ဖာသာရ် David တိုးဝေအောင် (မန္တလေး) သာမန်ကာလ (၁၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၀၊ ၇၊ ၂၀၂၂

     ချစ်လှစွာသောဓမ္မမိတ်ဆွေအပေါင်တို့ဒီနေ့သမ္မာကျမ်းစာမှာ မျိဒးကြဲသူပုံဥပမာကြားနာရမှာဖြစ်ပါတယ်။

ဒီထဲ့မှာမျိုးကြဲသူ ကြဲတဲ့မျိုးစေ့နဲ့မြေလွှာပေါ်မူတည်ပြီးရရှိလာတဲ့ရလဒ်တွေကိုလည်းတဆက်တည်းကြားနာ

ရပါတယ်။ ဒီပုံဥပမာကတောဓမ္မသစ်ထဲ့ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်လို့သခင်ခရစ်တော်ဟောကြာတဲ့

ပထမဆုံဥပမာပဲ့ဖြစ်ပါတယ်။ ဒီပုံဥပမာဟာ နှုတ်ကပါဉ်တော်ကြားနာတဲ့သူတွေကို အာရုံစိုက်နားထောင်ဖို့၊

တမန်တော်တွေလိုမျှော်လင့်ချက်ပြည်ဝတဲ့လက်ခံသူတွေဖြစ်နိုင်ဖြစ်နဲ့သခင်ခရစ်တော်ရဲ့တရားတော်အတိုင်

ကျင်ကြံနေထိုင်ဖို့သတွပေးထားတဲ့ပုံဥပမာဖြစ်ပါတယ်။ မျိုးကြဲသူကတော့ဘုရားရှင်ဖြစ်ပါတယ်။ ကြဲဖျန်တဲ့

မျိုးစေ့ ကတော့ အသွားနှစ်ဘက်ပါတဲ့ ဓါးလိုထက်မြက်တဲ့ဘုရားရှင်ရဲ့ နှုတ်ကပါဉ်တော်ဖြစ်ပါတယ်။

    မာကြောတဲ့မြေဆိုတာကတော့ကြေက်ရွံ့မှုတွေ၊ အစွဲတွေ၊ မာနတွေ၊ ပျင်းရိမှုတွေကြောင့်စိတ်နှလုံးသား

တွေ ပိတ်နေတဲ့သူတွေကိုကိုယ်စာပြုပါတယ်။ ကျောက်ပေါမျာတဲ့မြေဆိုတာကတော့ဘယ်အရာမှအလေး

အနက်မထားတဲ့မိမိရဲ့ထင်ပေါ်မှုနောက်ကိုပဲလိုက်တက်တဲ့စိတ်ခံစာမှုကိုပဲအလေးထားတဲ့ သူတွေကိုကိုယ်စား

ပြုပါတယ်။ နှုတ်ကပါဉ်တော်ကြာနာရပေမဲ့ခံစားမှုလေးသာရှိပြီးဘုရားရှင်ရဲ့အလိုတော်မှာအပ်နှံပြီးတရားတော်

မှာ အမြစ်တွယ်လိုစိတ်မရှိကြပါဘူ။ ဆူပင်ပေါမျာတဲ့မြေကတော့မကောင်တဲ့အလေ့အကျင့်တွေမှာ အစွဲအလမ်

းဖြစ်နေပြီးမကောင်းတဲ့အရာတွေရဲ့ နောက်ကိုပဲလိုက်နေသူတွေကိုကိုယ်စားပြုပါတယ်။ သူတို့ရဲ့ နှလုံးသာထဲ့

မှာတော့အမုန်းတရားတွေ၊ မနာလိုသန်တိုမှုတွေလောဘတွေနဲ့ပြည့်နေပြီးဒီအရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်

နေကြသူတွေပါ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ငွေရဖို့၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပျော်ရွန်ရဖို့ပဲစိတ်ဝင်စားကြပါတယ်။ ‌

နောက်ဆုံးကောင်းသောမြေကတော့ရိုးသာပွင့်လင်းတဲ့စိတ်ရှိသူတွေ၊ သန့်ရှင်းစင်ကြယ်တဲ့နှလုံးသာနဲ့ရည်မှန်း

ချက်၊ ရည်ရွယ်ချက်ကောင်းမွန်တဲ့သူတွေကိုကိုယ်စားပြုပါတယ်။

     ဘုရားရှင်ရဲ့နှုတ်ကပါဌ်တော်ကိုကြာနာဖို့စိတ်အားထက်သန်သလိုလက်တွေဘဝမှာလည်းကျင့်ဆောက်

တည်ဖို့ဇွဲ့လုံးလထက်သန်တဲ့သူတွေဖြစ်ကြပါတယ်။ ဥပမာဇာခေဦးအများကအခွန်ခံအပြစ်သာလို့စွပ်စွဲ့ကြပေ

မဲ့ ဘုရားရှင်ရဲ့တရားတော်ခေါ်သံကြားတဲ့အခါမှာနောင်တတရားနဲ့ချက်ခြင်းပြောင်းလဲလာပြီးရိုးသာဖြူစင်တဲ့

ဘဝအသက်တာလျှေက်လှမ်ခဲ့ပါတယ်။ သခင်ခရစ်တော်ရဲ့ညာဘက်လက်ဝါးကားတိုင်ပေါ်မှတင်ခံရတဲ့သူခိုး

ဘဝတစ်လျောက်လုံးအပြစ်နစ်မွန်းခဲ့ပေမဲ့ကိုယ်တော်ကိုဖူးမြင်ရတဲ့အခါမိမိကိုတိုင်နောင်တရယုံမကတစ်ပါးသူ

ကိုပါ နောင်တရဖို့သွန်သင်နိုင်ခဲ့တယ်။ ရှင် Augustine ကျမ်းပိုဒ်တစ်ပိုဒ်ကြောင့်ဘဝတစ်ခုလုံးပြောင်းလဲ့ခဲ့တယ်။

 St.Francis Assisie နဲ့ St.Xasier ဘုရားရှင်ရဲ့ခေါ်သံ တရားတော်ကြားနာရတဲံအခါမိမိတို့ရဲ့ကြွယ်ဝမှုစည်း

စိမ်တွေစွန့်လွှတ်ပြီးတဲ့အခါလူတွေအတွက်တရားဒေသနာတော်ဟောကြာရင်းဘဝကိုအပ်နှံခဲံပါတယ်။ ဒါတွေ

ကောင်းသောမြေရဲ့သက်သေတွေပဲ့ဖြစ်ပါတယ်။

    ဒါကြောင့်ဝိညာဉ်တော်ရဲ့အသီးအပွင့်များ အဆ တစ်ရာမကသီးနိုင်ဖို့  ကျွန်ုပ်တို့နေ့စဉ်ကြားနာရတဲ့နှုတ်

ကပါဉ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ရင်းနေံစဉ်ဘဝအသက်တာမှလည်းတရားတော်အတိုင်နေထိုင်ဖို့

ကြိုးစာကြပါစို့။ ဘုရားရှင်ရဲ့ကောင်းချီးခံစာကြရပြီး အဆတစ်ရာအသီး သီးနိုင်သောကောင်းသောမြေကိုပိုင်

ဆိုင်နိုင်သူများဖြစ်ကြပါစေ။  

Add new comment

4 + 12 =