ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလဆဌမသီတင်း တနင်္လာနေ့ သြဝါဒ ၁၃၊ ၂၊ ၂၀၂၃

ဖေဖေါ်ဝါရီလ (၁၃) ရက်၊ တနင်္လာနေ့
ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာကတော့ ရှင်မာကုကျမ်း ၈း ၁၁ -၁၃ မှ ကောက်နှုတ်ထားပါတယ်။

ဖာရီဇေဦးတွေက ခရစ်တော်ဘုရားရှင်ကို နိမိတ်လက္ခဏာတောင်းဆိုတဲ့အကြောင်းကို ကြားရတယ်။ ခရစ်တော်

ဘုရား မပေါ်မီ လူတွေ မျှော်လင့်ထားတာက ကယ်တင်ရှင်ဟာ ထူးထူးခြားခြား အံ့ဖွယ်တန်ခိုးတွေပြုပြီး ဘုန်း

အရှိန်အဝါတွေနဲ့ တခမ်းတနားဆင်းကြွလာလိမ့်မယ်လို့ တွေးထင်ထားကြတယ်။ တကယ်တော့ ခရစ်တော်က 

တခမ်းတနား မကြွလာပေမဲ့ တထူးတခြား အံ့ဖွယ်လက္ခဏာတွေကို ပြုလုပ်နေခဲ့ပါတယ်။ လူနာတွေကုသပေး

တယ်။ မျက်မမြင်က အလင်းပြန်ရတယ်။ ခြေမသန်စွမ်းသူက လမ်းပြန်လျှောက်နိုင်တယ်။ မုန့်အနည်းငယ်ကို

ပွားပြီး လူပေါင်းများစွာကို ကျွေးမွေးနိုင်ခဲ့တယ်။ ကုန်ကုန်ပြောရရင် သေတဲ့သူတောင် ပြန်ပြီး အသက်ရှင်လာ

ခဲ့တယ်။ ဒါတွေက ထူးခြားတဲ့ လက္ခဏာတွေမဟုတ်ဘူးလား။ ဒီလက္ခဏာတွေကို မြင်တွေ့တဲ့သူတွေက အနယ်

နယ်အရပ်ရပ်ကနေလာပြီး ကုသခြင်းတွေ တောင်းခံကြတယ်။ ယုံကြည် ခြင်းတွေ တိုးလာကြတယ်။ ဒါပေမဲ့

ဖာရီဇေဦးတွေက ခရစ်တော်ကို ဘုရားသခင်ဆီက လာတဲ့သူဖြစ်ကြောင်း နိမိတ်လက္ခ ဏာ ပြဖို့ တောင်းခံကြ

တာ နဲနဲတော့လွန်သွားပြီထင်တယ်။ ကိုယ်တော်ပြုတဲ့ တန်ခိုးလက္ခဏာတွေကို သူတို့တွေ မမြင်နိုင် လို့လား။

ဒါမှမဟုတ် မယုံကြည်လို့ သွေးတိုးစမ်းတဲ့သဘောနဲ့ ထပ်တောင်းဆိုတာလည်း ဖြစ်နိုင်တယ်။ သူများမလုပ်နိုင်

တဲ့ အလုပ်တွေကို လုပ်နေမှတော့ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီဆိုတာကို သိသင့်တယ်။ ကယ်တင်ခြင်းရဲ့

လက္ခဏာတွေ ဖြစ်တဲ့ ကုသခြင်းတွေကို လုပ်ဆောင်တာဟာ ကယ်တင်ရှင်ဘုရားက လွဲလို့ ဘယ်သူ လုပ်မှာလဲ။ 
ဒါနဲ့ ဆက်စပ်ပြီး အဖြစ်အပျက်လေးတစ်ခု သွားသတိရမိပါတယ်။ တစ်ခါမှာ နာမည်ကြီး တယောထိုးအနုပညာ

ရှင် က သ‌ေဘာင်္ာစီးပြီး ဂီတပွဲတော်တစ်ခုမှာ ဖျော်ဖြေဖို့ခရီးထွက်ပါတယ်။ သ‌ေဘာင်္ မထွက်ခင် အချိန်ရှိသေး

တာမို့ တယောလေး ကိုင်ပြီး သင်္ဘောပေါ် ဟိုနားဒီနား လျှောက်ကြည့်ဖြစ်နေတယ်။ ဂီတပစ္စည်းရောင်းတဲ့ဆိုင်

အနားရောက်တော့ လူတစ် ယောက်က သူ့ကို ဖရစ် ခရီစလာရဲ့ တယောကို ခိုးယူထားတယ်ဆိုပြီး စွပ်စွဲပါတော့

တယ်။ ရဲသား၂ ယောက် ရောက်လာ ပြီး သူ့ကို ဖမ်းချူပ်စစ်ဆေးတယ်။ ခင်များက ဘာလို့ ဖရစ် ခရီစလာရဲ့

တယောကို လက်ထဲမှာ ကိုင်ထားတာလဲဆိုပြီး မေးမြန်းကြတယ်။ အဲ့ဒီ ဖရစ် ခရီစလာဆိုတာငါပဲ လို့ ဖြေတာ

ကို သူတို့က မယုံကြဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ သူ့ရဲ့ နာမည်ကြီး ဂန္တဝင်တေးသီချင်းတစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင်

တီးခတ်ပြလိုက်တော့မှ သြော် ဟုတ်သားပဲ သူက ဖရစ် ခရီစလာပဲ ဆိုပြီး နှုတ်ဆက်ကြတော့တယ်။ ဒီအဖြစ်

အပျက်လေးကို စဉ်းစားကြည့်မယ်ဆိုရင် လူတွေက တယောဆရာကြီးကို မသိပေမဲ့ သူ့ရဲ့ လက်ရာကိုတော့

အသိမှတ်ပြုကြတယ်။ ခရစ်တော်ရဲ့ တရားနာပရိသတ်က ခရစ်တော်ဟာ ဘယ်သူ ဘယ်ဝါလဲဆိုတာကို

ကောင်းကောင်းမသိပေမဲ့ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်အသိမှတ်ပြုတယ်။ ဖာရီဇေဦးတွေက အဲ့လို

မဟုတ်ဘူး။ မမြင်နိုင်မယုံနိုင် ဆက်ခေါင်းမာနေကြတယ်။ ဒီလောက် လက္ခဏာတွေကို တွေ့မြင်ရတာတောင်

နိမိတ် ကို တောင်းနေကြတယ်။ လူကောင်လုံးကြီး မျက်ဝါးထင်ထင်ပြနေတာ တခြား ဘာလက္ခဏာများ

လိုဦးမှာလဲ။ 
ဒီလိုပါပဲ ဖာသာတို့ရဲ့ဘဝမှာ တခါတလေ ဘုရားရဲ့ တန်ခိုးလက္ခဏာတွေ ကျေးဇူးတော်တွေကို ခံစားသိမြင်

နေရ တာတောင် ဘုရား တကယ်ရော ရှိရဲ့လားဆိုပြီး မယုံနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလောက် ကျေးဇူး

တော်တွေ ခံစားနေရတာတောင် ဘုရားဆီက နိမိတ်လက္ခဏာတွေ တောင်းလို့မပြီးနိုင်တဲ့သူတွေ အများကြီ

းရှိတယ်။  ဘုရားရှိတာမှန် ရင် ငါဆုတောင်းသံတွေ နားညောင်းမှာပေါ့။ ဘာလို့ ဒီဒုက္ခတွေ ကံဆိုးမိုးမှောင်

ကျခြင်းတွေကို ငါက ရင်ဆိုင်နေရတာလဲ။ ဘုရားက မကူဘူးလားဆိုပြီး ဘုရားကို စောဒကတက်ချင်ကြတယ်။

ယုံကြည်ခြင်းသာ တကယ်ရှိရင် ဘာနိမိတ်လက္ခဏာမှ မလိုအပ်ပါဘူး။ မယုံကြည်တဲ့သူအတွက်ကတော့ ဘယ်

လောက်ကြီးပဲ တန်ခိုးတွေပြပြ ခေါင်းမာစွာနဲ့ ငြင်းဆန်နေဦးမှာပါ။ 

 

Add new comment

1 + 0 =