ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၆) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၉၊ ၉၊ ၂၀၂၂

စက်တင်ဘာလ(၂၉)ရက်နေ့ သိကြားမင်းမီကာအဲလ်၊ ဂါဗြီအဲလ်နှင့်ရာဖါအဲလ်တို၏ပွဲနေ့

 သခင်ယေဇူးလက်ထက်မှာသိကြားတမန်တွေကဘယ်လိုပါဝင်ကူညီပေးခဲ့လဲဆိုရင်သံယောဟန်ဗတ္တိစတား

မွေးဖွားမည်အကြောင်းဇာခရိကိုအမိန်တော်ပြန်ခဲ့သလိုသခင်ယေဇူးမွေးဖွားမည်အကြောင်းသိကြာတမန်

ဂါဗြီအဲလ်ကမယ်တော်မာရိယာကိုအမိန်တော်ပြန်ခဲ့တယ်။ သူငယ်တော်ယေဇူးလေးအတွက်အန္ဒရာယ်ကျ

ရောက်တော့မည်အချိန်မှာသံဇူဇယ်ကိုအိမ်မက်ထဲမှာသိကြားတမန်ကသတိပေးပြီးဇဂျစ်ပြည်ကိုထွက်ပြေး

ဖို့အမိန်တော်ပြန်ခဲ့သလိုပါလက်စတိုင်းကိုပြန်လာလို့ရပြီဖြစ်ကြောင်းလည်းသတိပေးခဲ့ပါတယ်။

သူငယ်တော်ယေဇူမွေးဖွားချိန်မှာလည်းသိကြားတမန်တော်တွေကသိုးထိမ်းတွေကိုသတင်းကောင်း

လာပြောခဲ့ပါသေးတယ်။ သခင်ယေဇူးနှောက်ယှက်ခြင်းခံထမ်းပြီးတဲ့အချိန်မှာသိကြားတမန်တော်တွေ

ကသခင်ယေဇူးကိုစားစရာတွေလာပေးတယ်ဆိုတာဖတ်ရပါတယ်။ ဂျက်ဆေမာနီဉယျာဉ်ထဲမှာသခင်ယေဇူး

ကိုသိကြာတမန်တော်ကလာရောက်နှစ်သိမ်ပေးခဲ့ပါတယ်။ သခင်ယေဇူးကိုအဖမ်းမခံရအောင်သိကြားတမန်

တော်တပ်တွေခေါ်လိုက်ရင်ခေါ်လိုရကြောင်းသခင်ယေဇူးကပီလတ်တူးမင်းကိုမိန်တော်မူခဲ့ပါတယ်။

သခင်ယေဇူးသေရာမှာပြန်ရှင်တုံကလည်းသင်္ချိုင်းဂူဝနှင့်သင်္ချိုင်းဂူထဲ့မှာသိကြားတမန်တော်တွေကိုတွေရ

ပါတယ်။ ကမ္ဘာကုန်တဲ့အခါသိကြားတမန်တော်တွေနဲ့တကွသားတော်ဘုရားဟာဆင်းကြွလာမယ်လို့

သခင်ယေဇူကိုယ်တော်တိုင်မိန်တော်မူခဲ့ပါတယ်။ ရှေးဦးအသင်းတော်မာလည်းတပည့်တော်ကြီးတွေကို

ထောင်ထဲမှလွတ်မြောက်အောင်သိကြားတမန်တော်တွေကတန်ခိုးပြခဲ့ပါတယ်။ ဘာသာသူတို့သိကြားတမန်

တော်တွေဟာကျနော်တို့လူသားများရဲ့ကာယ၊ ဝိညာဉ်ရေးအတွက်အကူအည္ပေးဖို့ဖန်ဆင်းထားပါတယ်။

ကျနော်တို့တစ်ဦးဆီအတွက်လည်းကိုယ်စောင့်သိကြာတစ်ပါးစီခန့်အပ်ထားလို့ဘုရားသခင်ကိုကျေးဇူးတင်

ချီးမွန်းကြပါစို့။ ကျနော်တို့နဲ့အတူနေ့ညမပြတ်အတူရှိပြီးကူညီလမ်းညွန်ပေနေတဲ့ကိုယ်စောင့်သိကြားထံမှာ

လည်းဆုတောင်းဖို့အမြဲ့သတိရကြပါ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစာကြ

ရပါစေ။

 

Add new comment

7 + 1 =