ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၁) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၆၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၁)ကြိမ်မြောက်သောကြာနေ့

  သတို့သမီးအရံဆယ်ဦးပုံဥပမာကိုယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။ မင်္ဂလာဆောင်ပွဲအခန်း

အနားကို သတို့သားသတို့သမီးတို့နဲ့အတူဆီမီးခွက်များကိုကိုင်ဆောင်ပြီးစီတန်းဝင်ကြရပါမယ်။ ဒါပေမဲ့

သတို့သားလာမည် အချိန်ကကြန့်ကြာနေတတ်ပါတယ်။ ဒါကြောင့်ပညာသတိရှိတဲ့သတိုသမီးအရံ

(၅)ယောက်ကသူတိုဆီမီးခွက်အတွက်ဆီကိုဗူးနဲ့အပိုထည့်ယူလာခဲကြပေမဲ့ကျန်(၅)ယောက်ကတော့

နမောနမဲ့နဲ့ဆီကိုအပိုယူမလာခဲ့ကြဘူး။ သတို့သားရောက်လာတဲ့အချိန်ကျတော့ဆီအပိုယူမလာခဲကြ

တဲ့သတို့သမီးအရံ (၅)ယောက်ကဆီဝယ်သွာနေချိန် မှာပဲအဆင်သင့်ရှိနေတဲ့ပညာသတိရှိသတို့သမီး

အရံ (၅)ယောက်နဲ့မင်္ဂလာဆောင်ပွဲအခမ်းအနားကိုတန်းစီဝင်သွားကြပါတယ်။ ယေဇူးဘုရားရှင်ကလူ

တွေကိုကောင်းကင်ဘုံသို့ခေါ်ဆောင်သွားဖို့ကြွလာတဲ့အခါကျနော်တို့လည်းအဆင်သင့်ရှိနေရပါမယ်။

ပညာသတိမရှိတဲ့သတို့သမီးအရံ (၅)ယောက်ကဆီကိုချေးငှါးဖို့၊ သွားဝယ်ဖို့နောက်ကျသွားပါပြီ။

လူတိုင်းလူတိုင်းကကိုယ်ဝိညဉ်ရေးအတွက်ကိုယ်မှာတာဝန်ရှိပါတယ်။ ကိုယ်ဝိညာဉ်ရေးပြင်ဆင်ဖို့ဟာ

ကဝယ်လို့လည်းမရဘူး၊ ချေးလို့လည်းမရပါဘူး။ ကိုယ့်ကိုယ်တိုင်လုပ်ရမယ်ပြင်ဆင်မှဖြစ်မှာပါ။

ကိုယ်နဲ့ဘုရားနဲ့ဆက်ဆံရေးဟာကိုယ်မူပိုင်ပါဘဲဘယ်သူကမျှကိုယ်အတွက်လုပ်ပေးလို့မရတဲ့ဆက်

ဆံရေးပါ။ ကိုယ်ဝိညာဉ်ရေးဆိုတဲ့ဘုရားနဲ့ဆက်ဆံရေးဟာဘယ်လောက်ခရီးပေါက်နေပြီလည်း။

အဲ့ဒီဘုရားကိုသင်ကချစ်သလိုဘုရားရဲ့တရားတော်တွေကိုသင်ကြိုတ်နှစ်သက်သလိုဘယ်လိုကျင့်

ကြံနေပြီလည်း။ ခွင့်လွတ်တတ်ပြီလား၊ စိတ်ရှည်တတ်ပြီလား၊ နူညံ့သိမ်မွေ့ပြီလား၊ စိတ်နှိမ်ချပြီ

လားနေ့တိုင်းဆုတောင်းခြင်းဖြင့်ဘုရားနဲ့စကားပြောဆက်ဆံတဲ့သူဟာဘုရားကဖြစ်စေချင်တဲ့အ

တိုင်းနေထိုင်ချင်တဲ့ဆန္ဒရှိတယ်။တနေ့တခြားဘုရားရဲ့တရားကိုနှစ်သက်လာပြီးပြောင်းလဲလာတတ်

တယ်။ အဲဒီလိုပြောင်းလဲလာတဲ့ဖြစ်စဉ်ဟာကိုယ်ဝိညာဉ်ရေးအ တွက်ပြင်ဆင်နေတာပါပဲ။

အချိန်ကြာရင်ကြာမယ် စိန့်ပေါ၊ စိန့်ဩဂုတ်စတင်တို့လိုမြန်မြန်ပြောင်းလဲချင်ပြောင်းလဲလာပါလိပ်

မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဘုရားသခင်နဲ့ဆုတောင်းခြင်းအားဖြင့်ဆက်ဆံစကားပြေးနေမယ်။

ကျမ်းစာဖတ်ခြင်းအားဖြင့်ဘုရားသခင်ရဲ့စကားကိုနားထောင်နေမယ်ဆိုရင်သင်ဝိညာဉ်ရေးအတွက်

ပြင်ဆင်နေတာပါဘဲ။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာမျာခံစားရပါစေ။

Add new comment

6 + 3 =