ဖာသာရ် George ရွှေထွန်း(ရန်ကုန်) သာမန်ကာလ (၁၈) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၃၊ ၈၊ ၂၀၂၂

  နှိမ့်ချလို့နိမ့်ကျမသွားပါဘူး။ သို့သော်လူတိုင်းတော့မလုပ်နိုင်ကြပါဘူး၊ မာနတွေကတားဆီးထားလို့။  နတ်ဆိုးမှ

ာလည်းတန်ခိုးအစွမ်းတွေရှိလို့အတော်များများလုပ်နိုင်ပေမယ့် သူမလုပ်နိုင်တာဟာ နှိမ့်ချခြင်းနဲ့ဘုရားရှေ့အရှုံး

မပေးချင်တာပါပဲ။နှိမ့်ချခြင်းဟာ ကိုယ့်ကိုယ်ကို အထင်ကြီးမာနထားသူအတွက် ကျင့်ဖို့အလွန်ခက်တဲ့ပါရမီတခုပါ။

နှိမ့်ချခြင်းဟာ တန်ဖိုးကြီးပါတယ်၊ အကျိုးများလှပါတယ်။ ချစ်တတ်တဲ့သူဟာနှိမ့်ချတတ်ပါတယ်။ ဒီနေ့အသက်ပေး

တဲ့နူတ်ကပဉ်တော်၊ ရှင်မာတေဦးဧဝံဂေလိကျမ်း ၁၅: ၂၁-၂၈မှာ ယုံကြည်နှိမ့်ချဇွဲနဲ့ဆုတောင်းတဲ့အခါ ဘုရား​ကချစ်

သနားခြင်းနဲ့ပေးတယ်ဆိုတဲ့အချက်ဟာ နှလံုးသွင်းစရာပါ။ ယနေ့​ကျမ်းစာပါ ခါနန်အမျိုးသမီးက နတ်ဆိုးညှဉ်ဆဲခြင်

းကိုပြင်းစွာခံစားနေရတဲ့သမီးလေးအား ကုသပေးဖို့ ကိုယ်တော်ရှင်ထံ အားကိုးခြင်းနဲ့တောင်းလျှောက်ခဲ့တယ်။ 

 အိုသခင်၊ ဒါဝိဒ်ရဲ့သားတော် ကျွန်မသမီးလေးကိုကယ်ပါလို့တောင်းလျှောက်ပေမယ့် ကိုယ်တော်က သူမအားစကားတ

ခွန်းမှမတုန့်ပြန်ခဲ့ဘူး၊ ဒီလိုအဖက်မလုပ်သလိုပြုမူခြင်းက သူမအတွက် အားလျှော့စိတ်ပျက်စရာဖြစ်ပေမယ့် ဇွဲမလျော့

ခဲ့ဘူး၊ ဒီလိုသူမနောက်ကလိုက်အော်ဟစ်နေတော့ တပည့်တော်တွေက သူမကိုပြန်ပြောလွှတ်ပါလို့ ကိုယ်တော်ကိုတောင်း

ခံကြတယ်၊ သူမကိုအများက ငြူစူ​ပေမယ့်လည်း သမီးလေးအတွက်အမေတယောက်ရဲ့ မေတ္တာ​ကကြီးနေတော့ ဒီအချက်

ကလည်းသူမကိုနောက်မဆုတ်စေခဲ့ပါဘူး။

  နောက်တချက်အနေနဲ့ သူမရဲ့ယုံကြည်ခြင်းကိုစမ်းတဲ့အနေနဲ့ကိုယ်တော်သံုးတဲ့စကားကတော်တော်ကြမ်းပါတယ်။

ကိုယ်တော်က သားသမီးတို့ရဲ့အစားအစာကို ယူ၍ ခွေးတို့အားချမကျွေးသင့်ဘူး၊ ဒီစကားက ခွေးနဲ့အနှိုင်းခံရတဲ့သူမ

အတွက် အင်မတန်နာကျဉ်းဒေါသထွက်စရာပါ။ သို့သော်လည်းပဲ သူကဒီလိုပြောရကောင်းလားလို့အပြစ်မတင်တဲ့အပြင်

သူမက "မှန်ပါ၏ သခင်၊ ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျသော မုန့်အစအနများကို စားကြရပါသေးတယ်လို့ပြန်

လျှောက်ပါတယ်။ ဒါကြောင့်​သူမရဲ့ ယံု​ကြည်​ခြင်း၌ ယိမ်းယိုင်ခြင်းခြင်းမရှိဘဲ၊ ဆုတောင်း​တဲ့အတိုင်းရမယ့်ဆိုတဲ့ယုံကြည်

စောင့်မျှော်ခြင်းကို ကိုယ်တော်တိုင်ချီးမွမ်းပါတယ်၊ သူမရဲ့အလို ဆန္ဒ​ကိုလည်းဖြည့်ပေးပါတယ်။ ခရစ်တော်​ယေဇူးဘုရားရဲ့

တောင်းရင်ရမယ်ဆိုတဲ့ကတိစကားကသေချာပါတယ်။ 

  တစ်ချို့ဘာသာတူတေွက ကိုယ်လိုချင်တာကို "စု' ပြီးတောင်းကြတယ်။ တစ်ချို့ကမရမက'​ဇွတ်'တောင်းတာလဲရှိတယ်။

တချို့ဆုတောင်းမပြည့်ဘူး၊ မရဘူးပြောကြတယ်၊ တကယ်တော့ ပူဆာတာတွေများပြီး ပူဇော်တာနည်းလို့ပါ။ လိုအပ်တာ

မဟုတ်ပဲ မိမိ အတ္တ​အတွက် လိုချင်တာတွေ ဇွတ်တောင်းနေလို့ပါ။ ဘုရားကလိုအပ်ရာပေးပါတယ်။

 ဓမ္မ​မိတ်ဆွေတို့၊ ဆုတောင်းပါ၊ ဇွတ်မတောင်းပါနဲ့၊ ပူဆာတာတွေလျော့ပြီး၊ ပူဇော်တာများများလုပ်ပါ၊ ဒီနေ့ကျမ်းစာပါခါနန်

အမျိုးသမီးက နှိမ့်ချသောစိတ်နဲ့အပြောခံအဆိုခံပြီးမိမိစိတ်ကိုပူဇော်ဆက်ကပ်တောင်းလျှောက်ခဲ့ခြင်းက အတုယူစရာပါပဲ။

လိုချင်တာထက်လိုအပ်ရတောင်းပါ ရကိုရပါလိမ့်မယ်။ ဘုရား​ရှင်ကျွန်ုပ်တို့လိုချင်တာထက် လိုအပ်တာကို နည်းမျိုးစုံနဲ့ဖြည့်

 ဆည်းပေးတတ်တယ်ဆိုတာကို မမေ့မလျော့ကျေးဇူးတင်နှလုံးသွင်းကြပါစို့၊ ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်း

ကြပါစေ။

Add new comment

5 + 5 =