ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၁) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၅၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၁)မြောက် ကြာသပတေးနေ့ ရှင်မာတေဦး ၂၄း၄၂-၅၁

သစ္စာရှိတဲ့အစေခံနဲ့သစ္စာမရှိတဲ့အစေခံအကြောင်းကိုယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။

ကျတော်တို့လူ တွေတောင်သစ္စာရှိတဲ့အစေခံနဲ့သစ္စာမရှိတဲ့အစေခံဆိုပြီးခဲခြားတက်ပါတယ်။

ဟန်ဆောင်ပြီးလုပ်တဲ့အလုပ်သမားနဲ့စေတနာအပြည့်နဲ့စိတ်ကောင်းနှလုံးကောင်းနဲ့လုပ်တဲ့အလုပ်

သမားဆိုပြီး ခွဲခြားတက်ပါတယ်။ လူ့အတွင်းစိတ်ကိုသိမြင်တော်မူတဲ့ဘုရားဆိုပိုပြီးခွဲခြားတက်

မှာပေါ့။ သစ္စာရှိတဲ့အစေခံက ကိုယ်အလုပ်ရှင်၊ အိမ်ရှင်ရှိရှိ၊ မရှိရှိသူကတော့တစ်အိမ်လုံးအတွက်

အကောင်းဆုံစီမံထားပြီး ဝိရိယရှိရှိလုပ်ပေးနေပါလိပ်မယ်။ ဘယ်အချိန်ပဲကြည်ကြည့်သူကတော့

ဖောက်လွဲ့ဖောက်ပြန်လုပ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူစိတ်ထားကအရင်းခံကို

ကကောင်းချင်တယ်။ သခင်အလိုတော်ကိုလိုက်နာကျင့်ကြံချင်စိတ်ရှိပြီးသာမို့ပါ။ သစ္စာမရှိတဲ့အစေ

ခံကတော့သခင်ကွယ်ရာမှာ သခင်အကြိုက်ထက်ကိုယ်အကြိုက်ကိုပဲလုပ်မယ်။ သခင်အလိုတော်ကိုဂရု

ကိုမစိုက်တာ။ အဲဒါသစ္စာမရှိတဲ့ အစေခံရဲ့စိတ်ထားရင်းပဲ။ လူတွေရှေ့မှာဘုရားရဲ့အလိုတော်ကိုလိုက်နာ

ကျင့်ကြံနေသလိုလိုနဲ့စိတ်ထားရင်းကယုတ်မာကောက်ကျစ်နေတာကိုဘုရားသခင်ကသိမြင်တော်မူပါ

တယ်။ စိတ်ထားအရင်းခံကောင်းနေတဲ့လူလည်းတခါတရံမှာဘုရားမကြိုတ်တာ လုပ်မိတတ်ပါတယ်။

ဒါဟာတမင်သက်သက်ဘုရားကိုထိခိုက်စော်ကားချင်လိုမဟုတ်ပါဘူး။ ယုတ်မာချင်လိုမဟုတ်ပါဘူး။

လူသားဆံဆံ အားနည်းလိုတခါတရံမှားမိတာပါ။ ဒါပေမဲ့သူမှာအရင်းခံစိတ်ထာကကောင်းပါတယ်

ရိုးသားပါတယ်။ ဟန်ဆောင်နေတာမဟုတ်ပါဘူး သူတော်ကောင်း ယောင်ဆောင်နေတာလည်းမဟုတ်

ပါဘူး။ အဲဒီလိုဘယ်အချိန်မဆိုအရင်းခံစိတ်ထားကကောင်းနေဖို့လိုအပ်ပါတယ်။ ဘုရားသခင်ကျေးဇူး

တော်ကြောင့်သင် ရဲ့အရင်းခဲစိတ်ထားကကောင်းနေနိုင်ပါတယ်။ နေ့တိုင်သင်ဟာစိတ်ကောင်းနှလုံးကောင်း

သွင်းနေနိုင်ပါတယ်။ အဲဒိစိတ်ထားကိုဘုရားသခင်ကကြိုက်နှစ်သက်ပါတယ်။ တခါတရံအပြစ်ထဲ့ကျရောက်

မိရင်လည်းအဲ့လိုလူကမကြာခင်နောင်တရတက်ပါတယ်။ ဒါဝိဒ်မင်းလိုပေါ့စိတ် ကောင်းနှလုံးကောင်းထားပါ။

ဒါဝိဒ်မင်းလိုတခါတရံမှားမိတာတောင်ဒ ါဝိဒ်မင်းကိုဘုရားသခင်ကသဘောကျလို  ဘုရားကလည်းသင့်ကို

သစ္စာရှိတဲံအစေခံတွေနဲ့အတူရွေးကောက်တော်မူပါလိမ်မယ်။ နားစဉ်သူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီး

မင်္ဂလာများခံစားရပါစေ

Add new comment

6 + 1 =