ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် စနေနေ့ သြဝါဒ ၉၊ ၇၊ ၂၀၂၂

ဇူလိုင်လ ၉ ရက်၊ ၂၀၂၂    
             ချစ်လှစွာသော ဓမ္မမိတ်ဆွေအပေါင်းတို့၊ မွေးကင်းစ ကလေးအရွယ်က စပြီး လူလားမြောက် ကြီးပြင်းလာတဲ့

အထိ ကြောက်စိတ်ဆိုတာ လူမှာ စွဲကပ်ပါလာခဲ့ပါတယ်။ ကိုယ့်နဲ့ မရင်းနှီးတဲ့ ကမ္ဘာသစ်တစ်ခုမှာ စတင်ခြေချရတော့မယ့်

ကလေးတစ်ယောက်က ကြောက်ရွံ့ခြင်းကို ငိုကြွေးသံနဲ့ အစပြုခဲ့တယ်။ ကြောက်စရာတွေကလည်း များမှ များ။  နာမှာ

လည်း ကြောက်ကြ။ သေမှာလည်း ကြောက်ကြ။  အရှက်ကွဲမှာ ကြောက်ကြနဲ့။ တချို့ဆို ဆုံးရှုံးရမှာ ကြောက်တယ်။

အပယ်ခံထားရမှာ ကြောက်တယ်။ ငတ်မှာ ကြောက်တယ်။ အချစ်မခံရမှာ ကြောက်တယ်။ ကြောက်ပြီးရင်းကြောက်နေကြ

လာခဲ့တာ ကြောက်စိတ်ဆိုတာ လူတွေမှာ ထွင်းစရာမလိုဘဲ စွဲကပ်နေတဲ့ တတ်တူးတစ်ခုလိုဖြစ်လာတယ်။  တချို့ ကြောက်

ခြင်းတွေက ကောင်းတဲ့ဟာ ရှိသလို တချို့ ကြောက်ခြင်းတွေကို လူကို ပူပန်စေတာကလွဲလို့ ဘာအကျိုးမှ မရှိဘူး။ ဥပမာ -

အရှက်ကွဲမှာ ကြောက်လို့ သိက္ခာကျမှာ ကြောက်လို့ မလုပ်သင့်တာကို မလုပ်ဘူး။ မကောင်းဒုစရိုက်ကို ရှောင်လိုက်တယ်

ဆိုရင် ဒီကြောက်ခြင်းဟာ ကောင်းတဲ့ကြောက်ခြင်းပါ။ တချို့လူတွေကျ မလိုအပ်ဘဲ ကြောက်တာ။ မဖြစ်သေးဘဲ တွေးပူတာ။

အလကားနေရင်း ကြောက်နေတာ၊ ပူပန်နေတာမျိုးကို ဘုရားသခင်က မကြိုက်ပါဘူး။ 
         မစားရမှာ မကြောက်နဲ့။ အသက်ရှင်ရမှာ မကြောက်နဲ့။ ဒုက္ခတွေကို တွေးပြီး မပူနဲ့။ ဘာလို့လဲဆိုတော့ ဘုရားက လူတွေ

နဲ့အတူ ရှိနေတယ်။ လူတွေကို ချစ်တဲ့ဘုရား၊ လူတွေလိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးတတ်တဲ့ဘုရားသခင် က ကျွန်ုပ်တို့

ဖက်မှာ ဖခင် တစ်ယောက်လို ရှိနေပါတယ်။ မကြောက်ကြနဲ့၊ မကြောက်ကြနဲ့ ဆိုပြီး ကျမ်းစာထဲမှာ အကြိမ် ကြိမ်တွေ့ရတယ်။

ကြောက်ရွံ့ခြင်းရဲ့ ဆန့်ကျင်ဖက်က ယုံကြည်ခြင်းပဲ။ ဘုရားရှင်က သူ့ကို ယုံကြည်ပါ။ သူရှိတယ် မကြောက်ပါနဲ့ဆိုပြီး ခဏခဏ

သတိပေးယူရတယ်။ တကယ်တမ်းကြောက်ရမှာက သေမှာ၊ နာမှာကို ကြောက်ရမှာ မဟုတ် ဘူး။ ခန္ဓာကိုယ်ကို သတ်နိုင်တဲ့သူ

ကိုလည်း မကြောက်ရဘူး။ ဘာလို့လဲဆိုတော့ ဒီဘဝမှာ ဆုံးရှုံးတဲ့အရာတွေက အရေး မကြီးဘူး။ အရေးကြီးတာက နောက်ဘဝမှာ

ရှင်သန်ရမယ့် ထာဝရအသက်ကို ရ၊ မရအတွက် ကြောက်ရမှာ။ ထာဝရ အသက်နဲ့ ဆိုင်တဲ့ ဝိညာဉ် သေသွားမှာကို ကြောက်ရမှာ။

ခန္ဓာနဲ့ ဝိညာဉ် နှစ်ခုစလုံးကို သတ်နိုင်တဲ့သူကိုပဲ ကျွနု်ပ်တို့ ကြောက်ရမှာ ဖြစ်ပါတယ်။ 
        ဘုရားသခင်က ကျွနု်ပ်တို့ဖက်မှာရှိတယ်။ အစွမ်းတန်ခိုးရှိတဲ့သူအဖြစ်နဲ့ နေပေးတယ် ဆိုတဲ့အကြောင်း ကြားနာ ရပါတယ်။

ဘုရားရှိတယ်ဆိုတဲ့ ခံစားချက်က ကျွနု်ပ်တို့ကို လုံခြုံစိတ်ချမှုကို ဖြစ်စေတယ်။ အရာရာ တိုင်းက ဘုရား အလိုတော်အတိုင်းပဲ

ဖြစ်လာကြတယ်။ အဖဘုရားရှင် အလိုမရှိဘဲ  ကောင်းကင်မှာ ပျံနေတဲ့ စာကလေး တစ်ကောင် တောင် မြေပေါ်ကျစေမှာ မဟုတ်ဘူး။

ကျွန်ုပ်တို့ရဲ့ ခေါင်းမှာ ရှိတဲ့ ဆံပင်ဘယ်နှစ်ပင်ရှိလဲဆိုတာတောင် ရေတွက်ထား တယ်တဲ့။ ဘယ်လောက် အံ့သြစရာကောင်းလဲ။ အသေး

စိပ်ကအစ ကြည့်ပေးတတ်တဲ့ ဒီလိုဘုရားမျိုးကို ယုံကြည် ကိုးကွယ်ကြတဲ့ ကျွန်ု်ုတို့ ဘာကိုများ ကြောက်စရာလိုသေးလဲ။ ဓမ္မမိတ်ဆွေ

အပေါင်းတို့ မလိုအပ်တဲ့ ကြောက်ခြင်း တွေ မထားရှိဘဲ ဝိညာဉ်ကို သတ်နိုင်တဲ့သူကိုပဲ ကြောက်ရအောင်။ ဘုရားကို ပိုပြီး ယုံကြည်သက်

ဝင်ကာ ဘဝကို ပျော်ရွှင် စွာနဲ့ လျှောက်လှမ်း ရှင်သန်နိုင်ကြပါစေ။
 

Add new comment

1 + 1 =