ ဖာရီဇေဦးတွေက ယုံကြည်ခြင်းမဲ့ပြီး နိမိတ်လက္ခဏာတွေတောင်းတယ်။ ဘုရားဆိုတာကို မမြင်ဘဲ

ယုံကြည်ခြင်းမျက်စိ ကင်းမဲ့နေသလိုမျိုးပါပဲ။ ခန္ဓာမျက်စိအာရုံချို့တဲ့တာထက် ယုံကြည်မျက်စိအာရုံမွဲနေတာက ပိုဆိုးပါ

တယ်။ မျက်မမြင်က ယခင်က ခန္ဓာမျက်စိ မကောင်းခဲ့ဘူး။ ခုတော့ ခန္ဓာမျက်စိတင်မက ဝိညာဉ်မျက်စိပါ အလင်းရခဲ့ပြီ။

ဒါကြောင့် ဝိညာဉ်မျက်စိ ကင်းမဲ့နေတဲ့ သူတွေရှိတဲ့ ရွာထဲကို မသွားသေးနဲ့ဦးဆိုပြီး တားမြစ်ရခြင်းဖြစ်ပါတယ်။ ဘုရားကို

မြင်နိုင်တာ စက္ခုအာရုံ မျက်လုံတစ်စုံရှိရုံနဲ့ မရသေးပါဘူး။ ယုံကြည်နိုင်တဲ့ နှလုံးသားမျက်စိလည်း အားကောင်းနေဖို့ လို

တယ်။ တခါတလေ အရေးကြီးတာကို မမြင်။ အရေးမပါတာကို ပါဝါချဲ့ပြီးတွေ့မြင်တတ်တဲ့ လူ့သဘော ဖာသာရ်တို့မှာ ရှိ

တတ်ကြတယ်။ 
 ဘာနဲ့တူလဲဆိုရင် ငှက်ကလေးနှစ်ကောင် မုန့်လုတဲ့ ပုံပြင်လေးနဲ့ သွားတူနေတယ်။ တစ်ခါမှာ ပေါင်မုန့်တွေသယ် လာတဲ့

ကားကြီးတစ်စင်းက မညီမညာလမ်းပေါ်မောင်းလာရင်း ခုန်ဆောင့်တက်သွားပြီး ပေါင်မုန့်အကြီးကြီးတစ်လုံး ကားပေါ်က

နေ လမ်းပေါ်ပြုတ်ကျသွားတယ်။ ပေါင်မုန့်ကြီးက လိမ့်ကာလိမ့်ကာနဲ့ ပြုတ်ကျရင်း လမ်းမပေါ်မှာ ပဲ့ကြွေကျကုန် တယ်။

ဒါကို သစ်ပင်ပေါ်က ငှက်ကလေးနှစ်ကောင် မြင်တွေ့ပြီး မုန့်အပဲ့တွေကို အသည်းအသန် နှုတ်သီးနဲ့ လုကောက်ကြ တယ်။

အပဲ့တစ်ခုကို ပြိုင်တူကောက်ရင်း ရန်တွေဖြစ်၊ စကားတွေများနဲ့ အလုပ်တွေကို ရှုပ်နေရော။ ဘေးနားမှာရှိတဲ့ ပေါင်မုန့်အလုံး

ကြီးကို သတိမထားမိကြဘူး။ တခါတလေ ဖာသာရ်တို့တွေလည်း ဒီငှက်နှစ်ကောင်လို သေးသေး လေးတွေကို မြင်ပြီး အကြီး

ကြီးကို သတိမထားမိတဲ့အချိန်တွေရှိကြတယ်။ သေးသေးလေးတွေက ဘာနဲ့တူလဲဆိုရင် အပေါ်ယံ ဂုဏ်ဒြပ်တွေ၊ မာန်မာန

တွေ၊ ကဲ့ရဲ့အပြစ်တင်တာတွေ၊ ညီးငြူ ကျိန်ဆဲတာတွေ လုပ်ကြတယ်။ ဘေးနားမှာ ဘုရားသခင်ပေးထားတဲ့ ကောင်းကြီး

မင်္ဂလာ ကျေးဇူးတော်အကြီးကြီးတွေကို မမြင်နိုင်လောက်အောင် မျက်ကန်းတစ္ဆေနဲ့ မခြား ဖြစ်လေ့ရှိပါတယ်။ ခန္ဓာမျက်စိ

ကောင်းပေမဲ့ ဝိညာဉ်မျက်စိအားနည်းချို့တဲ့တာက ပိုပြီးကြောက်စရာ ကောင်းပါတယ်။ ဒါကြောင့်မို့ ဝိညာဉ်မျက်စိကန်းနေတဲ့

အသိုင်းအဝိုင်းမှာ မနေဘဲ ယုံကြည်ခြင်းမျက်စိ အားကောင်းစေမယ့် ဘုရားရှိရာ ရပ်ဝန်းမှာ နေထိုင်ပါ။ မိမိရဲ့ ယုံကြည်ခြင်းကို

အားဖြည့်ပါ။ ကိုယ်က အားကောင်းလာရင် တစ်ခြား လိုအပ်သူ အားနည်းသူကိုလည်း ပြန်လည် ကူညီပေးနိုင်ပါလိမ့်မယ်။

ယုံကြည်ခြင်းအလင်းခွန်အားတွေ တိုး ပွားနိုင်ကြပါစေ။

 

Add new comment

8 + 2 =