ဖာသာရ် David တိုးဝေအောင် (မန္တလေး) သာမန်ကာလ (၁၆) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၉၊ ၇၊ ၂၀၂၂

   ချစ်လှစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ရှင်မာတေဦး အခန်းကြီး၁၂ အခန်းငယ်၄၆ကနေ၅၀မှာ

သခင်ခရစ်တော်ကတရားဒေသနာဟောကြာနေစဉ်မှာကိုယ်တော်ရဲ့မိခင်နှင်ညီအစ်ကိုတွေကိုယ်တော်နဲ့စကားပြောဖို့

ရောက်ရှိလာခဲ့ကြာပါတယ်။ ဒါကိုသတိထားမိတဲ့တရားဇရပ်ထဲ့မှာတရားနာသူတစ်ဦးက ကိုယ်တော်ရဲ့မယ်တော်နဲ့ညီ

အစ်ကိုများအပြင်မှ,ရောက်ရှိနေတယ်လို့သတင်းပို့ပေးခဲ့ပါတယ်။ ဒါကို ကိုယ်တော်ရှင်ကြားတဲ့အခါတမန်တော်တွေဘက်

လက်ကိုဆန့်တန်းပြီးတော့ငါရဲ့အမိ ငါရဲ့ညီအစ်ကိုတွေကဘယ်သူတွေလည်း ဒီမှာရှိနေတဲ့သူတွေကငါရဲ့အမိ ငါရဲ့ညီအစ်

ကိုတွေမဟုတ်ဘူးလား။ ကောင်းကင်နိုင်ငံ၌ရှိတော်မူသော ခမည်းတော်၏အလိုတော်ကိုလုပ်ဆောင်တဲ့သူတိုင်းဟာ

ကိုယ်တော်ရဲ့အမိ ညီအစ်ကိုမောင်နှမများဖြစ်တယ်လိုဆိုခဲ့ပါတယ်။ 

   သခင်ခရစ်တော်ဟာဂျူးလူမျိုးတစ်ဦးဖြစ်ပါတယ်။ ဂျူးလူမျိုးတွေဟာသူတို့ရဲ့မိသားစု၊ မျိုးရိုး၊ လူမျိုးအပေါ်မှာအရမ်း

ဂုဏ်ယူကြသလို့တန်ဖိုးလဲ့ထားကြပါတယ်။  ဂျူးတစ်ယောက်ဖြစ်ခြင်းကိုကသူတိုတွေဟာအလိုအလျောက်ဘုရားရှင်ရွေး

ချယ်ထားသောလူမျိုးထဲ့မှာပါဝင်ခွင့်ရကြပါတယ်။ ဘုရားရှင်ရဲ့ကတိတော်နဲ့ခေါင်းစဉ်တပ်ခြင်းခံထားရတဲ့အတွက်ကြောင့်

သူတိုတွေဟာမိမိတိုလူမျိုးနဲ့ပါတ်သက်ပြီးကိုက်ညီတဲ့တာဝန်ဝတ္တရားတွေလည်းကပ်ပါလာပါတယ်။ ဒီလိုနဲ့မိမိလူမျိုးမိမိတို့ရဲ့

ယုံကြည်ချက်မိမိတို့ဥပဒေကိုသာ အလေးထားရင်းဂျူးလူမျိုးတွေဟာအခြားသောလူမျိုးတွေနဲ့တနေ့တခြားကွဲပြားလာပြီး

တသီးပုက္ကလဖြစ်လာပါတော့တယ်။ 

   ဒီနေ့ကျမ်းစာမှာတော့သခင်ခရစ်တော်ဟာမိမိသည်ဂျူးလူမျိုးတစ်ဦးဖြစ်သော်လည်း ကိုယ်တော်ရှင်တည်ထောင်မည်

လောကအသစ်နဲ့ပါတ်သက်လို့ခမည်းတော်ဘုရားရဲ့အလိုတော်နဲ့အစီအမံကိုအလေးထားလုပ်ဆောင်တာတွေ့ရပါတယ်။

လောကအသစ်မှာခရစ်တော်ရဲ့နိုင်ငံတော်ဟာဂျူးလူမျိုး၊ ဂျူးမဟုတ်သူရယ်မခွဲခြားပဲ့လူသားအားလုံးခမည်းတော်ဘုရားရဲ့

ကတိတော်မှာပါဝင်လာပါတယ်။ ဒါဟာသွေးသာတော်စပ်ခြင်းကြောင့်မဟုတ်တော့ပဲ့ ခရစ်တော်ရဲ့ဆက်နွယ်မှု မိတ်သဟာရဖွဲ့

ခြင်းအားဖြင့်ခံစာရတဲ့ကျေးဇူးပဲဖြစ်ပါတယ်။ ခမည်းတော်ရဲ့အလိုတော်ကိုလိုက်နာခြင်းဆိုတာကတော့ သခင်ခရစ်တော်ဟော

ကြားသွန်သင်တဲ့တရားတော်ကိုလိုက်နာကျင့်ကြံခြင်ပဲဖြစ်ပါတယ်။

    ဒါကြောင့်ဘုရားရှင်ရဲ့စစ်မှန်သောသားသမီးများဖြစ်ကြောင်းကိုခရစ်းတော်ဘုရားရဲ့အလိုတော်ကိုလိုက်နာရင်းကျွန်ုပ်တို့နေ့

စဉ်ကြာနာနေရတဲ့သခင်ခရစ်တော်ရဲ့တရားတော်များကိုကျင့်ကြံရင်းနေ့စဉ်ဘဝသက်တာအားဖြင့်သက်သေခံနိုင်ဖို့ကြိုးစာကြပါစို့။

Add new comment

6 + 3 =