ဖာသာရ် George ရွှေထွန်း (ရန်ကုန်) သာမန်ကာလ (၂၂) ကြိမ်မြောက် သောကြားနေ့ သြဝါဒ ၂၊ ၉၊ ၂၀၂၂

ဒီနေ့ကြားနာရတဲ့အသက်ပေးတဲ့နုတ်ကပဥ်တော်၊ ရှင်လုကာဧဝံဂေလိကျမ်း(5:33)မှာ လူအချို့တို့ကယေဇူးသခင်
ကိုမေးခွန်းထုတ်ပါတယ်၊ ယောဟန်၏တပည့်တို့နှင့်ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့ကိုအဖန်
တလဲလဲပြုကြတယ်၊ ဒါပေမယ့်ကိုယ်တော်၏တပည့်ေတွကတော့ ဘာကြောင့် စားသောက်လျက်နေကြ ပါသလဲ
လို့ မေးလျှောက်ကြပါတယ်။
ဒီတော့ကိုယ်တော်က၊ မင်္ဂလာဆောင်လုလင်ဟာမိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါသူတို့ကို အစာရှောင်
စေနိုင်သလော။ မင်္ဂလာဆောင်လုလင်ကိုသူ၏အပေါင်းအဘော်တို့နှင့်ခွါ၍ ယူသွားသောအချိန်ကာလရောက်လိမ့်
မည်။ထိုကာလအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။ အချိန်ရောက်လာအုံးမှာပါလို့ပြန်ဖြေပါတယ်။
တင်းကြပ်တဲ့ဥပဒေတွေကိုလိုက်ကြပြီးပေါ့ပါးပြီးအလုပ်ဖြစ်တဲ့လုပ်ရမယ့်အရာတွေကိုလစ်လျူရူနေတာမျိုးလည်း
ကိုယ်တော်မလိုလားပါဘူး။ သူ့အရပ်နဲ့သူ့ဇာတ်လိုက်လျော့ညီထေွမူရှိနေရပါမယ်။ အူမတောင့်မှသီလစောင့်နိုင်တယ်
ဆိုသလို၊ လိုအပ်တဲ့အစာကိုစားပြီးရရှိတဲ့အားတွေနဲ့လုပ်သင့်လုပ်ထိုက်၊ လုပ်ရမှာတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။အရာ
ရာတိုင်းမှာသူ့အချိန်နဲ့သူရှိတယ်၊ ဒေသနာဆရာက ပညာဒေသနာကျမ်းအခန်းကြီး၃မှာဖေါ်ပြတာက “ခပ်သိမ်းသော
အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ ဘွားချိန်နှင့်သေချိန်လည်းရှိ၏။စိုက်ပျိုးရသော အချိန်နှင့် စုသိမ်းရသေအချိန်လည်
ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။
ညည်းတွားရသောအချိန်နဲ့ ကခုန်ရသောအချိန်လည်းရှိပါတယ်..” လို့ဆိုပါတယ်။ သတိပြုရမှာက အဓိကနဲ့သာမညာခွဲနိုင်ဖို့
ပါပဲ။ အပေါ်ယံ ရွှေမံုန့်ကျဲအလုပ်တွေလုပ်ပြီး အဓိကကျတဲ့ မေတ္တာ၊ ကရုဏာ၊ စေတနာ၊ နားလည်မူ၊ ကူညီယိုင်းပင်းအစေ
ခံမူတွေမလုပ်ဘူးဆိုရင်တော့ အရာမထင်၊ လူပေါ်ပင်ပဲဖြစ်နေပါအုံးမယ်။ အစာရှောင်၊ဝါရှောင်တာကောင်းပါတယ်၊ သို့သော်
အစာရှောင်ပြီးအပြစ်လုပ်နေခြင်းမျိုးမဖြစ်သင့်ပါဘူး။ အစာရှောင်ခြင်းထက်အပြစ်ရှောင်ခြင်းက ပိုအရေးကြီးပါတယ်။ဒါ
ကြောင့်ဓမ္မမိတ်ဆွေတို့အစာရှောင်၊ အပြစ်ရှောင်ပြီးအချစ်ဆောင်ကာ ကောင်းမူများလုပ်ဆောင်နိုင်ကြပါစေ။“သံပေါလုပြော
သလိုခရစ်တော်၏အစေအပါကဲ့သို့၎င်း၊ ဘုရားသခင်၏နက်နဲသောအရာတို့ကိုစောင့်သောဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည်
ငါတို့ကို မှတ်ပါစေ။” (၁ကော 4:1)အာမင်။

Add new comment

10 + 1 =